အရင်က တရုတ်ဟာ မြန်မာအစိုးရနဲ့ပဲ ထိတွေ့ ဆက်ဆံတဲ့ ပေါ်လစီကနေ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ သတင်းမီဒီယာ၊ အရပ်ဘက် အဖွဲ့အစည်း၊ စာပေအနုပညာ စတဲ့ အလွှာပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံတာ၊ တရုတ်နိုင်ငံကို ဖိတ်ခေါ်ပြီး ဧည့်ဝတ်ပျူငှာမှုနဲ့အတူ တိုးတက်ဖွံ့ဖြိုးမှုတွေကို ပြသတာ စတာတွေ လုပ်ခဲ့တဲ့ကြောင်း၊ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ ပြသနာနဲ့အတူ မြန်မာအစိုးရက တရုတ်အပေါ် ပိုပြီး မှီခိုလာရတာနဲ့အတူ မြန်မာလူမှုနယ်ပယ်မှာလည်း တရုတ်အပေါ် အမြင် ပြောင်းလဲသွားခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
အင်န်အယ်လ်ဒီပါတီဝင်တွေ လွှမ်းမိုးတဲ့ လွှတ်တော် ဖြစ်လာတဲ့အခါ အဲဒီ အချက် အတော်များများ ဖြေလျော့ပေးခဲ့ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့တွေရဲ့ အဓိပ္ပါယ်မဲ့တဲ့ သတ်မှတ်မှုတွေကို ပယ်ဖျက်နိုင်ခဲ့သလို၊ စုဝေးမယ့်သူ၊ စီတန်း လှည့်လည်မယ့်သူတွေဟာလည်း ခွင့်ပြုချက် တောင်းစရာမလိုတော့ပဲ၊ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ၄၈ နာရီ ကြိုတင် အသိပေး တင်ပြဖို့ပဲ လိုတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါတယ်။ ဒီလို ဖြေလျော့မှုတွေ လုပ်ပေးခဲ့ပေမယ့်လည်း အချို့သော အင်အားစုတွေဟာ ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည် ခွင့် ဆိုတာကို အခွင့်ကောင်းယူ၊ ပြည်သူတွေကို အခကြေးငွေပေးပြီး စုဝေး ဆန္ဒပြခိုင်းတဲ့ ကိစ္စမျိုးတွေ ပေါ်ပေါက်လာပါတယ်။ ေ
မြန်မာ့ငြိမ်းချမ်းရေး အတွက် အဖြစ်နိုင်ဆုံး နည်းလမ်းကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ NCA လမ်းကြောင်းပေါ် ရောက်လာအောင် အစိုးရနဲ့ တပ်မတော်ဘက်က အလုပ်နဲ့ သက်သေပြခြင်းပါပဲ။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့က နယူးယောက် အခြေစိုက် ဥပဒေလုပ်ငန်း အဖွဲ့ Herzfeld Rubin Meyer & Rose ဟာ မြန်မာနိုင်ငံ ရန်ကုန်က သူတို့ ရုံးခန်းကို ပိတ်ပြီး ထွက်ခွာသွားပါပြီ။
အခုနောက်ဆုံး အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခံရတော့မှ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ တက္ကစီတွေနဲ့ ပတ်သက်တဲ့ အစီအမံ တစ်ချို့ လုပ်ကိုင်လာတာ တွေ့မြင်ရပါတယ်။
ဒါပေမယ့် ဝေဖန်သုံးသပ်စရာ ဘက်နှစ်ဖက်တော့ ရှိနေပါတယ်။ အဲဒါတွေကတော့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား တစ်ချို့ရဲ့ ပြုမူပုံ၊ အဲဒီလို ဘာကြောင့် ဖြစ်လာရတာလဲ ဆိုတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံ ဘက်နှစ်ဖက် ဖြစ်ပါတယ်။
သူ့အနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့အခါ အချက်သုံးချက်ကို ဦးစားပေး လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း၊ ပထမကတော့ လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ပုံမှန် အဂတိလိုက်စားမှုမျိုး မဖြစ်ပေါ်အောင် တားဆီးကာကွယ်တာ ဖြစ်ကြောင်း၊ ဒုတိယ ကတော့ Grand Corruption လို အကြီးစားမျိုး ကိုင်တွယ်တာ၊ ငွေကြေးခဝါချမှုမျိုးဖော်ထုတ်တာ မျိုးဖြစ်ကြောင်း၊ တတိယ ကတော့ တစ်မျိုးသားလုံးကို အရှက်ရစေတဲ့ CPI Index မှာ နိမ့်ကျနေပြီး နိုင်ငံမျက်နှာပျက်နေရတဲ့ ကိစ္စ ဖြေရှင်းမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
တကယ်တော့ သူ အဲလို ထပ်ဖြေရှင်းတာကိုလည်း ပြည်သူတွေက ဘဝင်မကျ လက်မခံနိုင်ကြပါဘူး။ အကြောင်းကတော့ ကုန်ဈေးနှုန်းကျဆင်းရေးမှာ အစိုးရက ဘာတာဝန်မှ မရှိတဲ့ သဘော၊ ပြည်သူတွေက ချိုးခြံချွေတာလိုက်ရင်ပဲ ကုန်ဈေးနှုန်း ကျသွားနိုင်တဲ့ သဘော ပြောခဲ့လို့ပါပဲ။
အခု ၂၀၁၇ ဘတ်ဂျက်နှစ်ထဲမှာဆို ၈ လ အတွင်း တိုးဗီဇာနဲ့ ခရီးသည် ၃ သိန်းနီးပါးပဲ ဝင်လာပါသေးတယ်။ ဒါကြောင့် ဘတ်ဂျက်နှစ် တစ်နှစ် ပြည့်သွားရင်တောင် အရင်နှစ်က ဝင်ခဲ့တဲ့ ခရီးသွား အရည်အတွက်ကို မမီနိုင်ဘူးလို့ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် ဝန်ခံနေရတဲ့ အနေအထားမျိုးပါ။
ဒီလို ဆွေးနွေးပွဲကြီးအတွက် ပြည်သူလူထုရဲ့ တကယ့် အသံ စုံစုံလင်လင် ပါရလေအောင် အကြိုဆွေးနွေးပွဲတွေ လုပ်ရတာကလည်း ဓမ္မတာပါပဲ။ ဒါကို တပ်မတော်ဘက်က ဘာကြောင့်၊ ဘာရည်ရွယ်ချက်နဲ့ လာပြီးတားမြစ်ရတာလဲ ဆိုတာကလည်း စဉ်းစားရ ခက်ပါတယ်။
လူပျောက် တိုင်တန်းစာမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ ဒရိုင်ဘာ၊ ရိုက်တာ ဌာနပိုင် ကားနဲ့ အတူ ညနေ ၆ နာရီလောက်မှာ အင်တာဗျူး လုပ်ဖို့ မင်္ဂလာဒုံမြို့နယ် အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်းကို သွားခဲ့ကြောင်း...
ရန်ကုန်၊ မန္တလေးလို ယာဉ်လိုင်းများတဲ့ ကားဝင်းတွေဆို ပိုဆိုးပါတယ်။ ခရီးသည်တွေဟာ အဲဒီ ဝင်းကြီးထဲမှာ ဘယ်ယာဉ်လိုင်းဟာ ဘယ်နေရာမှာ ရှိနေသလဲ အလွယ်တကူ မသိနိုင်လို့ပါပဲ။
ငွေစက္ကူတွေကို ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ် ထုတ်ဝေမယ် ဆိုရင် ကုန်ကျစားရိတ်တွေ ရှိလာမယ်၊ ငွေကြေးဖေါင်းပွမှုတွေ ဖြစ်လာနိုင်တယ်၊ ဒီအတွက် ပြည်သူတွေ စီးပွားရေး ပိုပြီးကြပ်တည်းလာနိုင်တယ်၊ ဘတ်ဂျက် လိုငွေကလည်း ပိုပြီး များလာမယ်၊
အရင် စစ်အစိုးရလက်ထက်တုန်းကလိုပဲ၊ တို့တွေ လုပ်တာ ဘာမှမမှားဘူး၊ အမေရိကန်နဲ့ အနောက်နိုင်ငံက အရေးယူချင်လည်းယူ၊ တရုတ်ရဲ့ အကာအကွယ်နဲ့ ဆက်ပြီး ရပ်တည်မယ်ဆိုတဲ့ လမ်း.. နောက် လမ်းတစ်လမ်းကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးမှာ အစိုးရနဲ့ ပူးပေါင်းဖြေရှင်းပြီး ပိတ်ဆို့အရေးယူတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းနဲ့ ဆွေးနွေးညှိနှိုင်း၊ ပိတ်ဆို့ အရေးယူမှုကနေ လွတ်ကင်းအောင် ကြိုးစားတာ..
ခေတ်အဆက်ဆက် အစိုးရတွေလက်ထက်မှာ တိုင်းပြည်အတွက် လိုအပ်တဲ့ လမ်း၊ တံတား၊ အဆောက်အဦ၊ ဆည်မြောင်း၊ တာတမံ စတာတွေ ဆောက်တဲ့အခါ ကိုယ်တိုင် ဘတ်ဂျက်ရေးဆွဲ၊ ကိုယ်တိုင် တည်ဆောက်၊ ကိုယ်တိုင်ကြပ်မတ်၊ ကိုယ်တိုင် စစ်ဆေး လုပ်ခဲ့ကြတဲ့အတွက် သိပ်မကြာခင် ပြန်ပျက်စီးတာ၊ နောက်ထပ် ဘတ်ဂျက် ထပ်တောင်းတာတွေကြောင့် ပြည်သူ့ဘဏ္ဍာတွေ အဟောသိကံ ဖြစ်နေတယ်လို့ ဆိုပါတယ်။
တကယ်တော့ ရန်ကုန်မှာ တိုင်းအစိုးရက လုပ်ပေးရမှာက ကားပါကင် စနစ်တကျ သတ်မှတ်ပေးဖို့ ကိစ္စ တစ်ခုတင် မကပါဘူး။ လက်ရှိ ဖြစ်နေတဲ့ ကားတွေ စည်းကမ်းတကျ မောင်းလို့ မရတဲ့ ပြသနာ၊ လူတွေ ပက်လက်ဖေါင်းပေါ် လမ်းလျောက်လို့ မရတဲ့ပြသနာ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ စကူဒါတွေ၊ ဆိုင်ကယ်တွေ လမ်းပေါ် မောင်းချင်သလို မောင်းနေကြတဲ့ပြသနာ၊ စနစ်မရှိလို့ လူတွေ လမ်းကို ဖြတ်ချင်တဲ့နေရာကနေ ဖြတ်နေကြတဲ့ပြသနာ၊ ဘတ်စ်ကား မှတ်တိုင်နေရာ သတ်သတ်မှတ်မှတ် မရှိတဲ့ပြသနာ၊ ဈေးသည်တွေ မဖယ်ရှားနိုင်တဲ့ ပြသနာ အားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ ပုဒ်မ ၂၈၈ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး ခေါင်းစဉ်အောက်မှာ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်။” ဆိုပြီး ဖော်ပြထားပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ ဆိုတာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က ဝန်ထမ်းတွေ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်က တာဝန်ယူထားပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ကပဲ ဒီကနေ့ အချိန်ထိ ချုပ်ကိုင်ထားတယ်လို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေရဲ့ ပြသနာနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထား ခံယူချက်ပါ။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို အဓိက တာဝန်ယူထားတာ တပ်မတော်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနပါ။ တပ်မတော် ခေါင်းဆောင် အဆက်ဆက်ရဲ့ အဲဒီ မူဆလင်တွေအပေါ် ထားတဲ့ သဘောထားဟာ ကိုလိုနီ နယ်ချဲ့တွေက ခေါ်သွင်းလာတဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံသားတွေ မဟုတ်ဘူး ဆိုတာပါပဲ။
နောက်ထပ်ကြည့်ရှုရန်