တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ ကြုံနေရတဲ့ ဒုတိယ အခက်အခဲ ကတော့ အပစ်ရပ်စာချုပ်ကို တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးမလား၊ အားလုံးပေါင်းပြီး လက်မှတ်ထိုးကြမလား ဆိုတာပါ။ တပ်မတော်ဘက်ကတော့ အပစ်ရပ် သဘောတူညီချက်ရရင် တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ရေးထိုးချင်တယ်လို့ ဆိုထားပါတယ်။
အဲဒီချေးငွေတွေနဲ့ ပတ်သက်ပြီး ငွေချေးထားတဲ့ လုပ်ငန်းရှင်တွေနဲ့ အချိန်အများကြီးယူပြီး အပေးအယူလုပ် ညှိနှိုင်းခဲ့ကြောင်း၊ အခုနောက်ဆုံး အဲဒီလို ငွေချေးပြီး အတိုးရော အရင်းပါ မဆပ်သူတွေကို ဘဏ်တွေဘက်က အလျော့ပေး ဆောင်ရွက်ဖို့ မရှိတော့တဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။
အခုနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တစ်ဖက်သတ်ဆန်တဲ့ ထုတ်ပြန်ကြေငြာချက်တွေ ကလည်း မြန်မာ အစိုးရနဲ့ ပတ်သက်သူတွေအတွက် စိတ်ကသိကအောက် ဖြစ်စရာတွေ ပေါ်ထွက်လာတတ်ပြန်ပါတယ်။
တပ်မတော်ဘက်က သဘောထားဟာ ဖွဲ့စည်းပုံကို အဆောတလျင် မပြင်ချင်သေးဘူး၊ အရင်က အဆောတလျင် ပြင်ခဲ့တာကလည်း ဘာမှ အကျိုးမရှိခဲ့ဘူး၊ လက်ရှိ အင်န်အယ်လ်ဒီက ဦးဆောင်လုပ်နေတဲ့ ဖွဲ့စည်းပုံ ပြင်ရေးဟာ ဥပဒေနဲ့ မညီဘူး၊ ဖွဲ့စည်းပုံနဲ့အညီ တနည်းအားဖြင့် တပ်မတော် သဘောတူမှ ပြင်လို့ ရနိုင်မယ် ဆိုတာမျိုး---
နောက်ဆုံးတော့ ကုန်သွယ်ရေး ပြသနာဟာ ငြိမ်းချမ်းရေး ကိစ္စကို ပြန်ရောက်လာပါတယ်။ အဲဒီ တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်နိုင်ခဲ့ရင်၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ရင် နယ်စပ်ကုန်သွယ်ရေးကို ဒီထက် အများကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို တာဝန် အပြည့်အ၀ ယူထားတဲ့ တပ်မတော်အတွက် တာဝန်ကျေပါရဲ့လား ဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ လာတိုက်ခိုက်တဲ့ လက်နက်ကိုင်တွေကိုပဲ အပြစ်တင်နေလို့ မပြီးပါဘူး။
အရေးကြီးတဲ့ သင်ခန်းစာ တစ်ခုက တပ်မတော် စစ်ခေါင်းဆောင် အဆင့်ဆင့်ဟာ အာဏာရှင် ဒါမှမဟုတ် အာဏာရှိသူ တစ်ယောက်ယောက်က ကိုယ့်တိုင်းရင်းသား ပြည်သူလူထုကို ပစ်ဆိုပစ်၊ သတ်ဆိုသတ် အမိန့်ပေးတာ မှန်သမျှ မျက်စေ့မှိတ်ပြီး လိုက်နာနေမယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။
အကြီးအကျယ် လွဲမှားတာက ယူနက်စကိုရဲ့ တည်နေရာ ဒါမှမဟုတ် ဌာနချုပ် အဇာဘိုင်ဂျန်ကို ရောက်သွားတယ် ဆိုတဲ့ အချက်ပါ။ ယူနက်စကို စတင်တည်ထောင်တဲ့ ၁၉၄၆ ကနေ ဒီကနေ့ အချိန်ထိ ပြင်သစ်နိုင်ငံ ပါရီမှာပဲ ရုံးစိုက်ပါတယ်။
ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာအစိုးရဘက်က ပြင်ဆင်မှုတွေ လုံလောက်မှု မရှိသေးဘူး ဆိုတာကိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒီ ပြသနာတွေကို ဒုက္ခသည်တွေ ပြန်ပို့ရင်း အာစီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဖြေရှင်းပေးရင် တဖြေးဖြေး အဆင်ပြေသွားနိုင်စရာ ရှိပါတယ်။
ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့သာ ဆိုရင် ဗမာလူများစုနဲ့ တိုင်းရင်းသားတွေအကြား ပြေလည်မှု ရမှာမဟုတ်ပဲ ပြည်တွင်းစစ်မီးကိုလည်း ငြှိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး။ အဲလို အခြေအနေအောက်မှာ ရွေးကောက်ခံ အစိုးရ အနေနဲ့ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဖို့ အတော့်ကို ခက်ခဲနေပါလိမ့်မယ်။
အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု မရှိပဲ ရပ်တန့်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့၊ အောင်မြင် တိုးတက်မှုတွေကို ပြသနိုင်ဖို့ အခုလို တွေ့ဆုံဆွေးနွေးမှုတွေ အဆက်မပြတ် လုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။
“နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ” ဆိုတာ ဘာကို ရည်ရွယ် ပြဌာန်းခဲ့တာလဲ၊ ဥပဒေထဲမှာ ဘာတွေ ပြဌာန်းထားသလဲ၊ အခု အဲဒီ စွဲဆိုထားတဲ့ အမှုတွေဟာ ဥပဒေပါ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါရဲ့လား ဆိုတာ မေးခွန်းထုတ်ဖို့ ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။
ဘယ်လိုပဲပြောပြော အစိုးရရဲ့ အဲဒီ ပြောဆိုချက်ကို ပြည်သူ အများစု ကျယ်ကျယ်ပြန့်ပြန့် သိရှိနေတာကြောင့် လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ခဲ့သလို အုန်းအုန်းကြွက်ကြွက် ဆန့်ကျင်တာမျိုးတော့ မကြုံရသေးပါဘူး။ ဒါပေမယ့်လည်း ဝေဖန်မှုတော့ အတော်များများ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဦးဝီရသူ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တနည်းအားဖြင့် အစိုးရကို အကြည်ညိုပျက်စေအောင် ပြောဆို ပြုမူမှုတွေကြောင့် တရားစွဲ ခံရတာမျိုးပါ။
NLD ရဲ့ ဖွဲ့စည်းပုံပြင်ရေး ခရီးလမ်း၊ ဖြောင့်တန်းနိုင်ပါ့မလား
တပ်မတော်ဘက်ကတော့ တစ်ခုတည်းသော တပ်မတော် မူဝါဒ အတိုင်း ဆက်ပြီး ရပ်တည်နေတဲ့အကြောင်း၊ ခွဲမထွက်ရနဲ့ ပတ်သက်ပြီးတော့လည်း Don’t လို့ ပြောကြားထားပြီး ဖြစ်တဲ့အကြောင်း၊ Don’t လို့ မပြောရင် Do လုပ်လို့ရတဲ့ အယူအဆတွေ ရှိတဲ့အကြောင်း၊
လက်ရှိ တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတာတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ နေရာ တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။
ဌာနဆိုင်ရာ အကြီးအကဲတွေက အဲလို အရေးယူဆောင်ရွက်မှုမျိုး သိပ်မလုပ်တဲ့ အတွက် အမတ်တစ်ချို့က မုံလာဥခင်း စောင့်တဲ့ ယုန် ပုံပြင်နဲ့ တင်စားပြောတာဖြစ်ကြောင်း ဦးအောင်ကြည်က နှိုင်းယှဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ၊ တပ်မတော်သားတွေပဲ တိုင်းပြည်ကိုချစ်တယ်၊ တိုင်းပြည်ကို ကယ်တင်တယ်၊ တပ်မတော် အရာရှိတွေဆိုတာ အရာရာကို သင်ကြားတတ်မြောက်နိုင်ပြီး တိုင်းပြည်ကို အဖက်ဖက်က အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိသူတွေ ဖြစ်တယ်ဆိုတာကို မှိုင်းတိုက် သင်ကြားခဲ့ကြပါတယ်။
စရဖ၊ တနည်းအားဖြင့် စစ်ထောက်လှမ်းရေး တွေ ရှိနေ၊ အမတ် အပါအဝင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်၊ အသံတွေဖမ်း လုပ်ပြနေတာဟာ တနည်းအားဖြင့် ပြည်သူလူထု လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခြင်း မရှိအောင် သွယ်ဝိုက် ခြိမ်းခြောက်လိုက်သလိုပါပဲ။
နောက်ထပ်ကြည့်ရှုရန်