ရွေးကောက်ပွဲ တစ်ခု အောင်အောင်မြင်မြင် ကျင်းပဖို့ ဆိုတာဟာ တိုက်ပွဲတွေ ဖြစ်မနေရုံ အခြေအနေမျိုးလောက်နဲ့ မလုံလောက်ဘူး ဆိုတာပါပဲ။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေဟာ အရင် စစ်အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး အစိုးရအာဏာ ရယူနိုင်ရေး၊ ရွေးကောက်ပွဲမှာ ၃၄% လောက်အနိုင်ရဖို့ ပြည်သူတွေဆီကနေ ဆန္ဒမဲ ရယူပေးရမယ့် တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိတော့ဘူး ဆိုတာ သေခြာသလောက် ဖြစ်သွားပါပြီ။
တကယ်လို့များ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် အနိုင်ရသွားခဲ့ရင် ဒုသမ္မတ သေခြာပေါက် ဖြစ်နိုင်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သမ္မတ ဖြစ်ရေး ကြိုးစားခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ ရိုးရိုး ဒုသမ္မတ တစ်ယောက် အဖြစ်ကိုပဲ လက်ခံလိုက်ရမှာပါ။
အဲဒီထဲက တူညီတယ်လို့ ဆိုနိုင်တဲ့ သုံးသပ်ချက် တစ်ခုကတော့ ဒီ ရွေးကောက်ပွဲမှာ အာဏာရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရမှာကတော့ သေခြာတယ်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ အမတ် ၅၀% ကျော်ကတော့ ရမှာ သေခြာတယ်။
ဒီကြေညာချက်ကြောင့် အဓိက အထိနာသွားရတာကတော့ ရခိုင်အမျိုးသားပါတီ ANP ပါ။ ကြေညာချက်အရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပမယ့် မဲဆန္ဒနယ်မြေတွေအဖြစ် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၈ နေရာ နဲ့ ပြည်နယ် လွှတ်တော်အတွက် ၁၈ နေရာ စုစုပေါင်း ၃၅ နေရာ ပါသွားပါတယ်။
ဦးကျော်မြင့်ဟာ သူတည်ထောင်ထားတဲ့ UDP ပါတီ အတွက်ကိုတော့ ဒေါ်လာ ၁၀ သန်းကျော်လောက် အကုန်အကျခံ သုံးစွဲထားတယ်လို့ ဆိုပါတယ်။
စာရင်းအရ ကြိုတင်မဲပေးမယ့် တပ်မတော်သားတွေနဲ့ မိသားစုဝင် အရေအတွက် ၈၉၂ ယောက် အထိ ရှိနေပြီး အဲဒါ မှန်ကန်မှု ရှိမရှိ၊ ဘယ်မြို့နယ်ကနေ မဲပေးမှာလဲ စတာတွေကို အင်န်အယ်လ်ဒီ အမတ်လောင်းတွေကနေ ရွေးကောက်ပွဲ ကော်မရှင်ဆီ မေးမြန်းထားတာပဲ ဖြစ်ပါတယ်။
ထောင်ပြေး တစ်ယောက် အနေနဲ့ ငွေကြေး အများကြီး အသုံးပြုပြီး ရွေးကောက်ပွဲမှာ နေရာ အများဆုံး ဝင်နိုင်တဲ့ ပါတီဖြစ်လာအောင် ဘယ်လို ထူထောင်နိုင်ခဲ့သလဲ၊ အဲဒီ ပါတီကနေ တဆင့် မြန်မာ့နိုင်ငံရေးမှာ ဘယ်လို ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ထားသလဲ ဆိုတဲ့ ပြသနာရှိနေပါတယ်။
ကိုဗစ် ဒုတိယ လှိုင်းကြောင့် ရန်ကုန်ကို အခြေပြုတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ အကုန်လုံး ရပ်ဆိုင်း၊ ထိခိုက်ကုန်သလို၊ အခြား ဆက်စပ်တဲ့ မြန်မာတစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းတွေကိုပါ ထိခိုက်စေခဲ့တာ တွေ့မြင်ရပါတယ်။
တကယ်လို့ ရွေးကောက်ပွဲ ကပ်လာချိန် အထိ မျှော်လင့်သလို ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရောက်သေးဘူး ဆိုရင်တော့ ရွေးကောက်ပွဲကို နောက်ဆုတ် ရွှေ့ဆိုင်းရမှာပါပဲ။
တကယ်တော့ မြန်မာနိုင်ငံလို လက်နက်ကိုင် သူပုန်တွေ များပြားလှတဲ့ တိုင်းပြည်အတွက် ရွေးကောက်ပွဲမှာ တရားမျှမျှတတ ဖြစ်စေဖို့၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ စွက်ဖက်မှု မခံရစေဖို့၊ တိုင်းရင်းသား ပြည်သူတွေ အကြောက်တရား ကင်းမဲ့စွာ မဲပေးနိုင်ဖို့ အဓိက ထိန်းသိမ်းပေးရမှာက မြန်မာ့ တပ်မတော်ပါ။
လက်ရှိ အာဏာရ အင်န်အယ်လ်ဒီ ပါတီကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မီဒီယာတွေကို မယုံကြည်တဲ့ သဘောထား အများကြီးထင်ဟပ်နေတယ်လို့ မှန်းဆ ရပါတယ်။
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားချင်ပါနဲ့” ဆိုပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို သတိပေး ပြောဆိုခဲ့ပါတယ်။
ပါတီခေါင်းဆောင် တစ်ယောက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ အာဏာသိမ်းပြီး ရွေးကောက်ပွဲ ကျင်းပပေးပါ ဆိုတဲ့ သဘောမျိုးအထိ တင်ပြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံမှုဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အသိုင်းအဝိုင်းကြားမှာရော၊ ပြည်သူတွေကြားမှာပါ အတော်လေးကို ဂယက်ရိုက်ခတ်သွားတဲ့ တွေ့ဆုံမှုလို့ ပြောနိုင်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီကို ပြည်သူတွေ မကြိုက်လို့ မဲမပေးကြတဲ့အထဲမှာ တပ်မတော်က ပေါက်ဖွားလာမှု၊ နီးစပ်မှုနဲ့ မဟာမိတ်ဖွဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကို လက်ရှိ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေရော၊ တပ်မတော် ခေါင်းဆောင်တွေကပါ သိကြပါတယ်။
လက်ရှိ အခြေအနေအရ လာမယ့် ရွေးကောက်ပွဲ အပြီးမှာ ဖြစ်လာနိုင်ချေ နှစ်ခုပဲ ရှိပါတယ်။ NLD ဒါမှမဟုတ် NLD အုပ်စုက တင်တဲ့ သမ္မတ နဲ့ အင်န်အယ်လ်ဒီ အစိုးရ၊ ဒါမှမဟုတ် တပ်မတော် အစုအဖွဲ့က ဦးဆောင်တဲ့ မဟာမိတ် အုပ်စုက တင်တဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ အဲဒီ နှစ်ခုပါပဲ။
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုတာ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရအောင် သေးငယ်လွန်းပါတယ်။၂၀၁၉ စာရင်းတွေအရ တစ်နှစ်တာ အတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၃၉ သန်းဝင်ပါတယ်။
အင်န်အယ်လ်ဒီ ကတော့ လက်ရှိ ဝန်ကြီးချုပ်တွေနဲ့ပဲ စခန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ ခန့်မှန်းနိုင်ပါတယ်၊
အမတ်နေရာ ၁၁၀ ကျော် နိုင်ခဲ့ရင်တောင် အင်န်အယ်လ်ဒီ ရဲ့ သမ္မတ ရွေးချယ်နိုင်ဖို့၊ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်အရေတွက်ကို ထိခိုက်သွားနိုင်ခြေ မရှိသေးပါဘူး။
ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကြား လိုက်နာကြဖို့ ဆိုပြီး အချင်းချင်း ညှိနှိုင်းထားကြတဲ့ Code of Conduct လို့ခေါ်တဲ့ “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်” ဆိုတာ ရှိနေနှင့်ပြီး အင်န်အယ်လ်ဒီ နဲ့ ပါတီပေါင်း ၆၀ ကျော် လက်မှတ်ရေးထိုးထားပြီးပါပြီ။
နောက်ထပ်ကြည့်ရှုရန်