လူအများအပြား သေဆုံးခဲ့ရတဲ့ ဖားကန့်ကျောက်စိမ်းနယ်မြေ မြေပြိုတဲ့ဖြစ်ရပ်ကို စုံစမ်းမယ့် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အပေါ် အမြင်သဘောထားတချို့ကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးအနေနဲ့ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေအနက်က ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးလိုက်ပါနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို အကြောင်းပြန်ကြားလာပါတယ်။
ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေအတွက်တော့ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က ဝင်ရောက်စီစဉ်ဆောင်ရွက်ပေးနေပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ လို့ သံရုံးက အလုပ်သမားတွေကို နှိုးဆော်ထားပါတယ်။
လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်တရားရုံးက စီရင်ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ အကဲခတ်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဘယ်လို တုံ့ပြန်ထားသလဲဆိုတာ စုစည်းတင်ပြပေးပါမယ်။
ကိုဗစ်ကပ်ဘေးသင့်ချိန် မြန်မာပြည်သူတွေရဲ့ စိုးရိမ်စရာ လူမှုစီးပွားရေး ဘဝ လုံခြုံရေးအခြေအနေတွေ သုံးသပ် တင်ပြလိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကို စုစည်းတင်ပြပေးချင်ပါတယ်။
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရသလို နိုင်ငံတကာ သံရုံးတွေကလည်း သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲ တပ်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေး လုပ်မှာဖြစ်လို့ ကျေးရွာတွေမှာ မနေဘဲ ခေတ္တရှောင်တိမ်းနေကြဖို့ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီးနောက်မှာ ဒေသခံပြည်သူ ထောင်ချီ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။
အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျော်ဒန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံတကာလေဆိပ်ပြန်လည်ဖွင့်လှစ်တဲ့အခါ မြန်မာနိုင်ငံကို ပြန်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် ဂျော်ဒန်နိုင်ငံမှာ လုပ်ငန်းခွင်တချို့ရပ်နားလိုက်ရချိန် မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို တောင်းဆိုနေကြတဲ့အကြောင်းကို တင်ပြပေးပါမယ်။
ဒီရက်ပိုင်းထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတဲ့အထိ ရခိုင်လက်နက်ကိုင်တပ် AAနဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ တိုးလာနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ စုစုပေါင်း ၂၉၀ လောက်မှာ ရခိုင်ပြည်နယ်က ၉ ဦးကို အတည်ပြုထားပြီး ဒီအထဲမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေ ပါဝင်နေတာကြောင့် သွားလာကန့်သတ်မှုတွေ တိုးမြှင့်လာနေတာပါ။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ရိုဟင်ဂျာဒုက္ခသည်တွေက "အခမ်းအနားပွဲတွေ မကျင်းပလိုဘူး၊ အိမ်ကိုပဲပြန်ပါရစေ" ဆိုတဲ့ ကြေညာချက်ထုတ် တောင်းဆိုတဲ့အကြောင်း မဆုမွန်က စုစည်းတင်ပြထားပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကူးစက်ခံရရင် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ လုံလောက်စွာ မရှိတဲ့အပေါ် နာဂဒေသခံတွေ စိုးရိမ်နေပါတယ်။
တိုင်းရင်းဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးကြရပြီး နေရပ်ရင်းတွေကို မပြန်ရဲကြတော့ပဲ အသက်ဘေးလွတ်ရာမှာ အခြေချနေဖို့ ကြိုးစားရုန်းကန်နေရတဲ့ ရှမ်းပြည်နယ်ထဲက ဒုက္ခသည်တွေအကြောင်း တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ်မှာ တကျော့ပြန် စစ်ဖြစ်တာ ၉ နှစ်တိုင်သွားပေမယ့် စစ်ရေးပဋိပက္ခတွေ မငြိမ်းနိုင်သေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ ပြည်တွင်းဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဒုက္ခသည်များနေ့ အထူးအစီအစဉ်အဖြစ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေရဲ့ မရေရာတဲ့ အနာဂတ်နဲ့ မသေချာသေးတဲ့ အိမ်အပြန်လမ်းတွေအကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဦးရေ ရာနဲ့ချီပြီး ဆက်ရှိနေသေးတဲ့အပေါ်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတို့ အရေးယူခံနေရတဲ့အပေါ် ဝေဖန်သုံးသပ်ချက်တွေကို မဆုမွန် ပြောပြပေးပါမယ်။
၂ နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်တဲ့ နှစ် (၇၀) ပြည့်အဖြစ် တရုတ်နဲ့ မြန်မာခေါင်းဆောင်တွေ အပြန်အလှန် နှုတ်ခွန်းဆက်ရာမှာ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ အဓိကထား ပြောခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုက ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြပေးချင်ပါတယ်။ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာ အခုဆိုရင် သီတင်း ၂ ပတ်ကျော်လာပေမဲ့ အရှိန်ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်