စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ရွာသစ်ကျေးရွာမှာ စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း နေအိမ်တွေ မီးရှို့ခံရသလို ၁ ဦးထက် မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၇ ထောင်နီးပါးလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
တရုတ်-မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းသစ်လို့ နာမည်ပေးထားတဲ့ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်နဲ့ မြန်မာ၊ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်မဲ့ လမ်းကြောင်းသစ်အတွက် တရုတ်-မြန်မာ တာဝန်ရှိသူတွေ မေလကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်မြို့ကြားကို စစ်တပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်း စစ်ကြောင်းထိုးနေပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်တပ်က အခုလို မြေပြင်ကနေ ထိုးစစ်ဆင်တာတွေအပြင် ဝေဟင်ကနေပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ နစကရဲ့ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ထိပ်ပိုင်းတာဝန်ရှိသူတွေ မုန်တိုင်းပြီးအခြေအနေကို လာကြည့်ခဲ့ပေမဲ့ အကူညီပေးရေး အစီအစဉ်တွေ လုပ်ဆောင်တာ မရှိသေးပါဘူး။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ အပျက်အစီးကြီးမားခဲ့သလို မကြာခင် စတင်တော့မဲ့ စပါးစိုက်ပျိုးရေး အတွက်လည်း ကြီးကြီးမားမား ထိခိုက်ကုန်ပါတယ်။ အလားတူ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ဒေသမှာ နွေစိုက်ခင်းအများစု ပျက်စီးကုန်ပါတယ်။ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မှာ အပျက်အစီး ကြီးမားခဲ့သလို မကြာခင် စတင်တော့မဲ့ စပါးစိုက်ပျိုးရေး အတွက်လည်း ကြီးကြီးမားမား ထိခိုက်ကုန်ပါတယ်။
မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် AA အဖွဲ့က ပြန်လည်ထူထောင်ရေးနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ဆေးဝါးနဲ့ အိမ်ဆောက် ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ AA က ပြောပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေ လွန်ခဲ့တဲ့ ၆ လအတွင်း အိမ်ပြန်ပို့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ကျော် ရှိခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူ လေးနိုင်ငံက အဓိကပေးပို့တဲ့ ဝင်ငွေတွေကို စုပေါင်းပြီး သက်ဆိုင်ရာသံရုံးတွေက တင်ပြလာခဲ့တာပါ။
မိုခါမုန်တိုင်းဖြတ်သန်းပြီး ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အစားအသောက်နဲ့ရေကို ဖြန့်ဝေပေးဖို့အတွက် နိုင်ငံတကာအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေက စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ အထူးသဖြင့် ရခိုင်ဒေသမြောက်ပိုင်းက မြို့နယ်တချို့မှာ ဒီအန္တရာယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိုင်းအသိပညာပေးတွေအတိုင်း သတိပြု ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်တာပါ။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်UEC မှာ လာလျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အနက် ပါတီ ၁၄ ခုကို မှတ်ပုံတင်ချပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ဝံ့သာနုပါတီကိုတော့ မှတ်ပုံတင်ခွင့်ငြင်းပယ်လိုက်ပါတယ်။ မှတ်ပုံတင်ခွင့်ရအပြီး လုပ်ငန်းတွေဘယ်လိုဆက်လုပ်နေပါသလဲ။ ကိုခင်မောင်စိုးမင်း ပြောပြမှာပါ။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် UEC မှာ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အထဲကနေ ပါတီ ၁၄ ခုကိုမှတ်ပုံတင်ချပေးထားတယ်လို့ ကော်မရှင်က ထုတ်ပြန် ထားပါတယ်။ လျှောက်ထားတဲ့ ၆၃ ပါတီထဲက ဝံသာနုပါတီကိုတော့ ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ် လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံးထွက်တဲ့ဧရာဝတီတိုင်းက လယ်ဧကအနည်းငယ်ပိုင်ဆိုင်ကြတဲ့ လယ်သမားအတော်များများဟာ စိုက်ပျိုးရေးကနေ အကျိုးအမြတ်သိပ်မရတဲ့အတွက် တင်နေကြတဲ့အကြွေးဆပ်တဲ့အနေနဲ့ မိမိတို့ပိုင်လယ်မြေတွေကို လယ်ပိုင်ရှင်ကြီးတွေလက်ထဲ ထိုးအပ်နေကြရတယ်လို့ သိရပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ဗာဂျီးနီးယားပြည်နယ် ၊ Fairfax City မြို့ရှိ George Mason တက္ကသိုလ်မှာ ဒီလ မေ ၆ ရက် မနေ့က မြန်မာအပါအဝင် အာရှ အမေရိကန်တွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲ ဖျော်ဖြေပွဲတွေပြုလုပ်ကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ ပိတ်ခရား ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသ မုံရွာ-ယာကြီး-ကနီ-မင်းကင်း အာရှပတ်လမ်းဘေးမှာရှိတဲ့ ပိတ်ခရား ကျေးရွာကို မေ ၄ ရက် နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပိတ်ခရား ကျေးရွာထဲကို ကြဲချတာဖြစ်လို့ အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။
မကွေးတိုင်း ယောဒေသက သဘာဝအတိုင်း စိုက်ပျိုးတဲ့ Organic ငရုတ်သီးတွေကို အရင်ကဆို ကုမ္ပဏီတွေကတဆင့် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲ တင်ပို့တဲ့လုပ်ငန်းဟာ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လုံးဝရပ်ဆိုင်းကုန်ပါတယ်။ အဲဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။
စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆင်ရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိမ်ရာနဲ့ချီ ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် လုံခြုံရေး စိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြတာပါ။
မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ ဟာ စိုက်ပျိုးရေးမှာ ဓါတုဆေးတွေကို အလွယ်တကူ အသုံးပြုနေကြတဲ့အတွက် ထွက်ရှိလာတဲ့ သီးနှံတွေကို နိုင်ငံတကာ ဈေးကွက်ထဲကို စံချိန်စံညွှန်းအပြည့်နဲ့ ထိုးဖောက် တင်ပို့ဖို့မှာ အခက်အခဲတွေရှိနေကြပါတယ်။ ကိုခင်မောင်စိုးမင်း စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်