မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ ကွာဟချက်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဒေါ်လာ တစ်ဘီလျံ နီးပါး ရှိတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အရာရှိတဦးက VOA ကိုပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု အတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေ တင်သွင်းနေရတာကြောင့် လိုငွေကွာဟချက်ကတော့ရှိနေဦးမယ်လို့ စီးပွားရေးပညာရှင်တွေကလည်း သုံးသပ်ပါတယ်။
ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေအပါအဝင် အခြားနေရာတွေက ကျောက်မျက်လုပ်ကွက် စုစုပေါင်း ၄၀၀ ကျော် ဒီလကုန်မှာ သက်တမ်း ကုန်မှာဖြစ်ပြီး လက်ရှိမှာ အသစ်ထပ်မံ တူးဖော်ခွင့်လျှောက်ထားတာကို မြန်မာအစိုးရက ရပ်ဆိုင်းထားပါတယ်။
အမေရိကန်ဒေါ်လာငွေဈေး တည်ငြိမ်ဖို့ သကြားနဲ့ စက်သုံးဆီ Re-export လိုင်စင်တွေကို စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ၁၇ ရက်မနက်ပိုင်းက စပြီး ပိတ် ထားလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံနေရာအများစုမှာ ရေဘေးဖြစ်နေပြီး တစ်ချို့ဒေသတွေကို ဆန်ပေးဝေဖို့လိုအပ်နေတဲ့အတွက် အာဆီယံအဖွဲ့အစည်းဖြစ်တဲ့ APTERR ဆီကနေ မြန်မာနိုင်ငံကဆန်အကူအညီတောင်းခံသွားဖို့ညှိနိုင်းနေပါတယ်။
မြန်မာ့သမိုင်းရဲ့ ၈ လေးလုံးလူထုအုံကြွမှုကြီးရဲ့ မြင်ကွင်းတွေကို မှတ်တမ်း ကျန်ရစ်ခဲ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၈၈ ရှားပါး ဓာတ်ပုံပေါင်း ၁၀၀၀ ကျော်ကို လျှို့လျှို့ဝှက်ဝှက်ရိုက်ခဲ့သူ ဓာတ်ပုံ ထိန်ဝင်း ပြောပြတဲ့ သူ့အကြောင်းကို ကိုဇော်ထက် တင်ပြပေးထားပါတယ်။
အင်းလေးကန် ပတ်ဝန်းကျင်ဒေသမှာ ဟိုတယ်လုပ်ငန်းတွေ တိုးချဲ့လာနေပြီး ကျွန်းမျောနဲ့ ရေဝေရေလဲဒေသက သစ်တောတွေကို ခုတ်ထွင် ရှင်းလင်းလာတဲ့အတွက် အင်းထဲမှာ နှုန်းပို့ချတဲ့ပမာဏလည်း တဖြည်းဖြည်း ပိုများလာပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
မက္ကဆီကိုနိုင်ငံမှာမကြာခင်ကျင်းပမယ့် First Global Robotics Challenges စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ် ၅ယောက်သွားရောက်ယှဉ်ပြိုင်မှာပါ။ ဒီလူငယ်တွေနဲ့ မီဒီယာတွေ့ဆုံပွဲကိုလည်း သြဂုတ်လ ၆ ရက်နေ့ညနေက ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်မယ့် စက်ရုပ်ကိုလည်း ပြသခဲ့ပါတယ်။ ကိုဇော်ထက်က ပြောပြပါလိမ့်မယ်
အဆင့်မြင့်ပညာဥပဒေမူကြမ်းကို ပြန်လည်ရေးဆွဲတဲ့နေရာမှာ ကျောင်းသားသမဂ္ဂတွေပါဝင်ခွင့်ရရှိဖို့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေ၊ လွှတ်တော်ပညာရေးကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေ မနေ့ကနာရီပေါင်းများစွာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ကျောင်းသားသမဂ္ဂတွေဘက်က တောင်းဆိုတဲ့အချက်(၃)ချက်ကို သဘောတူညီမှု ရခဲ့ပါတယ်။
အင်းလေးကန်ပတ်ဝန်းကျင်ဒေသမှာ ဟိုတယ်လုပ်ငန်းတွေတိုးချဲ့နေပြီး ကျွန်းမျောနဲ့ ရေဝေရေလဲဒေသက သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းလာတဲ့အတွက် အင်းထဲမှာနုန်းပို့ချတဲ့နှုန်းလည်းတဖြည်းဖြည်း များလာပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သဘာဝရေကန် အင်းလေးကန် မတိမ်ကောအောင် အချိန်မီထိန်းသိမ်းသင့်ပြီလို့ ဒေသခံတွေကပြောပါတယ်။
သစ်တောပြုန်းတီးမှုကြောင့် ကာဗွန်ဓါတ်ငွေ့လေထုထဲများလာတာကို ပြန်လျှေ့ာ့ချပေမယ့် REDD+ လို့ ခေါ်တဲ့ အစီအစဉ်ကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
အင်းလေးကန်ဒေသတစ်ဝိုက် သစ်တောတွေပြုန်းတီးလာပြီးနောက်ပိုင်း ရှမ်းပြည်နယ်၊ ညောင်ရွှေ၊ ခေါင်တိုင်ကျေးရွာမှာ ပြောင်းရိုးနဲ့စပါးခွံကို အစားထိုးလောင်စာဖြစ်အသုံးပြုလာကြပါပြီ။ အစားထိုးလောင်စာသုံးပြီး လုပ်ငန်းလည်ပတ်နေတဲ့ ဒေသခံတွေရဲ့မြင်ကွင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရိုက်ကူးတင်ပြထားပါတယ်။
တကယ်အသံထွက်ကောင်းတဲ့ စောင်းတူရိယာကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်သူ များများစားစားမရှိပါဘူး။ ဖခင်ရဲ့ပညာမွေနဲ့ စောင်းတွေထုတ်လုပ်တဲ့ ကိုအေးအောင်ဝင်းကတော့ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းတဲ့သဘောလည်း ပါ ပါတယ်။ MJI သတင်းပညာသိပ္ပံသင်တန်းသား ကိုသက်နိုင်နဲ့ ဗွီအိုအေက ကိုဇော်ထက်က ရိုက်ကူးတင်ပြထားပါတယ်။
နှစ်စဉ် သန်း ၄၀ လောက် ဝင်ငွေရနေတဲ့ မြန်မာနိုင်ငံကငါးတင်ပို့မှုကို ဆော်ဒီအာရေဗျနိုင်ငံက ဒီနှစ် ဆန်းက စပြီး ရပ်ဆိုင်း ထားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ ရိုက်ခတ်လာနေကြောင်း ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းကို ခရီးတွေသွားရင်းက ပျက်စီးနေတဲ့ ရှေးဟောင်း ဘုရားတွေ။ စေတီ ပုထိုးတွေကို ပြင်ဆင်မွမ်းမံစေချင်တဲ့ စိတ်ဖြစ်ပေါ်ခဲ့တာမို့ မွမ်းမံပြင်ဆင်သင့်တဲ့ စာရင်းပြုစုပြီး စာအုပ်တွေ ရေးသားထုတ်ဝေခဲ့သူ ကိုရန်နောင်စိုး (ထားဝယ်) ရဲ့ အကြောင်းကို ကိုဇော်ထက်က သူ့အကြောင်းအနေနဲ့ ရိုက်ကူးတင်ပြထားပါတယ်။
စစ်တွေတက္ကသိုလ်တက်မယ့် မောင်တောခရိုင်အတွင်းက ၁၀ တန်းအောင် မူဆလင်ကျောင်းသားတွေအတွက် အဝေးသင် ဌာနခွဲတစ်ခုကို မကြာခင်မှာဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီလို့ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက်ကလေးတွေ အာဟာရဖွံ့ဖြိုးဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ့် အစီအစဉ်ကိုကမ္ဘာ့ဘဏ်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ ဆွေးနွေးအကောင် အထည်ဖော်နေပြီးလာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းမှာစတင်နိုင်ဖို့ ဆောက်ရွက်နေ ပါတယ်။
ပန်းချီအိမ်ဆိုတဲ့ ပန်းချီသင်တန်းဖွင့်ထားသူ ဆရာမခိုင်သဇင်ထက်ဟာ နိုင်ငံခြားဘာသာတက္ကသိုလ်ဘွဲ့ရတယောက်ဖြစ်ပြီး ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်ခဲ့သူပါ။ ဒါပေမဲ့ ပန်းချီကိုဝါသနာပါလွန်းတဲ့အတွက် အလုပ်ကထွက်ပြီး ပန်းချီသင်တန်းဖွင့်ထားပါတယ်။ သူ့အကြောင်းကို ကိုဇော်ထက်က ရိုက်ကူးတင်ပြထားပါတယ်။
ကျနော့်ရဲ့အဆိုက နိုင်ငံတဝန်းလုံးအကြမ်းဖက် တိုက်ခိုက်မှုမခံရစေရေးအတွက် အကြောင်းအချက်ပါသလို အထူးအားဖြင့် ရခိုင်ပြည်နယ်မှာထပ်မံမဖြစ်ပေါ်စေဖို့-ဆိုတဲ့အချက် ပါပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ အမျိုးသားအစီအစဉ် တစ်ရပ်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ ဆိုတဲ့ သမ္မတရုံးရဲ့ကြေညာချက်မှာ နိုင်ငံခြားသားတဦးပါဝင်မယ်ဆိုတာကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်တဲ့ အရေးကြီးအဆိုတရပ်ကို ပြည်သူ့လွှတ်တော်မှာတင်သွင်း ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်မဲများတဲ့အတွက် ဒီအဆိုကို လွှတ်တော်က အတည်မပြုခဲ့ပါဘူး။
ရန်ကုန်မြို့လယ်က ဝါဖြေ စတုဒီသာပွဲ
နောက်ထပ်ကြည့်ရှုရန်