ကိုဗစ်ရောဂါကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုကို မတ်လ ၂ ရက် နေ့ ကစပြီး ယာယီပိတ်ထားမယ်လို့ တရုတ်နိုင်ငံ ယူနန်အာဏာပိုင်တွေ အသိပေးထားပြီး ခုချိန်ထိ ကုန်သွယ်ရေးဂိတ်တွေကို ပြန်မဖွင့်သေးတာကြောင့် ဂျူတီဆောင်ပြီးသား ကုန်ကား ထောင်နဲ့ချီ ပိတ်မိနေပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနေ့စဉ်လို တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီနေ့မနက်မှာ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဆီးလီဒုံးကျေးရွာမှာ တိုက်ပွဲရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်က ပစ်ခတ်ဖြိုခွဲမှုကြောင့် ၄ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပွဲ တနှစ်ပြည့် လောင်းလုံမြို့နယ်မှာ ဒီနေ့မနက် ဆန္ဒပြပွဲမှာ ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြတဲ့အနေနဲ့ ‘WE stand with Ukarine’ စာတန်းကိုပါ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
“တိုက်ပွဲကတော့ အဓိကတော့ လီဝိုးရယ်၊ ဝါရီဆူးဖလိုင်ရယ်၊ ဝီသဲကူးရယ်။ တိုက်ပွဲကတော့ ပြီးခဲ့တဲ့ ၄ ၊ ၅ ရက်လောက် ကတည်းက စဖြစ်နေတာပေါ့နော်၊ အခုချိန်ထိပဲ။ ဒီနေ့လည်း မနက်မိုးမလင်းခင်ကတည်းက စပစ်နေတာပေါ့နော်။ စောနအထိကတော့ လက်နက်ကြီးတွေဘာတွေနဲ့ ပစ်ခတ်တာမျိုးတော့ ဒီအထိတော့ ကြားနေရတယ်ဗျဟုတ်။” (ဒေသခံ)
စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲကာလမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်19 နောက်ဆက်တွဲ စီးပွားရေးရိုက်ခတ်မှုတွေနဲ့အတူ စစ်အာဏာသိမ်းပြီးေ နာက်ပိုင်း သတင်းသမားတွေအတွက် အန္တရာယ်ကြီးလာတဲ့အတွက် သတင်းသမားတွေရဲ့ ဘဝရပ် တည်ရေးနဲ့ လုံခြုံရေးဟာ အတော်လေးကို စိုးရိမ်စရာဖြစ်လာလာပါတယ်။
၂၂ ရက် ၂ လ ၂၀၂၂ ခုနှစ် နှစ် ၆ လုံးဖြစ်တဲ့ နက်ဖြန် အင်္ဂါနေ့မှာ ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ ဆောင်ပုဒ် နဲ့ တနိုင်ငံလုံး ‘စည်ကားသပိတ်’ လုပ်ကြဖို့ မန္တလေး၊ မုံရွာ စတဲ့မြို့တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပြီး တိုက်တွန်းခဲ့ကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ဘက်မှာစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၃ ရက်ဆက်တိုက် ဒီနေ့ အစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းကတော့ ဝါရီဆူးဖလိုင်ရွာဘက်မှာ စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။
“ဒေသခံတွေက ရှောင်တိမ်းနေကြတာပေါ့။ အခုထိ မြို့ထဲမှာ ပိတ်မိနေတဲ့လူတွေ အများကြီးပါပဲ။ တချို့ ဒီမြို့အပြင်နားလောက် ရှိတဲ့လူတွေကတော့ မြို့နဲ့ သူတု့ိ စွန့်ခွာလို့ ရတာပေါ့။ မထွက်လာနိုင်တဲ့လူတွေ အများကြီး ကျန်ပါသေးတယ်။ တိုက်ပွဲက ရှိတဲ့အခါကျတော့ သူတို့ မထွက်လာနိုင်ရဲဘူးပေါ့နော်။” (စစ်ဘေးရှောင်ကူညီနေသူ)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့အစောပိုင်းမှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်အနောက်ဘက် ပုပ္ပားကျေးရွာနားမှာ စခန်းချနေတဲ့အတွက် အနီးအနား ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ပြေးနေကြပါတယ်။
မွန်ပြည်နယ်ထဲက မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်နဲ့ မုဒုံမြို့နယ်တွေက တချို့ စာသင်ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမတွေကြား ကိုဗစ်ကပ်ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်နေတာကြောင့် မိဘတွေ စိုးရိမ်ပူပန်နေကြပါတယ်။
“ဒေါဥခူဘက်နဲ့ ဒီနွားလဝိုးတို့၊ ထီလွီတို့၊ ဒီးမော့ဆိုတို့ဘက်တွေ ဖြစ်နေတာ။ မနေ့ညတုန်းကလည်း ဖြစ်တယ်။ ဒီမနက်လည်း ကြားနေတာပဲ။ မြို့ပတ်ပတ်ချာချာလည် ချနေတာ၊ စစ်ကောင်စီတွေ မြို့အစွန့်တွေမှာ သူတို့ရှိတဲ့နေရာတွေကို ကာကွယ်ရေးတပ် ကရင်နီတပ်တွေ ပူးပေါင်းပြီး လာလာဖြစ်ကြတာပဲ။” (လွိုင်ကော်မြို့ခံ သံဃာ)
“NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များလို့ ဖိတ်တာပဲ။ ဆိုတော့ တဖွဲ့ချင်းကိုဖိတ်တဲ့သဘောမျိုးပေါ့ဗျာ။ ဒီနေ့ အရေးပေါ် ဦးဆောင်ကော်မတီ အဖွဲ့အစည်းအဝေး ခေါ်တော့ PPST အနေနဲ့ မဆုံးဖြတ်ဘဲ့ တဖွဲ့ချင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ကြပါလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။” (PPST ယာယီအလုပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်း တနှစ်ပြည့်ဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေထဲက အများစုဟာ ဖမ်းဆီးခံထားရစဲဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို လိုက်လံကူညီပေးနေသူ တဦးကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
“စစ်အာဏာရှင်အစိုးရက သတင်းသမားတွေကိုဖမ်းဆီးတာ ရိုက်နှက်သတ်ဖြတ် တာ အပြင်မှမဟုတ်ဘူး။ သတင်းလောကကိုပါ ပုံဖျက်တာပေါ့နော်။ သတင်းသမားအတုတွေကိုဖန်တီးတယ်။ နေပြည်တော်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲတွေဆိုရင် သိသာမြင်သာပါတယ်။” (စိုးရ-သတင်းထောက်)
NLD ပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့က ရွေးကောက်ပွဲနိုင်အောင် မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီက ထပ်မံတရားစွဲလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲက စစ်ကောင်စီတပ်တွေ လုံခြုံရေးအင်အားတိုးချထားပြီး လယ်ဇင်စံပြကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေမှုတွေ မကြာ မကြာ လုပ်နေတာကြောင့် ရွာလုံးကြွတ် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုကြတော့မှာဖြစ်တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတကပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရှိရာ ဘင်္ဂလားဒေ့ရ်ှကစခန်းတွေမှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဘင်္ဂလားဒေ့်ရ်ှ အာဏာပိုင်တွေက ပိတ်ပင်နေတာမို့၊ ရိုဟင်ဂျာကလေးတွေရဲ့ ပညာရေးအခက်ကြုံနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်