သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ရူပဗေဒ နိုဘယ်လ်ဆု


Pictures of the winners of the 2016 Nobel Prize for Physics during a news conference by the Royal Swedish Academy of Sciences in Stockholm, Sweden, Oct. 4, 2016.
Pictures of the winners of the 2016 Nobel Prize for Physics during a news conference by the Royal Swedish Academy of Sciences in Stockholm, Sweden, Oct. 4, 2016.

၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို အမေရိကန်ပြည်ထောင်စု တက္ကသိုလ်သုံးခုက ပါမောက္ခတွေကို ဘာ့ကြောင့် ပေးလိုက်တယ် ဆိုတာကို Ohio တက္ကသိုလ်က ရှုပဗေဒ ပါမောက္ခ ဒေါက်တာစောဝေလှက ပြောပြပေးမှာပါ။

၂၀၁၆ ရူပဗေဒ နိုဘယ်လ်ဆု
please wait

No media source currently available

0:00 0:07:07 0:00
တိုက်ရိုက် လင့်ခ်

၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို ဗြိတိန်နိုင်ငံသား သိပ္ပံပညာရှင် သုံးဦးဖြစ်တဲ့ David J. Thouless, F. Duncan Haldane နဲ့ J. Michael Kosterlitz တို့ ၃ ဦး ရခဲ့တာပါ။ မစ္စတာ သောလဲ့စ် ဟာ ဝါရှင်တန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးဖြစ်ပြီး၊ မစ္စတာ ဟောလ်ဒိန်း ကတော့ Princeton တက္ကသိုလ်က ရူပဗေဒ ပါမောက္ခဖြစ်ပါတယ်။ မစ္စတာ ကော့စတာလစ် ကတော့ Brown တက္ကသိုလ်က ရူပဗေဒ ပါမောက္ခဖြစ်ပါတယ်။

သူတို့ဟာ ဒြပ်ဝတ္တု အစိုင်အခဲတွေနဲ့ ပတ်သက်ပြီး နယ်ပယ် အသစ်ဖြစ် လာနိုင် တာတွေကို ကြိုတင်တွက်ချက် တွေးခေါ် တင်ပြခဲ့တာ ဖြစ်ပြီး သူတို့ရဲ့လွန်ခဲ့ တဲ့နှစ်ပေါင်း သုံးလေးဆယ်လောက်က တွက်ချက်မှုတွေဟာ အခု လက်ရှိမှာ လက်ဆုပ်လက်ကိုင် ပြလာနိုင်တာကြောင့် သူတို့ကို နိုဘယ်လ်ဆု ပေးခဲ့ တာဖြစ် ပါတယ်။

တွက်ချက်တဲ့ သိပ္ပံပညာရှင်တွေဟာ သင်္ချာပညာကို သုံးပါတယ်။ အဆင့်မြင့် ကွန်ပြူတာတွေကို သုံးပါတယ်။ ဒီလိုသုံးပြီး နည်းပညာ အသစ်တွေကို ရှာဖွေပါတယ်။ သူတို့က material အသစ် phenomena အသစ် နယ်ပယ်သစ်တွေကို ရှာဖွေတာပါ။ သူတို့ရဲ့ ရူပဗေဒ သုတေသနလုပ်ငန်းတွေ ကနေ ဒြပ်ဝတ္တုတွေရဲ့ သဘောသဘာဝနဲ့ ဆန်းပြားတဲ့ အခြေအနေ သစ်တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ အတွက် နိုဘယ်လ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီသိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ တွက်ချက် တွေးခေါ်မှုကို ကွန်ပြူတာတွေနဲ့ ပုံစံတွေ ထုတ်ပြီး နောင်တွေ့လာနိုင်တယ် ဆိုတာကို ကြိုတင် ပြောခဲ့ကြတာဖြစ်ပြီး အခု လက်တွေ့မှာ တွေ့ရှိနေပြီဖြစ်ပါတယ်။

နယ်ပယ် အသစ် အတွက် ဥပမာကို ကြည့်ရအောင်ပါ။

အရာဝတ္တုတွေဟာ ပုံစံ ပြောင်းနိုင်တဲ့ သဘောရှိပါတယ်။ ဥပမာ အဖြစ် ရေကိုကြည့် ရင် အခဲအနေထား၊ အရည်အနေထားနဲ့ အငွေ့ အနေအထားမှာ ရှိနိုင်ပေမယ့် ရေပဲဖြစ်နေတာမျိုးပါ။ ဒါကို phase transition လို့ခေါ်ပါတယ်။ ရေတမျိုးထဲကနေ အခြေအနေ ပြောင်းသွားတာပါ။

ဒီလိုအခြေနေပြောင်းတာကို အများသိပြီးသား ဖြစ်ပါတယ်။ ဒါဟာ စာရွက်လို အလျား- အနံ ၂ ဖက်ရှိတဲ့ 2 D အနေထားမျိုးမှာ ဖြစ်နေတာဖြစ်ပြီး တကယ်လို့ 2 D ကနေ စာအုပ်လို အလျား-အနံနဲ့ အမြင့်ရှိတဲ့ 3 D အနေထား မျိုးရောက်သွားချိန်မှာ ရေအတွက် အရည်- အခဲနဲ့ အငွေ့ အခြေနေထက် နောက်တမျိုး ပြောင်းသွားတဲ့ အခြေနေသစ် ဖြစ်လာတာကို အခု နိုဘယ်လ် ဆုရတဲ့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကို Quantum phase transition လို့ ခေါ်ပါတယ်။

ဒီအခြေနေကို ထင်သာမြင်သာ ရှိအောင် ပြောရမယ် ဆိုရင် အေးချမ်းတဲ့ ရာသီဥတု သာယာတဲ့ ဝန်းကျင်တခုမှာ လူတယောက် ရပ်နေချိန်မှာ ရာသီဥတု ချက်ချင်းပြောင်းပြီး လေပြင်း တိုက်လာတာ မျိုးလို့ ဒေါက်တာ စောဝေလှ က ပြော ပါတယ်။ အဲဒီလိုမျိုး အနေထားကို အက်တမ်တွေမှာ ရှိတဲ့ ပါတ်ဝန်းကျင်မှာ ချက်ချင်းကို ပြောင်းသွားတာမျိုး အဲဒီလို အပြောင်းအလဲမျိုး ဟာ ရေငွေ့တို့ ရေခဲတို့နဲ့ မတူပဲနဲ့ သူက ပြောင်းသွားတာ မဟုတ်ပဲ သူ့ရဲ့ပါတ်ဝန်းကျင်က ပြောင်းသွားတဲ့ အခြေနေ နယ်မြေအသစ်ကို သိပ္ပံပညာရှင် ၃ ဦးက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါမျိုးကို ပုံမှန်အခြေအနေမျိုးမှာ မတွေ့ရတတ်ပါဘူး။ စာရွက်လို 2 D ရှိပြီး သိပ်ကို ပါးလွှာတဲ့ အက်တမ်တလုံးစာ၊ ၂ လုံးစာလောက်ပဲ အထူရှိတာမို့ 3 D မဟုတ်ပဲ 2 D ပဲ ရှိတာမျိုး ဖြစ်တဲ့ သိပ်သေးငယ်တဲ့ ပစ္စည်းမျိုးတွေအတွက် သိပ်ပြီး အေးတဲ့ သုံည ဒီဂရီ ကယ်လ်ဗင် အနှုတ် ၂၇၃ ဒီကရီ စင်တီဂရိတ် ဝန်းကျင် လောက် အေးတဲ့ အခြေနေမျိုးမှာ ဆိုရင်တော့ ဒီ phase transition မျိုးကို တွေ့ရလေ့ ရှိပါတယ်။

အခုတွေ့ရှိချက်ဟာ နောက်တီထွင်ကြမယ့် အင်ဂျင်နီယာနည်းပညာတွေ၊ ကွန်ပြူတာ နည်းပညာအပြင် တခြားနည်းပညာ အသစ်တွေအတွက် အသုံးချနိုင်မှာမို့ ဒါဟာ သိပ်ကို အကျိုးး ရှိတဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။

သိပ္ပံပညာအတွက် အခြေခံ နားလည်မှုအသစ်တွေ ပေးနိုင်တာ အတွက် နိုဘယ်လ် ဆု ကို ချီးမြှင့်တာ ဖြစ်ပါတယ်။

အခုတွေ့ရှိချက်ကြောင့် ရလာနိုင်မယ့် အကျိုးဆက်တွေကိုကြည့်ရအောင်ပါ။

အခု လက်ကိုင်ဖုံးတွေမှာဆို ဓါတ်ပုံရိုက်တာ၊ ဆက်သွယ် စကားပြောတာ၊ တီဗီကြည့်တာကအစ အတော်များများ သုံးလို့ ရတဲ့ ပါဝါတွေရှိနေပါပြီ။ အမြင့်ဆုံး အနေထားကို ရောက်နေပြီမို့ ဒီ့ထက် ထပ်ပြီး တိုးတက်ချင်ရင် နည်းပညာအသစ်တွေ နယ်ပယ် အသစ်တွေ ထပ်ပြီး ရှာရမှာ ဖြစ်ပါတယ်။

ဥပမာ ကွန်ပြူတာ အတွက်ပြောမယ်ဆိုရင် လက်ရှိသုံးနေတဲ့ ကွန်ပြူတာတွေကို အရည်အသွေး ကောင်းသည်ထက် ကောင်းအောင် လုပ်နေရာကနေ အခုလက်ရှိမှာ အဆင့် အမြင့်ဆုံး နီးပါး ဖြစ်နေပါပြီ။ ဒါ့ကြောင့် နောက်လာမယ့် ကွန်ပြူတာဟာ လက်ရှိ သုံးနေတဲ့ ဒစ်ဂျစ်တယ် ကွန်ပြူတာ မဟုတ်တော့ပါဘူး။ ဒစ်ဂျစ်တယ် ကွန်ပြူတာမှာ သုညနဲ့ တစ်ပဲ ပါတဲ့ binary state လို့ခေါ်တာ အခြေနေပေါ်မှာ မူတည်ပြီး ထွင်ထားတာ ဖြစ်ပါတယ်။ နောင်သုံးတော့မယ့် နောက်လာမယ့ ကွန်ပြူတာကိုတာ့ quantum ကွန်ပြူတာလို့ခေါ်ပါတယ်။ သုညနဲ့ တစ်ကြားမှာ ရှိတဲ့ အဆင့်တွေ အများကြီး အတွက် သုံးလို့ ရတာဖြစ်ပါတယ်။ အခု အဲဒီ quantum ကွန်ပြူတာ ကို တီထွင်နိုင်ဖို့ စတင်ကျိုးစားနေပါပြီ။

ဒါမျိုးကို သုံးနိုင်ဖို့ quantum ကွန်ပြူတာ ကိုတွက်ချက်နိုင်ဖို့ ပစ္စည်း အသစ်တမျိုး လိုအပ်ပါတယ်။ နယ်မြေသစ်ပါ။ အခု ရူပဗေဒ ပညာရှင် သုံးဦးး ရှာဖွေတွေ့ရှိတဲ့ နယ်မြေသစ်တွေကို အဲဒီနေရာမှာ အသုံးချဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG