မရိတ်သိမ်းနိုင်တဲ့ မြေယာ လယ်နဲ့ယာဆို အားလုံး ဧက ၁၀,၀၀၀ လောက် အထက်မှာပဲ ရှိတယ်။ အရင်က နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုရှိမှပဲ လက်နက်ကြီးတွေက ကျလာတယ်၊ အခုက နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုမရှိဘဲနဲ့ လက်နက်ကြီးနဲ့ထုတယ်လေး။ကျနော်တို့တောင်သူတွေက ရိတ်သိမ်းဖို့ဟာတော့ အခက်အခဲရောက်နေတာပေါ့။”(မိုးဗြဲမြို့ခံတဦး)
မြန်မာနိုင်ငံမှာ ရှေ့နှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံအခြေအနေတည်ငြိမ်အောင်ကြိုးစားနေပြီး ရွှေ့ဆိုင်းမယ်၊ မရွှေ့ဆိုင်းဘူးဆိုတာပြောဖို့ စောသေးတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရုရှားခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။
ရှမ်နဲ့ ကယာနယ်စပ် မိုးဗြဲမြို့ စစ်ဘေးရှောင်တွေရှိတဲ့ မွေတော် ဘုရားကျောင်းဝင်ထဲမှာ ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည် ကျပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ၄ ဦး ထိခိုက်သေဆုံးပြီး တခြားသူတွေလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲအ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြို့ခံတွေက VOA ကို ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး မွေ့တုံ ကျေးရွာက နေအိမ်တွေ ဒါဇင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဆက်လက် ငြိမ်းသတ်နေရတဲအ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ပြောင်းလဲခဲ့တဲ့ ဝန်ကြီးချုပ်အစဉ်အဆက် ရုံးစိုက်ရာ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ ဆယ်စုနှစ်ကျော်ကြာရှိနေခဲ့တာကတော့ ကြောင်လေး Larry ပဲဖြစ်ပါတယ်။ အေပီသတင်းကို အခြေခံပြီး မဆုမွန်ပြောပြပေးပါမယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်း ပြောဆိုနေချိန် ရိုဟင်ဂျာတို့ နေရပ်ပြန်ရေး၊ လုံခြုံရေး အနာဂတ်မျှော်လင့်ချက် စိုးရိမ်ချက်တွေ ဘယ်လို ရှိပါသလဲ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
"ကုန်ဈေးနှုန်းကတော့ တော်တော်လေးတက်ပါတယ်။ စားဆီက တပိဿာ ၁၂,၀၀၀ လောက်ရှိတယ်။ ဆားက အရင်က ၁၀၀ - ၂၀၀ နဲ့ ဝယ်တဲ့အထုပ်သေးက အခု ၅၀၀ ရှိနေပြီ။ စက်သုံးဆီကတော့ ၄,၀၀၀ ပတ်ဝန်းကျင်ရှိတယ်။" (မင်းတပ်မြို့ဒေသခံ)
မြန်မာနိုင်ငံ အခုရက်ပိုင်း ကိုဗစ်ရောဂါပိုး ကူးစက်နှုန်းတွေ တကျော့ပြန်မြင့်တက် လာနေပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၇ ရက် မနေ့ကတရက်တည်း ကူးစက်ခံသူ ၂၂၃ ဦး ရှိလာပြီး အဲဒီထဲက ပြည်တွင်း ကူးစက် မှု ၂၀၉ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အဆက်ဆက်နဲ့ သမ္မတကတော်တို့ရဲ့ပုံတွေကို သမ္မတ အိမ်ဖြူတော်မှာ စုဆောင်းထားရှိပါတယ်။ နောင်တက်လာတဲ့ သမ္မတက အရင်သမ္မတနဲ့ ဇနီးရဲ့ ပုံတူ ပန်းချီကို အခမ်းအနားနဲ့ ဖွင့်လှစ်ပြသတဲ့ အစဉ်အလာလည်း ရှိခဲ့တာပါ။အေပီသတင်းကို အခြေခံပြီး မစုမွန် က တင်ပြပေးထားပါတယ်။
]အရင်ကတည်းကခွင့်ပြုချက်ရထားပြီးတဲ့ ရွှေ၊ ကမ္ဘောဇ၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းငွေကြေးဝန်ဆောင်မှုတို့ပါ။ သူတို့က စာရင်းတခုဖွင့်ဆောင်ရွက်ပေးမှာဖြစ်တယ်။ ပြည်ပကနေတဲ့ အလုပ်သမားတွေကိုသိစေချင်ပါတယ်။ စိတ်ချယုံကြည်စွာ လွှဲလို့ ရပါတယ်ဆိုတာပြောချင်ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“PDF နဲ့ ဆက်နွယ်လား၊ ဘာလား ညာလားပေါ့။ မသင်္ကာတဲ့ကလေးတွေဆိုရင် နည်းနည်းပါးပါးကြာတာပေါ့။ လူငယ်ပိုင်းတွေဆိုရင် နိုင်ငံစွန့်ဖို့သွားတဲ့ကလေးတွေရှိတယ်လေ။ အဲ့လိုမျိုး မသင်္ကာတဲ့လူတွေဆိုရင် လက်တွေပါ ဖြန့်ခိုင်းတာ။ သူတို့လက်မှာအသားမာတွေရှိလား ဘာညာပေါ့၊ သင်တန်းတက်ထားလား သိချင်လို့။ ” (ခရီးသွားတဦး)
သိန်းချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ တိမ်းရှောင်ထွက်ပြေးခဲ့ကြရတာ ငါးနှစ်တင်းတင်းပြည့်တဲ့နေ့မှာ “Hope is Home” “အိမ်ပြန်ကြဖို့ မျှော်လင့်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ နေရပ်ပြန်ရေး ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
“အဲ့ဒီပစ်ခတ်မှုကြောင့် လူနေအိမ်တလုံး နှစ်လုံး အနည်းငယ် ထိခိုက်သွားတာရှိတယ်။ အဲ့ဒီအိမ်ထဲမှာ နှီးဖျာနေတဲ့ ရွာခံတွေပေါ့နော်၊ ရွာခံက ၄ ဦးရယ်၊ နောက်ပြီး သော်တမငယ်ကနေပြောင်းလာတဲ့ စစ်ဘေးရှောင် ၃ ဦးပေါ့နော် စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိပါတယ်။” (ကိုဗညား-ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ)
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့စားနပ်ရိက္ခာအခက်အခဲကြောင့်ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီရေးမှာ နိုင်ငံတကာအနေနဲ့လက်ရှိအနေအထားထက်ပိုထောက်ပံ့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားရောက်တဲ့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးက နိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုတိုက်တွန်းပါတယ်။ မဆုမွန်ပြောပြပါမယ်။
“တခြားကမ္ဘာ့နေရာတွေမှာ တွေ့နေရတဲ့အတိုင်းပါပဲ။ စားနပ်ရိက္ခာဈေးနှုန်းတွေတက်သွားပါတယ်။ အရင်တုန်းက သူတို့မှာရှိတဲ့ငွေပမာဏနဲ့ဝယ်ယူလို့ရတဲ့ပမာဏက အခုအရင်လို အစားအစာတွေ ဝယ်မရတော့ဘူးလို့ ဆိုလိုတာပါ။ ဒါက အခု ကောဇ်ဘဇားမှာရှိနေတဲ့သူတွေအတွက် ပြဿနာဖြစ်လာပါတယ်။” (Michelle Bachelet-ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး)
“ကျနော်တို့ အနေနဲ့ကတော့ လာတဲ့လူတိုင်း၊ လာတဲ့ကိုယ်စားလှယ်တိုင်းကို ကျနော်တို့မြန်မာနိုင်ငံရဲ့အဖြစ်မှန်တွေ ရှင်းပြတယ်။ ပြောပြတယ်။ လက်ခံခြင်း၊ မခံခြင်းကတော့ သူတို့အပိုင်းပေါ့။ ကျနော်တို့အနေနဲ့ကတော့ ယခင်ရပ်တည်ချက်တွေအတိုင်း ရပ်တည်သွားမယ်။“ (ဗိုလ်ချုပ်ဇော်မင်းထွန်း၊ စစ်ကောင်စီပြောခွင့်ရ)
“ကုန်ဈေးနှုန်းက အဆမတန်တက်နေတယ်။ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ဆိုတာက ၂၀၁၈ ခုနှစ်ကနေ ပြဋ္ဌာန်းထားတာပေါ့နော်။ ဥပဒေအရဆိုရင် ပြောင်းလဲသင့်ပြီပေါ့နော်။ တနိုင်ငံလုံးမှာရှိနေတဲ့ အလုပ်သမားထုတွေ ထုလိုက်ထည်လိုက် ပြိုင်တူအော်ကြမယ်၊ တောင်းကြမယ် ဆိုလို့ရှိရင်တော့ ..” (ဒေါ်မိုးစန္ဒာမြင့်- FGWM ဥက္ကဋ္ဌ)
ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးပြီး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် မြန်မာလူငယ်အများစုဟာ ထိုင်းနဲ့ မလေးရှားကို တရားမဝင်တဲ့နည်းနဲ့ သွားဖို့ကြိုးပမ်းလာကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မဆုမွန် က ပြောပြမှာပါ။
“ဒီမနက် ၁၀ နာရီ ၁၀ နာရီကျော်လောက်မှာ စဖြစ်တာ။ အခုထက်ထိပဲ။ ညီမတို့လည်း သူတို့ရှိတဲ့ဘက်ကို ကိုယ်တိုင်သွားမတွေ့ ရဘူးဆိုတော့ သူတို့ အချင်းချင်းပစ်နေကြတာလား၊ ဒါမှမဟုတ် တခြားနေရာဘက်ကို လှမ်းပစ်နေတာလား တော့ မသေချာဘူးပေါ့နော်။”(ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်သူ)
''မနေ့ညလည်း ပစ်ခတ်တယ်ပေါ့။ ညပိုင်းမှာ လက်နက်ကြီးရော လက်နက်ငယ်ရော၊ ဒီမနက်လည်း ပစ်ခတ်သံတွေကြားနေရတာပါပဲ။ (မနေ့ည) တိုက်ပွဲဖြစ်တာက ဒီဝါရီဆူးပလိုင်ကျေးရွာဘက်ပေါ့။ စစ်ကောင်စီအခြေချနေတဲ့နေရာပေါ့။ ဝါရီဆူးပလိုင်က စစ်ကောင်စီဝင်ထိုင်ကတည်းကဆို ရွာလုံးကျွတ်တော့ ထွက်သွားတာတော့ ၄ လလောက်ရှိပြီးပေါ့။” (ဒေသခံ)
နောက်ထပ်ကြည့်ရှုရန်