ကမ္ဘောဒီးယားနိုင်ငံမှာ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးပဲ ပြုလုပ်မှာပါ။ ဒီအပေါ် အမေရိကန် အပါအဝင် အနောက် မဟာမိတ် အုပ်စုတွေကတော့ ဝေဖန်ရှုတ်ချနေပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ပြေး ဒုက္ခသည်အများစု ခုချိန်ထိ နေရပ်မပြန်နိုင်ကြ သေးသလို၊ မုတ်သုန်မိုးနဲ့ လေပြင်းအန္တရာယ်ကိုပါ ဒီရက်ပိုင်း ကြုံနေရတယ်လို့ စစ်ရှောင်နေရသူတွေက ပြောပါတယ်။ တောတောင်တွေထဲ စားရေးသောက်ရေး ခက်ခဲတဲ့အပြင် မိုးမလုံ ရေမလုံတာကြောင် ဖျားနာကြရတာလို့လည်း ပြောပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဇူလိုင် ၁၇ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီးက စစ်ကောင်စီတပ်စခန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အနီးနား နောင်ဝမ့်ရွာအတွင်း လက်နက်ကြီး ကျည်ကျတာရှိတယ်လို့ ဒေသခံတဦးက VOA ကိုအခုလိုပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကချင်အမျိုးသား လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်ကို စစ်ကူတက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်အနီးမှာ KIA က ဒီကနေ့ မနက် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့ သိုင်းငင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် တီးတိန်က ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ကလေးမြို့မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ပြီး ပြန်ထွက်ချိန်မှာ မီးလောင် သေဆုံးနေတဲ့ ရုပ်အလောင်း တ လောင်း တွေ့ရှိပါတယ်၊ ကြက်ခြံတွေမီးရှို့ခံရလို့ ကြက်ကောင်ရေ သောင်းချီသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမြေ အားလုံးထဲမှာ မြေနုကျွန်း စိုက်ပျိုးမြေ အကျယ်အဝန်းဟာ ရာခိုင်နှုန်းနည်းနည်းလေးပဲ ရှိပေမယ့် အဂတိလိုက်စားမှု ၊ အငြင်းပွားမှု နဲ့ ရာဇဝတ်မှုတွေကတော့ အများဆုံး ဖြစ်ပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး တပ်တွေအကြား တနင်္လာနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆင်းလာနေတဲ့ မြန်မာနိုင်ငံ အညာဒေသမှာ ထန်းလျက် လုပ်ငန်းဟာလည်း တိမ်ကောလာနေပါတယ်။
ပြီးခဲ့တဲ့ မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှာ နေအိမ်တွေ သိန်းနဲ့ချီ ပျက်စီးသွားသလို မိုးစပါးစိုက်ရေးအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားအရေး လှုပ်ရှားနေကြတဲ့ သမဂ္ဂတွေလည်း တရားဝင် လှုပ်ရှားခွင့် မရှိကြတော့ပါဘူး။ နိုင်ငံရေး အကြပ်အတည်းတွေကြားမှာ တောင်သူလယ်သမား သမဂ္ဂဝင် တချို့ကတော့ လယ်သမားအရေး ဦးစားပေး လုပ်ချင်ကြသလို၊ တချို့ကတော့လည်း နိုင်ငံရေးပါ တွဲလုပ်ဖို့ လိုတယ်လို့ မြင်နေကြတာပါ။
ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး ကံသစ်ကျေးရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း အပြန်အလှန် ပစ်ခတ်တာတွေ ရှိပြီး စစ်ရေး တင်းမာနေပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြားမှာ စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။
Mocha မုန်းတိုင်ဒဏ်ကြောင့် လူတသန်းကျော်လောက် ဒုက္ခရောက်နေကြတဲ့ ရခိုင်မြောက်ပိုင်းမှာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ကူညီ ကယ်ဆယ်ရေးတွေကို မိုးလေဝသကြောင့် ယာယီပိတ်ထားတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရက VOA ကိုပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ မုန်တိုင်းကြောင့် လျှပ်စစ်မီးတွေ ဒီကနေ့အထိ ပြတ်တောက်နေဆဲပါ။ လျှပ်စစ်မီးတွေပြန်ရဖို့ စစ်ကောင်စီက လုပ်ဆောင်နေပြီး ဒီကနေ့ မှာတော့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ် က ရပ်ကွက်တချို့ကို လျှပ်စစ်မီးတွေ ပြန်ပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ် သတိပေးချက်ကို ကုလသမဂ္ဂ စိုက်ပျိုးရေး နဲ့ စားနပ်ရိက္ခာအဖွဲ့ FAO က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့အထဲ မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံမလောက်မှု အခြေအနေဟာ ပိုမိုဆိုးဝါး လာနေတယ် လို့လည်း ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရေရှင်စစ်ရှောင်စခန်းမှာ စားသောက်ရေးအတွက် ရိက္ခာပြတ်လတ်နေပြီး၊ ရေအခက်အခဲလည်း ရှိနေပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ကလေးငယ်တွေ အပါအဝင် စစ်ရှောင်သူဦးရေ ၂၀၀၀ နီးပါး ရှိပါတယ်။
ကမ္ဘာပေါ်က အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်သတိပေးချက်ကို ကုလသမဂ္ဂ စိုက်ပျိုးရေး နဲ့ စားနပ်ရိက္ခာအဖွဲ့ FAO က မကြာသေးခင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံမလောက်မှု အခြေအနေဟာ ပိုမိုဆိုးဝါးလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်