သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကြမလား အာဏာအလွဲသုံး မသုံး စောင့်ကြည့်ကြမလား


MYANMAR-ELECTION-POLITICS
MYANMAR-ELECTION-POLITICS
တိုက်ရိုက် လင့်ခ်


Zawgyi/ Unicode

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ်လို့ ဇူလိုင် ၁ ရက်နေ့စွဲနဲ့ ကြေငြာလိုက်တာနဲ့ တပြိုင်နက်တည်း ဝေဖန်မှုနဲ့ အငြင်းပွားမှုတွေလည်း စတင်ပါတယ်။ ပထမ ဦးဆုံး အငြင်းပွားကြတာကတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေ အဲဒီနေ့မှာ တချိန်တည်း ထုတ်ပြန်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး ရာထူးရယူထားသူတွေ ပါတီစည်းရုံးရေး၊ နယ်မြေ စည်းရုံးရေး ဆောင်ရွက်ခွင့် ရှိကြောင်းထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ပါ။ ဒါနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီ ပါတီကနေ အခွင့်ထူးရယူတယ်လို့ ဝေဖန်တာမျိုး ရှိသလို၊ အဲဒီထုတ်ပြန်ချက်က ကိုးကားထားတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပြောဆိုတာမျိုးလည်း တွေ့ရပါတယ်။ တစ်ချို့ကတော့ အရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် သမ္မတဟောင်း ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုပြီး အင်န်အယ်လ်ဒီ ပါတီဘက်ကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ တိုင်တန်းတဲ့ စာကို ပြန်ထုတ်လာပြီး အင်န်အယ်လ်ဒီ ဟာ အရင်တုန်းက တစ်မျိုး၊ ခု တစ်မျိုး ရှေ့နောက်မညီ လုပ်နေတယ် ဆိုပြီး ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ အစိုးရအဖွဲ့ဝင်တွေကို ပါတီစည်းရုံးရေး ပြန်လုပ်ခွင့်ပေးတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ကိုက်ညီမှု မရှိတာမို့ အင်န်အယ်လ်ဒီ အစိုးရက ဒီ ပြသနာကို ဖြေရှင်းသင့်တယ်ဆိုပြီး ပြောဆိုပါတယ်။ ခုတစ်ပတ် အစိုးရအဖွဲ့ဝင်တွေ နဲ့ ရွေးကောက်ပွဲ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ဘယ်နေ့ ဘယ်ရက်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေငြာတာနဲ့ တစ်ပြိုင်နက်တည်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးရာထူး ရယူထားသူတွေ ပါတီ စည်းရုံးရေး လုပ်လို့ရပြီ၊ တနည်းအားဖြင့် ပါတီဆီ ပြန်သွားလို့ရပြီလို့ ကြေငြာတာ အခု ၂၀၂၀ ကျမှ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဇူလိုင် ၈ ရက်နေ့စွဲနဲ့ ကြေငြာလိုက်တာနဲ့ တပြိုင်နက်တည်း ပြည်ထောင်စု အဖွဲ့ဝင်တွေ ပါတီစည်းရုံးရေး လုပ်လို့ရပြီ၊ နယ်မြေ စည်းရုံးရေး လုပ်လို့ ရပြီ ဆိုပြီး ကော်မရှင်ကနေ ထုတ်ပြန် ကြေငြာပေးခဲ့တာ တွေ့နိုင်ပါတယ်။ ထုတ်ပြန်ချက် စာသားတွေက အစ ၂၀၁၅ နဲ့ ၂၀၂၀ အတူတူပါပဲ။ ဒီထုတ်ပြန်ချက် အပေါ်မူတည်ပြီး အင်န်အယ်လ်ဒီ ဘက်ကနေ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ ဝင်မှာ ဖြစ်တဲ့အတွက် ပါတီစည်းရုံးရေး စ လုပ်တော့မယ်လို့ ကြေငြာလိုက်တာ တွေ့ရပါတယ်။ ၂၀၁၅ တုန်းကလည်း အာဏာရ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အဲဒီ အခွင့်အရေး ရခဲ့တာမို့ အင်န်အယ်လ်ဒီ က ၂၀၂၀ ကျမှ အထူး အခွင့်အရေးယူတယ် ဆိုပြီး ပြောလို့ မရနိုင်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ က သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ပါတီဘက်က ရွေးကောက်ပွဲ ကော်မရှင်ဆီ တိုင်တန်းတဲ့ ကိစ္စ ရှိခဲ့ပါတယ်။ အကြောင်းကတော့ သမ္မတ ဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မဝင်တာကြောင့် သူ့အနေနဲ့ ပါတီစည်းရုံးရေး လုပ်လို့ မရသလို၊ ပါတီဆီ ပြန်သွားလို့လည်း မရပါဘူး။ တကယ်လို့ ပါတီဝင်တွေနဲ့ ဆက်သွယ်တယ်၊ တွေ့ဆုံတယ်၊ စည်းဝေးတယ် ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီသလို၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့လည်း ဘောင်မဝင်တာကြောင့် အင်န်အယ်လ်ဒီ ဘက်က တိုင်တန်းရတာမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီ က အရင်ကတစ်မျိုး အခုတစ်မျိုး လုပ်တယ်ဆိုပြီး စွပ်စွဲလို့လည်း ရနိုင်မယ် မဟုတ်ပါဘူး။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေဟာ ဥပဒေ ပြဌာန်းချက်တွေအရ ထုတ်ပြန်တာတွေပဲ ဖြစ်တဲ့ အတွက် ဖြစ်ခြင်းဖြစ် ဥပဒေဆိုင်ရာ အငြင်းပွားမှုပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံတော် သမ္မတ နဲ့ ပတ်သက်ပြီး ခုလို ဖော်ပြချက် တစ်ခု ပါရှိပါတယ်။ ပုဒ်မ ၆၄ မှာ “နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များသည် နိုင်ငံရေးပါတီ တစ်ခုခုဇ။် အဖွဲ့ဝင် ဖြစ်လျင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်း အတွင်း ယင်းပါတီ အဖွဲ့အစည်းဇ။် ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဆိုပြီး ဖော်ပြထားပါတယ်။

အရင် စစ်အစိုးရက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြဌာန်းပေးခဲ့တဲ့ “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ပုဒ်မ ၇(ခ)မှာတော့ ခုလို ဖော်ပြထား ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် “ နောင်လာမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင် ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသား တစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၂၁ တို့ပါ ပြဌာန်းချက်များနှင့် ကိုက်ညီလျင် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများ ကိုလည်းကောင်း၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ခွင့် ရှိသည်။” ဆိုပြီးဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ဆိုရင်တော့ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေဟာ သူတို့ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်းတွေ မလုပ်ရ၊ ဒါပေမယ့် ရွေးကောက်ပွဲ ဝင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက် ကြေငြာချိန်ကစ ပါတီဆီ ပြန်သွားနိုင်တယ် ဆိုတာမျိုးက သဘာ၀ ကျပါတယ်။ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်း မလုပ်ရ ဆိုတာကို ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၆၄ နဲ့ ဆက်စပ် ပုဒ်မ အတော်များများမှာ ဖော်ပြထားပြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကတော့ ဖွဲ့စည်းပုံ ပုဒ်မ ၃၈(က)အရ ရွေးကောက်ပွဲဝင်ချိန် ပါတီဆီ ပြန်သွားခွင့်ပြုထားတာ ဖြစ်ပါတယ်။ တကယ်တော့ ပုဒ်မ ၃၈(က)ဟာ ၂၀၀၈ ဖွဲ့စည်းပုံ “နိုင်ငံတော်ဇ။် အခြေခံမူများ” ခေါင်းစဉ်အောက်က ပြဌာန်းချက်ကို ယူထားတာ ဖြစ်လေတော့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီပါဘူးလို့လည်း ပြောရ ခက်ပါတယ်။ ဒါကြောင့်လဲ ပြည်ခိုင်ဖြိုးပါတီ အာဏာရစဉ်က အတိုက်အခံ အင်န်အယ်လ်ဒီ အနေနဲ့ အဲဒီ ဥပဒေပါ ပြဌာန်းချက် “ဖွဲ့စည်းပုံနဲ့ ညီမညီ” ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြ မေးမြန်းတာမျိုး မလုပ်ခဲ့သလို၊ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း ပြည်ခိုင်ဖြိုးပါတီဘက်က အဲလို မလုပ်ခဲ့ပါဘူး။ တကယ်တော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေ ပါတီဆီ ပြန်သွားတာ၊ မဲဆွယ် စည်းရုံးတာ ပြသနာ မဟုတ်ပါဘူး။ တကယ့် ပြသနာက အစိုးရ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ အသာစီးရအောင် လုပ်မလုပ်၊ အခွင့်ထူး ရယူ၊ မယူ ဆိုတဲ့ ကိစ္စပါပဲ။

ဒါနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကြား လိုက်နာကြဖို့ ဆိုပြီး အချင်းချင်း ညှိနှိုင်းထားကြတဲ့ Code of Conduct လို့ခေါ်တဲ့ “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်” ဆိုတာ ရှိနေနှင့်ပြီး အင်န်အယ်လ်ဒီ နဲ့ ပါတီပေါင်း ၆၀ ကျော် လက်မှတ်ရေးထိုးထားပြီးပါပြီ။

ကျင့်ဝတ်ထဲမှာ အာဏာရာထူး လက်ဝယ်ရရှိသူတွေ၊ သူတို့ရဲ့ အာဏာ ရာထူးကို အသုံးပြုပြီး မဲမဆွယ်ဖို့ ဖော်ပြထားချက်တွေလည်း အသေးစိတ် ပါပါတယ်။ ဒီထဲမှာ ဘယ်လောက် အထိ ဖော်ပြထားသလဲ ဆိုရင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်က ဝေးကွာလွန်းနေတယ် ဆိုရင်တောင် ရဟတ်ယာဉ်၊ စင်းလုံးငှား လေယာဉ်တွေကို အသုံးမပြုပဲ၊ အများပြည်သူ အသုံးပြုတဲ့ စင်းလုံးငှား လေယာဉ်ပျံ Commercial Flight ကိုပဲ အသုံးပြုဖို့ ဆိုသည်အထိ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီမညီ အငြင်းပွားနေတာထက် အာဏာရ အင်န်အယ်လ်ဒီပါတီ အနေနဲ့ အစိုးရ အာဏာ အလွဲသုံးပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ မဲဆွယ်၊ မဆွယ်၊ ရွေးကောက်ပွဲမှာ အသာစီးရအောင် လုပ်မလုပ်၊ သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ “ကျင့်ဝတ်” ကို လိုက်နာ၊ မလိုက်နာ အသေအခြာ စောင့်ကြည့်ဖို့ပဲ လိုမယ် ဖြစ်ကြောင်းပါ။

---------------------------











XS
SM
MD
LG