ပည်ခိုင်ဖြိုးနဲ့ မဟာမိတ် ပါတီ တစ်ချို့ကတော့ သူတို့ကိုယ်တိုင် ပါဝင် ရေးဆွဲ သဘောတူထားပြီးလည်း ဖြစ်တဲ့ Code of Conduct ကို လက်မှတ် မရေးထိုးဘူး လို့ ဆိုတဲ့အခါ ကျင့်ဝတ်တွေထဲမှာ ပါတဲ့ အချက်တွေကို သူတို့ ပါတီတွေ အနေနဲ့ လိုက်နာမယ်၊ မလိုက်နာဘူး မပြောနိုင်တဲ့ အနေအထား ရောက်သွားစေပါတယ်။
တကယ်တော့ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရ တစ်ရပ်အနေနဲ့ သန့်ရှင်းတဲ့ အစိုးရ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ဖို့ ဆိုရင် အရင် အစိုးရနဲ့ စစ်အာဏာရှင် အဆက်ဆက်ကပုံစံ အတိုင်း ဆက်ပြီး ကျင့်သုံးဖို့ မသင့်တော်ပါဘူး။
အခုပြဌာန်းပြီး ဥပဒေ အတိုင်းဆိုရင်တော့ အဲလို နာမည်ပြောင်း အချိန်မီ လျောက်ထားနိုင်ခြင်း မရှိတဲ့သူတွေ ဒဏ်ငွေ ၃ သိန်း ဆောင်ကြရမယ့် ကိန်းပါပဲ။
အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေနဲ့ တွေ့ဆုံညှိနှိုင်းမှု အပိုင်းမှာ မျှော်မှန်းထားသလို အောင်မြင်မှု မရဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။
အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လာမယ့် နိုဝင်ဘာလ အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက် ကျင်းပမလဲ ဆိုတာကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။
အခွန် ၆၀ ရာခိုင်နှုန်း ကျသင့်မယ့် အရက်အမျိုးမျိုး ဆိုရင် အဲဒီလိုပဲ မှောင်ခိုသွင်းကြဦးမှာပါ။ ဒါကြောင့် အရက်အမျိုးမျိုး တင်သွင်းမှုကနေ အစိုးရအတွက် အခွန်အခ ထိထိရောက်ရောက် ရဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။
အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ထုတ်လုပ်ခဲ့တဲ့ ပမာဏ ထက် ၅၄% လောက် ပိုထုတ်နိုင်ပေမယ့် တစ်နိုင်ငံလုံး မိသားစုတွေရဲ့ တစ်ဝက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကိုပဲ လွှမ်းခြုံ လျှပ်စစ်ဓာတ်အား ပေးနိုင်ပါသေးတယ်။
တရုတ်ဟာ နယ်စပ်ဂိတ်တွေခြင်း အတူတူ မူဆယ်ဘက်မှာ တစ်မျိုး၊ ကမ်ပိုင်တီ ဘက်မှာ တစ်မျိုး ကျင့်သုံးပါတယ်။ မူဆယ်ဘက်မှာ မြန်မာ့ထွက်ကုန်တွေကို ဂရုမစိုက်သလောက် ကမ်ပိုင်တီ ဘက်မှာတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုကနေ ထွက်လာတဲ့ ငှက်ပျောတွေမို့ စည်းကမ်းတွေ ဖြေလျော့ပေးတာလို့ ကုန်သည်တွေက ဝေဖန်ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာတော့ လွှတ်တော်တွေ သက်တမ်းကုန်၊ အစိုးရအဖွဲ့လည်း သက်တမ်းကုန်သွားတဲ့တိုင် ရွေးကောက်ပွဲ မကျင်းပဖြစ်ရင် ဘယ်လို ဆက်လုပ်လို့ ရနိုင်တဲ့ ပြဌာန်းချက်မျိုး မတွေ့ကြရပါဘူး။
သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ရွှေလီမြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဆင့်ခေါ် ရှင်းလင်းခဲ့တဲ့ အချက်တွေထဲမှာ တရုတ်နိုင်ငံသားတွေ နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံဘက် သွားတဲ့ကိစ္စ ၂ လ ပိတ်ပင်တဲ့အကြောင်း၊ ကိုဗစ်ရောဂါ အခြေအနေကိုကြည့်ပြီး ပိတ်ပင်တဲ့ ကာလကို ထပ်တိုးနိုင်ကြောင်း၊
ပြည်သူတွေဟာ သတင်းတွေကို ဒီထက်ပို သိချင်ကြပါတယ်။ ဒီအတွက်လည်း အချိန်တိုင်းမှာ မေးခွန်းတွေ ရှိနေပြီး မေးလည်းမေးချင်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနမှာ အဲလို သတင်းမီဒီယာတွေနဲ့ အများပြည်သူ မေးတာတွေကို ဖြေကြားပေးမယ့် စနစ် တစ်ခု တည်ဆောက်ထားတာ မရှိပါဘူး။
ကိုနေမျိုးလင်းရဲ့ ဖြစ်စဉ်မှာတော့ ဥပဒေအရာရှိဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ အဲဒီ ပုဒ်မတွေနဲ့ တရားစွဲဖို့ မကိုက်ညီဘူး ဆိုပြီး အကြံပေးခဲ့လို့ ရဲတပ်ဖွဲ့ဘက်က တရားရုံး စွဲတင်လို့ မရ ဖြစ်သွားတာပါ။
တပ်မတော်စစ်ခေါင်းဆောင်တွေဟာ AA ကို ချေမှုန်းနိုင်ဖို့ အတွက် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲ ဧရိယာ လောက်တင်မက AA အဖွဲ့ရဲ့ ဝင်ငွေ လမ်းကြောင်းနဲ့ လက်နက်ခဲယမ်း ထောက်ပံ့ရာ လမ်းကြောင်းကြီးတွေကိုပါ ဖြတ်တောက်ပစ်နိုင်ဖို့ စဉ်းစားလာပုံရပါတယ်။
တကယ်တော့ အဖွဲ့အစည်း တစ်ခုကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်တော့မယ် ဆိုရင် အဲဒီအဖွဲ့အစည်း ဘာကြောင့် ပေါ်ပေါက်လာရသလဲ၊ ရည်မှန်းချက်က ဘာလဲ၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်နေသလဲ စတာတွေကို အသေအခြာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
အခု ကိုရိုနာဗိုင်းရပ်စ် ကုသမှု လုပ်ရတော့မယ် ဆိုရင် စက်တွေရော၊ အခြားသော ဆေးရုံသုံး ပစ္စည်းတွေပါ အများကြီး လိုအပ်မှာ ဖြစ်ပါတယ်။ အသက်ရှူစက် တစ်လုံးကိုပဲ ကျပ်သိန်း ၂၀၀ လောက် ပေးရတဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံအနေနဲ့ အဲလို လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေ လုံလောက်အောင် ဖြည့်တင်းဖို့ မလွယ်ကူနိုင်ပါဘူး။
အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ အနေနဲ့ ဒီနည်းလမ်းအတိုင်း ဒါတွေတင်လိုက်ရင် မဲခွဲတဲ့အခါ တပ်မတော်ဘက်က ကန့်ကွက်မှာပဲ၊ ပယ်ချမှာပဲ အဆုံးမှာ ဘာရလာဒ်မှ ရမလာနိုင်ဘူး ဆိုတာ ကြိုတင် တွက်ဆ မိလေသလား၊ မခန့်မှန်း မတွက်ချက်နိုင်ပဲ ကံစမ်းမဲ ထိုးသလိုမျိုး လုပ်ခဲ့လေသလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ လိုပါတယ်
တကယ်တမ်း ၄၅ ဦးကော်မတီက အဲဒါတွေ စုစည်းပြီး မူကြမ်း ပြုစုတဲ့အခါ ၁၁၄ ချက်ရခဲ့ပေမယ့် အဲဒီအထဲမှာ ANP က တင်တာ တစ်ချက်မှ ပါမလာဘူးလို့ ရသေ့တောင် အမတ် ဒေါ်ခင်စောဝေက ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ တိုင်းရင်းသားတွေ တင်လာတာကို အင်န်အယ်လ်ဒီ ဘက်က အရေးမထားဘူး ဆိုတဲ့ သဘောပါ။
လွှတ်တော်တွင်း တပ်မတော်သားတွေရဲ့ ဆွေးနွေးချက်ကို ခြုံငုံသုံးသပ်ကြည့်ရင် တပ်မတော်ဟာ နိုင်ငံရေးမှာ ပါဝင်နေရာကနေ ဆုတ်ခွာသွားဖို့ လုံး၀ အစီအစဉ် မရှိသေးဘူး ဆိုတာကို ပြသနေပါတယ်။
အခွန်ထမ်းတွေကို မကူညီရင်၊ အခွင့်ထူးရှိတယ်လို့ မခံစားရရင်၊ အခွန်ထမ်းဆောင်တာနဲ့ မထမ်းဆောင်တာ အတူတူပဲလို့ မြင်နေကြရင် ဘယ်သူမှ အခွန်ဆောင်ချင်မှာ မဟုတ်ပဲ တတ်နိုင်သလောက် အခွန်ရှောင်နေကြမှာပဲ လို့ ထောက်ပြခဲ့ပါတယ်။
အဲဒီ အချက်ကို ပြင်ဆင်နိုင်ခဲ့ရင်တော့ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ၊ ဒုသမ္မတ တာဝန် မယူနိုင်ရုံမက၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် တာဝန်လောက်ကိုတောင် ယူနိုင်တော့မယ့် အခြေအနေ ရှိတော့မှာ မဟုတ်ပါဘူး။
နောက်ထပ်ကြည့်ရှုရန်