"သစ်ဆိပ်ကျေးရွာကို မီရှို့တယ်။ ရုံးပင်ကုန်းကျေးရွာကို မနေ့ညက စစ်ကြောင်းစတင်တာပေါ့နော်။ ....အခု ရုံးပင်ကုန်းကို မီးရှို့နေတယ်။ မနေ့ညကဖမ်းမိတဲ့ ကလေး ၃ ယောက်မှာ ၁ ယောက်ကတော့ သွေးရူးသွေးတန်းထွက်ပြေးလို့ လွတ်သွားတယ်။ ၂ ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ ရွာမှာတော့ မီးရှို့နေဆဲ...။ (ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်)
ပြည်ပနိုင်ငံအသီးသီးမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့မှုနဲ့ လှုပ်ရှားမှုတွေ မပြုလုပ်ကြဖို့ တားမြစ်ပြီး ဆက်လုပ်ရင် အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းမှုရှိမယ်လို့ ထိုင်းအခြေစိုက် မြန်မာသံရုံးက ဧပြီလထဲမှာ သတိပေး ကြေညာချက်ထုတ်ပါတယ်။
“ကုန်ဈေးတွေကတော့ တက်တယ် အကုန်လုံး။ ဝယ်ရတာ ခါတိုင်းနဲ့ကို မတူဘူး။ အသီးအရွက်ဈေးကအစ တက်တာ။ အခုဆိုရင် ဆီဈေးတွေရော၊ ကုန်စိမ်းတင်မဟုတ်ဘူး၊ ကုန်ခြောက်တွေပါ ဈေးကတက်နေတော့လေ။ ညီမတို့ဆိုရင် ဈေးရောင်းတာ တရက်တရက်ကို မနည်းမြတ်အောင်တောင် လုပ်နေရတယ်။ တခါတလေ အရင်းတောင် မရချင်ဘူး။” (စားသောက်ဆိုင်ပိုင်ရှင်)
“ကင်းထောက်တဲ့နေရာမှာ ဒလန်တွေကို သတိမမူမိဘဲနဲ့ တပွိုင့်နဲ့ တပွိုင့် မချိတ်တာပေါ့လေ၊ တကင်းနဲ့တကင်း ချိတ်ဆက်မှုအားနည်းတဲ့အတွက် ပေးဆပ်လိုက်ရတာပေါ့။ ...ကျနော်တို့လူတွေက ကင်းထောက်ကို တဖွဲ့နဲ့ တဖွဲ့ ချိတ်ဆက်အားနည်းသွားတဲ့အတွက် သတိလက်လွတ် အနေအထားနဲ့ ဖြစ်သွားတာပါ။” (ချောင်းဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး ပြည်ပကို တရားမဝင် ထွက်ခွာသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူစာရင်း စစ်ကောင်စီဘက်က ဆက်တိုက်ဆိုသလို ထုတ်ပြန်နေပါတယ်။
“ထောင်ဒဏ်တနှစ်ထိ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချနိုင်တယ်လို့ ဥပဒေအရပြဌာန်းထားပါတယ်။ ဒါပေမယ့် ချနိုင်တဲ့ပြစ်ဒဏ်အကုန်ထိအောင် ချတာပေါ့ ။ ကာယကံရှင် ဆရာအောင်မိုးညိုက သူတို့ချချင်လို့ချတာ၊ အယူခံမဝင်ပါဘူး-ပြောပါတယ်။ စွဲဆိုထားတာအသီးသီးတွေအတွက် သူ့မှာအပြစ်မရှိဘူးလို့သူပြောတယ်။” (အကျိုးဆောင်ရှေ့နေ)
“စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေပေါ့နော်- အပြင်ကနေ ကြားရတာပေါ့နော်။ ပြီးတော့ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့..၊ ညီတယ်ဟေ့ ညီတယ်ဟေ့” ပေါ့။ အဲ့လိုအသံတွေ ကြားရတာပေါ့။ အဲ့လိုကြားပြီးမိနစ်ပိုင်းလောက်မှာ သေနတ်သံ ၄ ချက်လောက် ကြားရတယ်ဗျ။” (ကိုခန့်ဝေဖြိုး-မုံရွာလူထုသပိတ်တိုက်ပွဲ ဦှးဆောင်ကော်မတီ)
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကနေ တပ်မှူးတွေအထိ စစ်ရာဇဝတ်မှုနဲ့ သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်ဆင်နေတာ ဖြစ်ပါတယ်။
“ယောက်ကျားလေးရော မိန်းကလေးရော။ အကုန် နောက်ပြန်ကြိုးတုပ်ပြီးတော့ ပိတ်ရိုက်တာဗျ- ပေါင်တွေကို ပလယာတွေနဲ့ ဆွဲပြီး မေးတာဗျ။ ပြီးတော့ နားရွက်တွေကိုလည်း ဓားနဲ့ လှီးပြီး ဆွဲခေါ်ပြီးတော့ အဲ့ကလေး ၅ ယောက်ကို လက်ပြန်ကြိုးတုပ်ရက်နဲ့ေ ခါ်သွားပြိး နောက်ရွာအစပ်က အိမ်နောက်ဖက်မှာ မီးရှို့သတ်ထားတယ်ဗျ။ (ရွာသစ်ဒေသခံ)
“ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ Holocaust ဖြစ်ရပ်နောက်ပိုင်း လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် အမေရိကန်က သတ်မှတ်တဲ့ ဖြစ်ရပ် ၇ ခု ရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ၈ ခုမြောက် ဖြစ်သွားပါပြီ။ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ..." အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားသောက်ရေးအခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက လူ ၇၀၀ လောက်ကို ပြန်လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရရဲ့ လတ်တလော ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
“စစ်ကြောင်းထိုးတာ ၇ ရက်ရှိပြီ။ ၇ ရက်ရှိပြီပေါ့ ပြေးနေရတာ။ ကိုယ်တို့ အရပ်ဒေသက ထန်းပင်ပဲ များတာ။ ထန်းပင်ပဲများတော့ အရိပ်ရပင် သိပ်မရှိဘူး နည်းတယ်။ ကွင်းပြင်မှာပဲ အိပ်ကြရတာ များတယ်။ စားရေးသောက်တာကတော့ အတော်ခဲယဉ်းတာပေါ့။ ရေကကျတော့ နေကဒီလောက်ပူတော့ သိပ်ဒုက္ခရောက် တာပေါ့။” (စစ်ဘေးရှောင်သူ)
“သူတို့ ထမင်းချက်ဖို့ သောက်ဖို့တောင် သူတို့မနည်း အဲ့လိုလုပ်ရတဲ့ အနေအထားမျိုးလေ၊ အဲ့ကြောင့်မို့ ရေတောင် အရင်က အာလကားတိုက်ပေးသေးတယ်။ အလှူရှင်တွေက။ အခု ဆီဈေးတွေတက်လာပြီးနောက်ပိုင်းခါကျတော့ အလကား မရတော့ဘူး။“ (ပြည်သူ့ကာကွယ်ရေးတပ်၊ အချက်အလက်စုဆောင်းသူ)
စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ အိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တော်တော်များများ ပူပြင်းတဲ့ရာသီဥတုကြောင့် ဖျားနာ၊ မကျန်းမမာဖြစ်နေကြပါတယ်။
မိုင်းကိုင်မြို့နယ် တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ ၇လသားအရွယ်သမီးရဲ့ ရုပ်အလောင်းတွေကို ဒီလ ၉ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလ ၃ရက်နေ့က မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတွေ့ခဲ့ပေမဲ့သံသယရှိတာကြောင့်ထပ်မံရှာဖွေချိန်မှာ မိသားစု ၃ဦးလုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မိုင်းကိုင်မြို့နယ် တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ ၇လသားအရွယ် သမီးရဲ့ ရုပ်အလောင်းတွေကို ဒီလ ၉ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလ ၃ရက်နေ့က မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့ပေမဲ့ သံသယရှိတာကြောင့် ထပ်မံရှာဖွေချိန်မှာ မိသားစု ၃ဦးလုံးကို တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပြည်ပထွက်ခွာလိုသူ အလုပ်သမားတွေနဲ့ ပြည်ပရောက် အလုပ်သမားတွေမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် အပါအဝင် နေထိုင်ခွင့်ဗီဇာ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စတွေမှာ စိန်ခေါ်မှု အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
“လက်ပံတောရွာက ဦးကျားဝင်း အိမ်ရှင်မဒေါ်သိန်းလှ၊ ဦးကျားဝင်းသမီး မို့မို့ဝင်းနဲ့ မို့မို့ဝင်းရဲ့ ၅ နှစ်ပတ်ဝန်းကျင် ကလေးပေါ့ ။ သူ့ယောက်ကျားနဲ့အတူ အားလုံးပေါင်း ရုပ်အလောင်း ၁၀ လောင်း ရှိတယ်ဗျ။ နောက်တခုက ဆွမ်းစားကျောင်း ဘုရားခန်းထဲမှလည်း ကံသာက ဒေါ်သင်ရဲ့ ရုပ်အလောင်း.. ” (ဆရာသောင်း၊ ကူညီပေးနေသူ)
နောက်ထပ်ကြည့်ရှုရန်