လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတဝှမ်း နှစ်စဉ် လူသန်းနဲ့ချီ သေဆုံးနေပါတယ်။ လေထုညစ်ညမ်းတဲ့ မီးခိုးတွေကို သိသိသာသာ မမြင်ရတဲ့နေရာတွေမှာ အနီအောက်ရောင်ခြည်သုံး infrared ကင်မရာနဲ့ ညစ်ညမ်းတဲ့ အမှုန်တွေကို မြင်အောင် ကြည့်နိုင်တဲ့အကြောင်း Deborah Block ပေးပို့ထားတဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
"လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အများအပြား ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပါတ်သက်ပြီး လွတ်လပ်ပြီး ယုံကြည်ရတဲ့ စုံစမ်းရေး ကော်မတီတရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ ဒီကော်မရှင်ကနေ စွပ်စွဲမှုတွေကို လေ့လာပြီး အမှန်တရားကို ဖေါ်ထုတ်နိုင်မှာပါ။" (ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၊ လူသားချင်းစာနာမှု ဆိုင်ရာ တာဝန်ခံRenata Lok-Dessallien )
ဂျပန်အစိုးရရဲ့ အာဘော်ကတော့ မြန်မာနိုင်ငံရေရှည်တိုးတက်မှု ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမှာ ကမ္ဘာ့အလယ်မှာ ရင်ကော့ပြီးတော့ နေနိုင်ဖို့ကတော့ ငြိမ်းချမ်းရေးကို ဆောက်တည်မှရမယ်ဆိုတဲ့ဟာကို သူတို့သိပါတယ်။
"အခုအချိန်မှာဆိုရင် ဒီမိုကရေစီ အောင်မြင်ဖို့အတွက်၊ ငြိမ်းချမ်းရေးရရှိဖို့အတွက်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂျပန်နိုင်ငံကနေပြီး စိတ်အားထက်သန်စွာနဲ့ ကူညီတာကို ကျမတို့ကနေ တန်ဖိုးထားပြီးတော့ ဒီလို ကူညီမှုတွေဟာ တကယ့်ကို အကျိုးရှိအောင်လို့ ကျမတို့က ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။”
ခေတ်နဲ့ အညီ လုပ်ငန်းခွင် အန္တရာယ် ကင်းရေး ပစ္စည်း ကရိယာတွေ ပေါ်လာနေပေမယ့် မြန်မာ အလုပ်သမားတွေ စံနစ်တကျ သုံးတတ်ဖို့ လိုအပ်နေတာကို စင်္ကာပူနိုင်ငံက လုပ်ငန်းခွင် အန္တရာယ်ကင်းရေး ဆိုင်ရာ အရာရှိ အင်ဂျင်နီယာ ဦးအေးငြိမ်းက ပြောပြပေးမှာပါ။
သြစတြေးလျ မြောက်ဖက်ကမ်းရိုးတန်းကို အကာကွယ်ပေးနေတဲ့ အဖိုးတန်တဲ့ လမုတောတွေ တဖြေးဖြေး ပျောက်ကွယ်စပြုနေတဲ့အကြောင်း Rebecca Ward သတင်းပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
အောက်တိုဘာ ၂၄၊ ၂၀၁၆ - လူထုအကျိုးပြု သတင်းယူတဲ့ကဏ္ဍအတွက် Pulitzer ဆုကို ချီးမြှင့်ခဲ့တာပါ။ AP သတင်းထောက် လေးယောက်ထဲမှာပါ Esther Htusan ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
ဓါတုဗေဒ ပညာရပ်ကို တခေတ်ဆန်းစေတဲ့ ကမ္ဘာ့အသေးငယ်ဆုံး စက်လို့ခေါ်ရမယ့် မော်လီကျူး စက်ကလေးတွေ တီထွင်သူ ၃ ဦးကို ၂၀၁၆ ခုနှစ်အတွက် ဓါတုဗေဒ နိုဘယ်လ်ဆု ချီးမြှင့်လိုက်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု Argonne အမျိုးသား သုတေသနဌာနက နာနိုသိပ္ပံနဲ့ နည်းပညာရှင် ဒေါက်တာစောဝေလှက ပြောပြပေးမှာပါ။
အကွယ်ပေးမှုလိုနေသေးတဲ့ မြန်မာ့သတင်းလောက
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန်စတင်မယ့် အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်း တက်ရောက်မယ့် ဒေသတွင်း အစည်းဝေးတွေကနေ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်တွေနဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးနိုင်တယ် လို့ နိုင်ငံရေးသုံးသပ်သူတွေက ခန့်မှန်းကြ ပါတယ်။
၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်ပြည်ထောင်စု တက္ကသိုလ်သုံးခုက ပါမောက္ခတွေကို ဘာ့ကြောင့် ပေးလိုက်တယ် ဆိုတာကို Ohio တက္ကသိုလ်က ရှုပဗေဒ ပါမောက္ခ ဒေါက်တာစောဝေလှက ပြောပြပေးမှာပါ။
သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရေကြီးရေလျှံမှုတွေလို ဆိုးကျိုးတွေ၊ ဆည်တွေမှာနုံးကျပြီး သုံးလို့မရ ဖြစ်ကုန်တာတွေကို ဗက်တီဗာ (Vetiver) မြေထိမ်းမြက်ကို သုံးပြီး ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ အကြောင်း မြို့ပြအင်ဂျင်နီယာ ဦးရဲမြင့်စိုးက ပြောပြပေးမှာပါ။
အမေရိကန်လေကြောင်းနဲ့ အာကာသ စူးစမ်းလေ့လာရေးဌာန NASA က အာကာသထဲက အင်္ဂါဂြိုဟ်မှာ မောင်းမယ့် ယာဉ်အမျိုးအစား အသစ်တခု တည်ဆောက်နိုင်ဖို့ ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေနဲ့ တီထွင်နေပါတယ်။ ဒီအစီအစဉ်သစ် အကြောင်း Armine Amiryan ရဲ့သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
"ချူလာလောင်ကောင်း တက္ကသိုလ်မှာ မနက်ဖြန် မိန့်ခွန်းပြောပေးဖို့ ဖိတ်ထားတဲ့ Joshua Wong ကို ဒီမနက်ပဲ ထိုင်းအာဏာပိုင်တွေ ဖမ်းသွားတာဟာ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့....."
သဘာဝ ပါတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးမှာ အရေးပါတဲ့ အမှိုက်စွန့်ပစ်တာနဲ့ ပါတ်သက်ပြီး သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပြပေးမှာပါ။
ထိုင်းငါးဖမ်းလုပ်ငန်းနဲ့ လူကုန်ကူးမှု ပြဿနာ
ရေရှည်ခံမယ့် သစ်တော ပြုပြင်ထိမ်းသိမ်းရေး အတွက် အရေးပါတဲ့ စီမံခန့်ခွဲမှုစံနစ် အကြောင်း သစ်တောပညာရှင် ဦးဝင်းမော်က ပြောပြပေးမှာပါ။
ပုံရိပ်တွေကို အပြင်မှာ တကယ်တွေ့ မြင်ခံစားရအောင် ကွန်ပြူတာ software သုံးတီထွင်ထားတဲ့ VR နည်းပညာသစ်ဟာ လုပ်ငန်းအများစုမှာ လက်တွေ့အသုံးချဖို့ တီထွင်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာ တနေ့တခြား တိုးတက် ပြောင်းလဲလာတဲ့အကြောင်း Elizabeth Lee ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
သစ်တော ထိမ်းသိမ်းရေးအတွက် မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှု တနှစ်ရပ်ဆိုင်းလိုက်တာဟာ မှန်ကန်တဲ့ စီမံခန့်ခွဲမှု ဟုတ်ပါသလား။ သစ်တောပညာ ရှုဒေါင့်က အမြင်ကို သိရအောင် သစ်တောပညာရှင် ဦးဝင်းမော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်