ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ မြန်မာစစ်တပ်က ကုန်းလမ်း ရေလမ်းတွေကို ပိတ်ထားတာ လနဲ့ချီကြာနေပြီမို့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ကျောက်တော်မြို့နယ် ၂ ခုမှာ တိုက်ပွဲမရရှိပဲ စစ်တပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်တွေကျရောက်ပြီး ဒီနေ့ တရက်တည်း ဒေသခံ အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
“ရဲစခန်းတွေအရှေ့လမ်းဆို အကုန်ပိတ်ထားတယ်။ ဖြတ်ခွင့် မပေးတော့ဘူး။ မနေ့က ဖြစ်တာတော့ ဇေယျာ ၃ က မြို့စွန့်ဘက်ခြမ်းတွေ၊ ညက အိမ်တွေဝင်တယ် စစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ညဆိုရင် အပြင်ထွက်တဲ့လူပါပစ်သတ်မယ်။အဲ့ဘက်ခြမ်းမှာ ညကအဲ့လိုတောင် ပြောတယ်ပေါ့နော်။ လုံခြုံရေးတပ်ဖွဲ့တွေက အဲ့လိုအော်ပြီး ပြောနေတာ။” (ဒေသခံ)
အလွယ်တကူ ငွေထုတ်ပေးမယ်ဆိုတဲ့ နည်းလမ်းနဲ့ ဖျားယောင်းကြတာဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေနဲ့ လိုင်စင်ရ ငွေချေးလုပ်ငန်းတွေနဲ့စာရင် လုပ်ငန်း အဆင့်တွေ မများတဲ့အတွက် အွန်လိုင်းပေါ်က ငွေချေးလုပ်ငန်းတွေကို လူတချို့က စိတ်ဝင်စားလာကြပါတယ်။
Pennsylvania ပြည်နယ်အတွက် အထက်လွှတ်တော် တနေရာက အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အဓိက နေရာတခုအဖြစ် အနီးကပ်စောင့်ကြည့်ရမယ့်အကြောင်း VOA သတင်းထောက်ချုပ် Steve Herman က Pittsburgh မြို့ကနေ သတင်းပေးပို့ထားပါတယ်။ မဆုမွန် ပြောပြပါမယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်မပို့ဖို့၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက တစိုက်မတ်မတ် တောင်းဆိုနေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ပိုင်ရှင်မဲ့အလောင်းနဲ့ အိမ်ခြေမဲ့သေဆုံးသူတချို့ အခုရက်ပိုင်းထဲ ခပ်စိပ်စိပ် တွေ့လာရပြီး သေဆုံးသူအများစုဟာ ပြင်ပဒဏ်ရာမရှိကြဘဲ အာဟာရချို့တဲ့တာနဲ့ ရာသီဥတု အအေးဒဏ်ကြောင့် အသက်ဆုံးရှုံးကြတာဖြစ်နိုင်တယ်လို့ ပရဟိတ ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးထားတဲ့ ဉာဏ်အင်းကျေးရွာသား ၅၀ ကျော် မနေ့က မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ရွာသား ၄ ယောက်ကတော့ ကျန်နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရိုဟင်ဂျာတွေ သေဆုံးထိခိုက်မှုတွေ ဖြစ်နေရတဲ့အခြေအနေ၊ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာလည်း လုံခြုံမှုကင်းမဲ့နေတဲ့ အနေအထားဖြစ်လာနေတဲ့အပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေနဲ့အကြား ပဋိပက္ခတွေရှိလာပြီး၊ ဒေသ သတင်းမီဒီယာတွေမှာ ရိုဟင်ဂျာတွေအပေါ် လိုရာဆွဲ တဖက်သတ်ပုံဖေါ်ပြောဆိုလာကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ AFP သတင်းကို အခြေခံပြီး မဆုမွန်ပြောပြပါမယ်။
ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်နေပြီး ရွာသားတွေနဲ့အတူလက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ အဖမ်းခံရပြီးနောက် သုံးဦးအသတ်ခံရကြောင်း ကျိုက်ထိုတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ဗူးဝအနီး ထောင်ဝင်စာပါဆယ်ထုပ်တွေထဲ မိုင်းထည့်ပြီး ဖေါက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် အကျဉ်းထောင်တပ်သား ၃ ဦးနဲ့ ပါဆယ်ထုပ်လာပို့တဲ့ အရပ်သား အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦး မိုင်းစထိမှန်သေဆုံးသွားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး မြို့နယ်တွင်း ဆိုင်ကယ်စီးခွင့် အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသည်တင် ဆိုင်ကယ်ဘေးတွဲ အသွားအလာကတော့ မြို့တွင်းမှာ ဆက်ရှိနေတယ်လို့ ပြောပါတယ်။
“ကတ္တရာလမ်းကြီးဗျ။ အဲ့ဒါကို မြောင်းပုံစံကြီးတူးပြီး ဟိုဘက်နဲ့ဒီဘက်ကို ဆိုင်ကယ်ရော၊ ကားတွေရော၊ လူရောပါသွားလို့မရအောင် ဖျက်လိုက်တာဗျ။ အဲ့ဘက် လမ်းကြောတကြောလုံးမှာရော တချို့နေရာတွေမှာက ကာကွယ်ရေးတပ်သားတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေရှိတဲ့ခါကျတော့ သူတို့ အသေအပျောက်တွေ များတာကိုး။” (ကိုသန်းကျော်ဦး-ဒေသခံ)
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်ကျပြီး လူသေဆုံးတဲ့အထိ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး အတော်လေးကို စိုးရိမ်စရာအနေအထား ဖြစ်လာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကို ဆက်တိုက်ဆင့်ခေါ်သတိပေးနေပါတယ်။
“ကျနော်က INGO တခုမှာလုပ်တယ်။ လစာကျတော့ ၃,၀၀၀ နဲ့မရဘူး။ KBZ က ပြောတာတော့ နိုင်ငံခြားငွေနဲ့ရပေမယ့် ကျနော်ကပြည်တွင်းမှာရှိလို့ မရဘူးလို့ပြောတယ်။ သတ်မှတ်ဈေးပဲ ဖြတ်ပေးတယ်။ KBZ တခုပဲ ဖြစ်နေတာဗျ။ ကျနော့်အဒေါ်က အမေရိကားကနေ မုန့်ဖိုး ဒေါ်လာ ၁၀၀ ကို Western Union ကလွှဲတာ ၃,၀၀၀ နဲ့ဖြတ်ပေးတယ်။” (ကိုကောင်းမြတ်)
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်၊ မနေ့က မြန်မာစစ်တပ်ဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျတဲ့အတွက် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။
“ နိုင်ငံရေးအကျဉ်းသားဆိုတာကိုကျနော်တို့ နားမလည်ပါဘူး။ တည်ဆဲဥပဒေကိုချိုးဖောက်တဲ့အတွက် သက်ဆိုင်ရာတရားရုံးတွေကနေပြီးတော့ ပြစ်ဒဏ်တခုနဲ့လာရောက်ပို့ဆောင် သူတွေပဲ ရှိပါတယ်။ အဲတော့နိုင်ငံရေးအကျဉ်းသားလို့ပြောရင် ကျနော်တို့က နားမလည်တော့ပါဘူးခင်ဗျာ။” (အကျဉ်းထောင်ဦးစီးဌာန တာဝန်ရှိသူတဦး)
တကျော့ပြန် ကချင်စစ်ပွဲတွေကြား ဆယ်စုနှစ်တခုကျော် IDP ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေရဆဲ ကချင်စစ်ပြေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လုံခြုံရေးအာမခံချက်ပေးဖို့ ခက်နေတယ်လို့ နေရပ်ပြန်ရေး ဦးဆောင်စီစဉ်ပေးနေတဲ့ ဒေါက်တာခလမ်ဆွမ်ဆောင်( Dr.Hkalam Samson) က ပြောပါတယ်။
ယူကရိန်းမှာ ကလေးငယ်တွေ လုံခြုံတဲ့နေရာကို ဘေးကင်းကင်း ရောက်နိုင်ဖို့ အကူအညီပေးတဲ့ ဖုန်းဆော့ဝဲလ်အသစ်တခုကို ယူကရိန်း အထက်တန်းကျောင်းသူ သုံးယောက် က တီထွင်လိုက်ပါတယ်။ Lesia Bakalets သတင်းပေးပို့ထားတာ မဆုမွန်ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်