စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေချိန် စစ်ကိုင်းတိုင်းကနေ မလေးရှားမှာ သွားရောက်အလုပ်လုပ်နေသူတွေကိုပါ မြန်မာသံရုံးက စောင့်ကြည့်နေပုံရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီရဲ့ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ဗွီအိုအေကိုပြောပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်စစ် တနှစ်ပြည့်အပြီးမှာ အိမ်နီးချင်း ပိုလန်နိုင်ငံကို ယူကရိန်း ဒုက္ခသည်တွေ ရောက်လာတာနည်းသွားပေမဲ့လည်း နေ့စဉ် ရာနဲ့ချီပြီး ရောက်နေဆဲပါ။အဲ့ဒီဒုက္ခသည်တွေကို ကူညီတဲ့အဖွဲ့ထဲက တခုကတော့ ရုရှားစေတနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။ အပြည့်အစုံကို ကိုငြိမ်းချမ်းကပြောပြမှာပါ။
“မနေ့ညက ၉ နာရီခွဲ။ ဆက်တိုက်ပေါက်တာ။ ၃ချက်လောက်ကြားလိုက်ရတယ်။ ၃ ချက်။ တော်တော်ကျယ်တယ် အသံက ။ အထိအခိုက်ကျ အားလုံး ၇ ယောက်။ မိန်းကလေး တစ်ယောက်ပါတယ်။”
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို အလည်အပတ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ဖို့ ထွက်ခွာနေတဲ့ မြန်မာတွေက တစ်ရက်ကို ၄,၀၀၀ ကျော် ၅,၀၀၀ နီးပါးလောက်ရှိနေပါတယ်။
အိန္ဒိယနည်းပညာကုမ္ပဏီတခုဟာ ရုံးဆင်းချိန်ရောက်တာနဲ့ ဝန်ထမ်းတွေ အလုပ်ဆက်မလုပ်ဘဲ အိမ်ပြန်အောင် ကွန်ပြူတာ အလိုလျှောက်ပိတ်သွားတဲ့ စနစ်သုံး၊ ဆိုးလ်မြို့တော်က ဆောက်လက်စတိုက်မှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) ဟာ ဒီရက်ပိုင်းအတွင်းမှာ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံ တွေ့ဆုံနေပါတယ်။
ပစ်ခတ်ခံရသူဟာ ဦးသိန်းဇော်ဌေးဖြစ်ပြီး ပစ်ခတ်ခံရတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အခြားဒေသခံတစ်ဦးကတော့ ဒီပစ်ခတ်မှုမဖြစ်ပွားခင်မှာ မူဆယ်မြို့လည် နာရီစင်အနီးမှာ ဗုံးတွေ့ခဲ့ကြောင်းနဲ့ ဗုံးကို ရှင်းလင်းပြီး ပြန်လာစဉ် ပစ်ခတ်ခံရတာဖြစ်ကြောင်း ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်မြေပြင်သာမက အရပ်သားပြည်သူနေထိုင်တဲ့နေရာမှာလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို ဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ကျေးရွာက ပြန်ထွက်ချိန်မှာ လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းတွေကို ရှင်းလင်းနေရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စခန်းသိမ်းပိုက်အပြီး စစ်ကောင်စီနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာ ကျေးရွာပေါင်း ၅ ရွာလောက်ရှိတယ်လို့ ယင်းမာပင်နဲ့ ဆားလင်းကြီးက စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဖိလစ်ပိုင်မှာ ကြက်သွန်နီတွေဈေးကြီးနေလို့ မင်္ဂလာပွဲမှာ လက်ကိုင်ပန်းစည်းအစား ကြက်သွန်နီဥအတွဲလိုက် အလှကိုင်၊ ဖေဖော်ဝါရီ ၁၄ မှာ ချစ်သူများနေ့မှာ ကမ္ဘာ့တဝန်း စုပေါင်းလက်ထပ်မင်္ဂလာပွဲတွေ ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ကပြောကြားလိုက်ပြီး ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ လောင်စာတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
တရုတ်ရဲ့ သွင်းကုန်လိုအပ်ချက်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၂ ဘက်ဂျက်စတဲ့ ဧပြီလကနေ အခုဖေဖော်ဝါရီလအထိ ၁၀လအတွင်း အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် ရှိလာတယ်လို့ မြန်မာကုန်သွယ်ရေးဌာနစာရင်းမှာဖော်ပြပါတယ်။ ဒါဟာပြီးခဲ့နှစ်ကာလတူထက် သန်း ၄၀၀ လောက် ကုန်သွယ်မှုတက်လာတာပါ။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေမြို့က ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ကျေးရွာနေအိမ်တချို့လည်း မီးရှို့ခံရတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ရိုးရာ မွေထိုင်း လက်ဝှေ့ဝါသနာရှင် ၃,၀၀၀ ကျော် လက်ဝှေ့ရေးပြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်၊ ဂျပန်နိုင်ငံမှာ ပဲစေ့အိတ်ကြီးတွေကို အိတ်ကြီးတွေကို ထိုင်လို့ရတဲ့အပြင် ဝတ်ဆင်လို့ရအောင် တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကွတ်ခိုင်မြို့နယ်မှာလည်း ဒီနှစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေအားလုံး ဖိနှိပ်ခံနေရတယ်လို့ ကျွမ်းကျင်သူတွေက ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ရဲ့ကြားနာပွဲမှာထောက်ပြကြပါတယ်။ လူမျိုးစုတွေ နဲ့ ဘာသာရေးဆိုင်ရာ လူနည်းစုတွေ အကြား အခြေအနေတွေ ပိုဆိုးသွားစေခဲ့ပါတယ်။ ကိုငြိမ်းချမ်းတင်ပြမှာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေအားလုံး ဖိနှိပ်ခံနေရတယ်လို့ ကျွမ်းကျင်သူတွေက အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ရဲ့ ဗုဒ္ဓဟူးနေ့က ကြားနာပွဲမှာထောက်ပြကြပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ ညက ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံ နဲ့ တင်းမာ မှုတိုးလာတာ၊ ယူကရိန်း စစ်ပွဲ တာရှည်နေတာဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အဓိက အကြောင်းအရာတွေအဖြစ် ထည့်သွင်းပြောဆိုသွားပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်