ဒီရက်ပိုင်းတွေထဲ ဂျပန်နိုင်ငံမှာ ကပ်ရောဂါ COVID-19 ကူးစက်မှုတွေ ဆက်တိုက်ဖြစ်လာနေတဲ့အပေါ် ဂျပန်ရောက်မြန်မာတွေ စိုးရိမ်နေကြပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအား အလွန်ကောင်းနေတဲ့ အတွက် မြစ်ဝကျွန်းပေါ်အပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ ပြည်နယ်တိုင်း အတော်များများမှာ မိုးရေချိန်မြင့်ပြီး နေရာအနှံ့အပြား မိုးများရေကြီးမှုတွေ ဖြစ်နေပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်နေချိန် တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အများစုရပ်နားထားပြီး အလုပ်လက်မဲ့ဖြစ်သွားရသူတွေနဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးသွားသူတွေစတဲ့ တောင်ကိုရီးယားရောက်မြန်မာတွေကြား မြန်မာနိုင်ငံ ကိုယ့်နေရပ်ပြန်လိုသူတွေ များပြားနေပါတယ်။
မုတ်သုန်ရာသီချိန် မိုးများရေကြီးပြီး လူသန်းချီ ရေဘေးသင့်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ camp တွေထဲ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နေတဲ့အခြေအနေကို တင်ပြပေးပါမယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးနဲ့အညီ အားလုံး မဲပေးနိုင်ခွင့်ရဖို့ စီစဉ်နေတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကနေ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတဲ့ သုံးသပ်ချက် အမြင်တွေကို စုစည်းတင်ပြပေးထားပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်မယ့် မဲဆန္ဒရှင်စာရင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ စတင်ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားudk အရင်နှစ်တွေနဲ့မတူဘဲ လူစုလူဝေး ကန့်သတ်ချက် Social Distancing ကျန်းမာရေး စည်းကမ်းချက်တွေနဲ့ ကျင်းပခဲ့ပါတယ်။
ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ လာခေါ်လို့ ပထမဆုံးအသုတ် အနေနဲ့ မြန်မာပြည်ပြန်ခွင့် ရသွားကြပြီဖြစ်ပါတယ်။
မုန်သုံမိုးရာသီ ရောက်လာတဲ့အတွက် မုတ်သုံမိုး အားကောင်းတာတွေရှိသလို မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်ရေတွေလည်း စိုးရိမ်ရေမှတ်အထက် မြင့်တက်လာနေပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ပညာပေးပန်းချီဆွဲတဲ့ လူငယ်တွေကို ဘာသာသာသနာညှိုးနွမ်းစေမှုနဲ့ သာသနာရေးဌာနက တရားစွဲဆိုထားတဲ့အပေါ် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြောပြပါမယ်။
ရောဂါဘေးအပြင် စစ်ဘေးနဲ့ပဲ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့ မြန်မာပြည်တဝှမ်း စစ်ဖြစ်နေတာတွေ အမြန်ဆုံးရပ်ပေးပါလို့ ငြိမ်းချမ်းမေတ္တာအဖွဲ့ရဲ့ အမြုတေအဖွဲ့ဝင်လည်းဖြစ် အစ္စလာမ်ဓမ္မဗိမာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်ကလည်း မေတ္တာရပ်ခံပါတယ်။
ကပ်ရောဂါကိုဗစ်၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်နေဆဲမို့ မြန်မာပြည်သူလူထုအနေနဲ့ မပေါ့ဆဖို့နဲ့ မိမိတို့ရဲ့ရင်သွေးငယ်လေးတွေ ကျောင်းတက် အပြင်ထွက်ချိန် ကိုဗစ်ရောဂါပိုး ကူးစက်မခံရအောင် မိဘတွေ အထူးသတိထားကြဖို့ Community Fever Clinic စေတနာ့ဝန်ထမ်းဆရာဝန်တွေက သတိပေးပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်မှာ လူပေါင်း ၂၀၀ ကျော် သေကျေဒဏ်ရာရခဲ့တဲ့ နေရာအနီးမှာ နောက်ထပ် မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့အတွက် အရေးပေါ် ပြောင်းရွှေ့ပေးနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းပေါ်က ဒုက္ခသည်တွေကို စခန်းတွေကိုပဲ ပြန်ပို့ပေးဖို့ ဒုက္ခသည်တွေက မေတ္တာရပ်ခံ တောင်းဆိုနေကြပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် နိုင်ငံတကာမှာ စီးပွားရေးတွေ ထိခိုက်ပြီး လုပ်ငန်းခွင်တချို့ ရပ်နားလိုက်ရချိန်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ တောင်းဆိုနေကြတာပါ။
ကယ်လီဖိုးနီးယားပြည်နယ် San Francisco မြို့က Golden Gate တံတားကြီးရဲ့ ရင်သက်ရှု့မောဘွယ် အလှကို ကြည့်ဖို့ လူတွေ သန်းနဲ့ချီ နှစ်စဉ် လာရောက်လေ့ရှိပါတယ်။တံတားကြီးရဲ့ လုံခြုံရေးအတွက် ပြုပြင်ရင်း ထွက်လာတဲ့ထူးခြားတဲ့ ဂီတသံလို အသံတွေကိုပါ လူတွေနားထောင်နေရပါတယ်။ Matt Dibble ရဲ့ သတင်းလွှာကို မဆုမွန် တင်ပြပါ့မယ်။
သိန်းချီတဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက COVID 19 ကူးစက်ခံရမှု နောက်ဆုံးအခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေကို စုစည်းတင်ပြချင်ပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဇူလိုင်လ ၁ရက်နေ့က ကြေညာလိုက်တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါကျေးရွာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် စွန့်ပစ်မြေစာပုံ မြေပြိုကျမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် လက်မှတ်ထိုးပြီး ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးအဖွဲ့ အခုဆိုရင် ဖားကန့်ဒေသကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်