မျောက်က တော်တော်များများရောင်းနေကြတာ ၂မျိုးမကတော့ရှိတာပေါ့။ အမြဲတမ်းတွေ့နေရတာက မျောက်စပ်တွေ့ရတယ်၊ ကျနော်တို့ရောင်းသလို မျောက်ပုတီးတွေ့ရတယ်။ မျောက်ပုတီးကကျတော့ အသက်ဘယ်လောက်ကြီးကြီး သူ့လက်ရှိပုံမှန်ဆိုဒ်ထက် နည်းနည်းလေးပဲထွားမယ်။ မျောက်စပ်ကကျတော့ ထွားရင် ကလေးတယောက်နီးပါးလောက်ထွားတယ်။
ကမ္ဘာတဝန်း စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အငတ်ဘေး ဒုက္ခတွေဟာ တနှစ်ထက် တနှစ် ပိုဆိုးလာနေပြီး ဒါကို ရပ်တန့်အောင် ကမ္ဘာကြီးက မဆောင်ရွက်နိုင်သေးဘူးလို့ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ UNFAO က သတိပေး နေပါတယ်။ ဒါက အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေပါလဲ။
ဒေဝါလီ ခံနေတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ ပြတ်တာ အစားအစာနဲ့ ဆေးဝါးလို အခြေခံကုန်ပစ္စည်းတွေ မလုံလောက်တာကြောင့် စားသုံးကုန် ဈေးနှုန်းတွေ အဆမတန် ဈေးတက်နေပြီး ငွေကြေးဖောင်းပွမှု အဆိုးဆုံး စံချိန်တင်နေပါတယ်။ သာမန်ပြည်သူတွေရဲ့ ဘဝတွေတနေ့တခြား ပိုပြီးခက်ခဲလာနေတဲ့အကြောင်းမခင်ဖြူထွေး တင်ပြပေးပါမယ်။
“ကျွန်တော်တို့ အခု ပြာပုံတွေထဲ ရွာထဲတွေမှာ လျှောက်ရှာတော့ အခုတော့ ၂၀ ခန့်လောက်တော့ ကျွန်တော်တို့ တွေ့ပြီပေါ့နှော်အလောင်း။ အလောင်းတွေက ကြိုးတွေနဲ့ တုတ်ပြီးတော့မှ မီးလောင်ထားတော့ ရုပ်တွေက ဘယ်သူမှန်းမသိကြတော့ဘူး။ ဝမ်းလျားတွေမှောက်ပြီးတော့ပေါ့။"
ဆီးရီးယားနိုင်ငံတွင်းက ကာ့ဒ်လက်နက်ကိုင်တွေကို ထိုးစစ် ဆင်ဖို့ တူရကီနိုင်ငံက ပြင်နေတာနဲ့ ပတ်သက်လို့ အီရန်နဲ့ ရုရှားက ကန့်ကွက် နေတာကို တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ တီဟီရန် ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေး အဖြေရှာ ချင်နေပါတယ်။ မခင်ဖြူထွေး တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ် ဖျက်သိမ်းခဲ့ပြီးတဲ့နောက် အားလုံး တန်းတူညီမျှခွင့်ကို အာမခံနိုင်ဖို့ ပြည်တွင်းစစ်အပြီး ပြင်ဆင် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမှာ ကိုယ်ဝန်ဖျက်ချခွင့်ကိုလည်း ဆယ်စုနှစ် ၅ စုနီးပါး ခွင့်ပြုလာခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပါကစ္စတန်နိုင်ငံက နားရွက်ရှည်ရှည်နဲ့ ဆိတ်ကလေး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီး လူကြိုက်များနေပါတယ်။ ဂျပန်နိုင်ငံမှာ လှေကားတက်နိုင်ပြီး အကျဉ်းအကျပ်ထဲသွားလာနိုင်တဲ့ မြွေစက်ရုပ်ကို တီထွင်လိုက်ပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ဒီပဲယင်းအရှေ့ခြမ်းမှာက ညောင်လှတို့ ဝဲကြီးတို့ ယဉ်ကျေး အဲ့ဘက်က ရွာတော်တော်များများ ထွက်ပြေးနေရတယ်။ ခန့်မှန်းခြေ စစ်ကြောင်းက ၂ ကြောင်းဖြစ်တဲ့အခါကျတော့ ခန့်မှန်းခြေ ရွာ ၂၀ ဝန်းကျင် ရွာ ၂၀ လောက်ရှိမယ်။ လူဦးရေ ၁ သောင်းကျော်လောက်တော့ရှိမယ်။” (ဒေသခံ)
ရုရှား သဘာဝတ်ဓာတ်ငွေ့အပေါ် မှီခိုနေရတဲ့ ဂျာမနီနိုင်ငံ အနေနဲ့ ရုရှားက တင်ပို့တဲ့ ဓာတ်ငွေ့ ပမာဏ လျှော့ချခံရတာ ဒါမှမဟုတ် လုံး၀ ဖြတ်တောက်ခံရတာမျိုး ဖြစ်လာရင် ဒီနှစ် ဆောင်းရာသီမှာ စွမ်းအင် ပြဿနာ ကြုံလာရနိုင်တယ်လို့ ဘာလင်မြို့က စွမ်းအင်ဆိုင်ရာ လေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အမေရိကန် တရားရုံးချုပ်မှာ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ကဲန်တန်ဂျီ ဘရောင်း ဂျက်ဆင်န် (Ketanji Brown Jackson) ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမျိုးသမီး တရားရုံးချုပ် တရားသူကြီးအဖြစ် သမိုင်းဝင်သွားပါတယ်။
ဂျာမနီအစိုးရရဲ့ Deutsche Welle DW သတင်းဌာနနဲ့ ဗွီအိုအေ အမေရိကန်အသံ တူရကီဌာန သတင်းဝက်ဘ်ဆိုက် စာမျက်နှာတွေကို တူရကီ အာဏာပိုင်တွေက တူရကီနိုင်ငံတွင်း ပိတ်ပင်လိုက်ပါတယ်။ တူရကီ နိုင်ငံသားတွေကတော့ ပိတ်ထားတဲ့ သတင်းမီဒီယာဆိုက်တွေကို ရအောင် ဝင်ကြည့်ကြပါတယ်။ မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ဒီကနေ့ ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့က မြေနီကုန်း၊ တာမွေနဲ့ လှိုင်သာယာတို့မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိကြပါတယ်။ ဗုံးကွဲပြီးနောက် အဲ့ဒီနေရာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေက လမ်းတွေ ပိတ်ဆို့ စစ်ဆေးခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် အကြိမ်ကြိမ်တက်ရောက်သူ၊ တမိုင်ခွဲကြိုးတန်းလျှောက်ပြီး ကမ္ဘာ့စံချိန်တင်၊ ရှေးဦးသူနာပြု အသက်ကယ်ဖို့ မိုးပျံဝတ်စုံကို 3D printer နဲ့ ထုတ်လုပ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
နိုဝင်ဘာလ ကျင်းပမယ့် အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ယူကရိန်းနွယ်ဖွား Karina Lipsman ဗာဂျီနီးယားပြည်နယ်က ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ကြိုးစားသူတိုင်းအတွက် နေရာတခုရှိတယ်ဆိုတဲ့ အမေရိကန် အိပ်မက်ကို သူ့အကြောင်းက တနည်းတဖုံ ဖော်ပြရာ ရောက်ပါတယ်။ Yurii Mamon ပေးပို့တဲ့သတင်းကို မခင်ဖြူထွေး တင်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ဒေသတွေကို နိုင်ငံတကာက အကူအညီတွေ ပို့ပေးနေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေကတော့ အများကြီး ဆက်ရှိနေသေးတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း Genia Dulot ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ရွာလေးတရွာမှာ ၁၄ ပေကျော်ရှည်တဲ့ မိချောင်းကြီးတကောင်ကို ကြိုးကွင်းစွပ်ဖမ်းမိ၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ နီးပါး သန္ဓေသား ဖျက်ချခွင့် တရားဝင် ခွင့်ပြုလာခဲ့တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ဇွန်လ ၂၄ ရက်နေ့က ပယ်ဖျက်လိုက်တဲ့ အပေါ် နိုင်ငံတဝန်း ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သလို၊ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေကလည်း အောင်ပွဲ ခံကြပါတယ်။
စားသောက်ကုန်နဲ့ လောင်စာဆီ မလုံလောက်မှုတွေနဲ့အတူ စီးပွားရေး အကျပ်အတည်းဆိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ ပြတ်သွားပြီး အစိုးရ တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကိုင်တွယ် မဖြေရှင်းနိုင်တဲ့အပေါ်မှာ လူထုကြား မကျေမနပ် ဝေဖန်မှုတွေလည်း တိုးလာနေပါတယ်။မခင်ဖြူထွေးစုစည်းတင်ပြထားပါတယ်။
လိင်အင်္ဂါ ပြောင်းလဲထားသူတွေရဲ့ ကမ္ဘာ့ အကြီးဆုံး အလှမယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဒီလိုလူတွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့ ဟွန်ဒူးရက်စ်နဲ့ အိန္ဒိယ လိုနိုင်ငံတွေကပါ လာရောက် ယှဉ်ပြိုင်ကြခဲ့ကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
“ဒီနေ့မနက်ခင်း ၈ နာရီဝန်းကျင်လောက် ရွာကိုဝင်လာတယ်။ ရွာသူရွာသားတွေက ဘုန်းကြီးကျောင်းတွေမှာ ရှောင်ကြတယ်။ ဘေးရွာတွေကို နည်းနည်းဝေးရပ်တွေကို ရှောင်ကြတာ။ ဒီဦးဇင်းတို့ရွာမှာ လွန်ခဲ့တဲ့ တလလောက်က တိုက်ပွဲတွေဖြစ်ပြီးတော့ ဒေသခံတွေ တခြားစီပြေးကြတယ်လေ။ အခုက တိုက်ပွဲမှမဖြစ်ဘူးဘဲနဲ့ ဝင်လာတာ။”(သံဃာတော်-တင်သားရွာ)
နောက်ထပ်ကြည့်ရှုရန်