များသောအားဖြင့် ကျောင်းသားကိုယ်စားလှယ်တွေဟာ ကျောင်းအုပ်ကြီးပြောသမျှ လက်ညှိုးထောင် ခေါင်းညှိပ်လုပ်ကြရတာမျိုးပါ။ ကျောင်းသားကိုယ်စားလှယ် ရွေးချယ်မှုတွေကလည်း အရင်ခေတ်တွေတုန်းက တစ်ချို့ ကျောင်းတွေမှာလို လွတ်လွတ်လပ်လပ် လျှို့ဝှက်မဲပေးရွေးချယ်တာမျိုး မရှိတော့ပါဘူး။
အဓိကကျတာကတော့ ဒီလို ကျူးလွန်တာတွေကို လုံခြုံရေး တပ်ဖွဲ့တွေက တားမြစ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး တိတိကျကျ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံဘက်က ဒီ ထုတ်ပြန်ချက်မျိုးထွက်လာတာ ဒါ ပထမဦးဆုံးလို့ ပြောနိုင်ပါတယ်။
အခြားတစ်ဖက်မှာတော့ အနောက်နိုင်ငံတွေနဲ့ ပိုနီးစပ်လာပြီး အမေရိကန် သမ္မတ ၂ ကြိမ်လောက် လာလည်သည် အထိ ရင်းနှီးမှုရလာတဲ့ မြန်မာနိုင်ငံကို သတိပေးချင်တဲ့ သဘောနဲ့ တရုတ်အစိုးရဟာ နယ်စပ်က သူပုန်တွေကို အားပေးအားမြှောက်ပြုခဲ့လေသလား ဆိုပြီး သံသယတွေလည်း တိုးပွားလာစေခဲ့ပါတယ်။
လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ နိုင်ငံရေးအရ ပြေလည်ကြမှ စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူတွေ နေရပ်ပြန်ရေး၊ မိုင်းရှင်းလင်းရေး၊ ဘ၀ တိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေး စပြီး လုပ်ရမယ် ဆိုတာမျိုးကတော့ သဘာဝလည်း မကျသလို တိုင်းရင်းသားပြည်သူတွေ အကျိုးဆောင်ရွက်ဖို့ အချိန် အများကြီး နောက်ကျသွားပါလိမ့်မယ်။
အခု ခွင့်ပြုလိုက်တာဟာ ကားတင်သွင်းခွင့် ပါမစ် ဖြစ်ပေမယ့် ဝန်ထမ်းဖြစ်စေ၊ ပြည်သူတွေ ဖြစ်စေ ဘယ်သူမှ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတစ်ခုခုက ကားတစ်စီးကို နိုင်ငံခြား ဘဏ်အကောင့်န် နဲ့ ဝယ်ပြီး၊ မြန်မာနိုင်ငံထဲ သွင်းလာ၊ ဆိပ်ကမ်းရှင်းလင်း၊ အခွန်ဆောင်၊ လိုင်စင်လျောက် စတဲ့ လုပ်ငန်းတွေကို မလုပ်နိုင်ကြပါဘူး။
အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှာ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်လောက်တဲ့ အထိ မဲအပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့တဲ့အခါ မဟာမိတ် တိုင်းရင်းသားပါတီတွေက တိုင်းရင်းသားတွေ စုံစုံညီညီ ထည့်သွင်း ဖွဲ့စည်းတယ် ဆိုတဲ့ ပုံရိပ်ကို လိုချင်ခဲ့ပါတယ်။
လက်ရှိ တပ်မတော် ခေါင်းဆောင်တွေနဲ့ AA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ သူတို့အနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေး ပဋိပက္ခကနေ နောက်ဆုတ်သွားမယ့် အနေအထားမျိုး ပါဝင်တာ မတွေ့ရလို့ပါပဲ။
မြို့ခံတွေ ဆိုရင် ဝန်ကြီးချုပ်လာရင် ထပြန်တာမျိုး လုပ်လေ့ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း သူတို့ သက်ဆိုင်ရာ စခန်းနဲ့ နေအိမ်တွေ အပြင်ဘက်ကို ထွက်တာ နည်းလာပြီး ဆိုက်ကားသမားတွေကို ဈေးဝယ်ခိုင်းတဲ့ အဆင့်ထိရောက်နေတယ်လို့ ဆိုပါတယ်။
အဓိပ္ပါယ်ကတော့ လွှတ်တော်တွင်းက အငြင်းပွားမှုတွေဟာ စစ်အာဏာသိမ်းပွဲ အထိ ရောက်ကောင်း ရောက်သွားနိုင်တာကို သွယ်ဝိုက်ပြီး သတိပေးချင်တဲ့ သဘောပါပဲ။ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်ဟာ သူပြောဆိုမယ့် အကြောင်းအရာ အချက်အလက်တွေကို သူ့သဘောနဲ့သူ ပြောဆိုခွင့်မရှိပါဘူး။
ဖျာပုံ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် (၈)လတာ ကာလ အတွင်း အဲဒီ ကျားဖောင်လုပ်ငန်းမှာ ဖျားနာလို့ သေဆုံးသူ အယောက် ၂၈၀ နီးပါးရှိတယ်လို့ မှတ်တမ်းတင်ထား
ထုတ်ပြန်ချက်ရဲ့ အဓိက အားနည်းချက်ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အစိုးရနဲ့ အစိုးရလက်အောက်မှာ ရောက်မနေတဲ့ တပ်မတော် ဆိုပြီး အင်အားစု နှစ်ခု ရှိနေတယ် ဆိုတာကို ခွဲခြား မထားတာပါပဲ။
ရက် ၉၀ လောက် နေထိုင်ပြီ ဆိုတာနဲ့ အဲဒီလူတွေဟာ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ မဲပေးခွင့် ရသွားတော့မယ် ဆိုရင် တိုင်းရင်းသားဒေသတွေရဲ့ မဲရလာဒ် အပေါ်ကို ရိုက်ခတ်မှု ရှိနိုင်တယ်၊ အထူးသဖြင့် တိုင်းရင်းသားတွေ နစ်နာနိုင်တယ်လို့ ထောက်ပြပြီး ကန့်ကွက်ကြတာပါ။
ရခိုင်ပြည်နယ်က မူဆလင်တွေအရေး လက်တွေ့ကျကျ ဖြေရှင်းပေးဖို့ ဆိုရင် ကိုဖီအာနန် ကော်မရှင် အကြံပြုချက်မှာ ပါတဲ့အတိုင်း ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို သတ္တိရှိရှိ ပြန်ဆန်းစစ်ဖို့၊ လိုအပ်ရင် ပြန်ပြုပြင်ဖို့ လိုပါတယ်။
ပင်ဆင်ချက်ထဲမှာ တပ်မတော်သားတွေ၊ သူတို့နဲ့ အတူနေ မိသားစုဝင်တွေ မဲဆန္ဒနယ် ပြင်ပ၊ တနည်းအားဖြင့် ရှေ့တန်း စခန်းလိုမျိုး ရောက်နေရင် အရင်လို၊ ကိုယ့်ဖာသာကိုယ် အဆင်ပြေတဲ့အချိန် သတ်မှတ်ပြီး မဲပေးစေတာမျိုး မဟုတ်ပဲ၊ ကော်မရှင်က သတ်မှတ်ပေးတဲ့ နေ့ရက်နဲ့ အချိန် အတွင်းမှာပဲ မဲပေးကြဖို့ ဆိုပြီး ပြင်ဆင်ထားပါတယ်။
ကညန ရဲ့ တကယ့် ရည်မှန်းချက် အစစ်က ဘာဖြစ်မလဲ ဆိုတာ အရေးကြီးလာပါတယ်။ နိုင်ငံတော် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး အတွက်လား၊ ဒါမှမဟုတ် အခွန်ပိုရလာရေးလား ဆိုတာ အသေအခြာတော့ ပြောမထားပါဘူး။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နာမည်စာရင်း ပေးသွင်းထားသူတွေမို့ တိတိကျကျ ဆိုရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုပဲ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်မှာပါ။
တရုတ်ဧည့်သည်တွေ ဝင်လာလို့ မြန်မာနိုင်ငံဘက်က ဝင်ငွေ ရသင့်သလောက် မရဘူး ဆိုတဲ့ ပြသနာဟာ အဲဒီ တရုတ် Tour တွေကြောင့်မဟုတ်ပဲ မြန်မာနိုင်ငံဘက်က တရားဥပဒေ စိုးမိုးမှု မရှိတာ အပါအဝင် စီမံ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ အားနည်းချက်တွေကြောင့်ပဲလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါ်အောင်ဆန်းစုကြည် တာဝန်ပေးထားတဲ့ NRPC နဲ့ ဒေါက်တာတင်မျိုးဝင်းရဲ့ ဦးဆောင်နိုင်စွမ်း အလွန် အားနည်းသလို၊ ခုဆိုရင် ငြိမ်းချမ်းရေးလို့ ပြောလိုက်တာနဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးခင်ဇော်ဦး၊ ဗိုလ်မှူးဟောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့လောက်ကိုပဲ ပြေးမြင်ရတဲ့အခြေအနေအထိ ရောက်သွားစေပါတယ်။
တိုင်းရင်းသား အချင်းချင်းကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ တန်းတူရေး ဆိုင်ရာ ပြသနာတွေကိုတော့ သတိပြုမိကြတာ နည်းသလို၊ အစိုးရဖွဲ့နိုင်တဲ့ ဗမာလူများစုတွေဘက်က စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးတာမျိုးလည်း မတွေ့ရသလောက်ပါပဲ။
အောက်ဆုံးအဆင့်က ရတဲ့ သတင်းအချက်အလက်တစ်ခုကို ဘာစိစစ်မှုမှ မလုပ်ပဲ ထိပ်ဆုံးအဆင့်ထိ တက်သွားတာမျိုးဆိုရင်တော့ အတော် မဖြစ်သင့်တဲ့ ကိစ္စလို့ ပြောနိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်