မက္ကဆီကိုမှာ လူပေါင်းသောင်းကျော်တက်တဲ့ လက်ဝှေ့သင်တန်း ကမ္ဘာ့ဂင်းနစ်စံချိန်ချိုး၊ သြစတြေးလျမှာတော့ သိပ်ရိုင်းတဲ့ ဘာဂါဆိုင် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာ ရက်ပေါင်း ၁၀၀ ကျော်လာချိန်မှာ ယူကရိန်းနိုင်ငံတွင်းကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည် ၅ သန်းကျော် ရှိနေပြီး နောက်ထပ် ၈ သန်းကျော်ဟာလည်း ပြည်တွင်းမှာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေ ကြရတယ်လို့ ကုလသမဂ္ဂ ပြောပါတယ်။
ယူကရိန်းစစ်ပွဲ ၄ လ ကြာလာချိန်မှာ ဒီစစ်ပွဲကြောင့် ကမ္ဘာတဝန်းမှာလည်း ထိခိုက်မှုတွေ ကြုံနေရပါတယ်။ ရုရှား သမ္မတပူတင်ရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် အမေရိကားနဲ့ ကမ္ဘာတဝန်းမှာ လောင်စာဆီဈေးတွေ တက်တာ၊ စားသောက်ကုန် ပြတ်လပ်တာတွေ ကြုံနေရတာပါ။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဗွီအိုအေ ဆောင်းပါးရှင်၊ ဆီးရီးယားသတင်းထောက် Nawroz Rasho ဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၊ သူ နေထိုင်ခဲ့တဲ့ မွေးရပ်မြေမှာ ဗုံးကျဲ တိုက်ခိုက်မှုတွေကြောင့် နေရပ်ကနေ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတခုမှာ ခိုလုံနေရပါတယ်။ သူ့အတွေ့အကြုံတချို့ကိုမခင်ဖြူထွေးက တင်ပြပေးပါမယ်။
ချီလီနိုင်ငံသူ ထိစပ်နေရာမှာ အမြန်ဆုံးရေကူးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ အိန္ဒိယက အမျိုးသမီး မိမိကိုယ်ကို မင်္ဂလာပြန်ဆောင်တာ ဘာ့ကြောင့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၅ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အများစုက ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် လာသူတွေလည်း သောင်းနဲ့ချီ ရှိပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ဇွန်လ ၁၇ ရက် စနေနေ့ကစပြီး ဆိုင် ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းခွင့်မပြုတော့ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေးနေပေမယ့် ဘာကြောင့်စီးနင်းခွင့် မပြုသလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မသိကြပါဘူး။
“ကျနော်တို့ တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ နောင်မှာ အလားတူဖြစ်စဉ်မျိုးတွေကိုမလုပ်နိုင်အောင်၊ နောင်မှာ အလားတူဖြစ်စဉ်မျိုးတွေကိုမလုပ်ရအောင်..အဲဒီတော့ ဒါကို တရားမမျှတဘူးလို့ ကျနော်တို့ ဘာကိုပြောမလဲ။ ဒီလိုပဲပြောချင်ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေး)
အိန္ဒိယနိုင်ငံမှာ ၄၆ မိုင် အရှည် အဝေးပြေးလမ်းမကြီးကို ၅ ရက်အတွင်း အပြီးခင်းလို့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ဝင်၊ နှလုံးရုတ်တရက်ရပ်လို့ ဖြစ်တဲ့ ဒဏ်ရာတွေအတွက် အထူးလိမ်းဆေး ယူကေသုတေသီတွေ စမ်းသပ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု တဝန်း သေနတ်ကိုင် အကြမ်းဖက်မှုတွေ တနေ့တခြား တိုးလာနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာ မိခင်တချို့ရဲ့ အမြင်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ တရုတ်ကာကွယ်ရေး ဝန်ကြီးနဲ့ ဒီသီတင်းပတ်ကုန် စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ကာကွယ်ရေးဖိုရမ်မှာ တွေ့ဆုံပါလိမ့်မယ်။ ဒါဟာဖြင့် အမေရိကန်နဲ့ တရုတ် အကြီးတန်း အရာရှိကြီးတွေ ကြုံတောင့်ကြုံခဲ မျက်နှာချင်းဆိုင် တွေ့ဆုံကြမှာဖြစ်ပါတယ်။ မခင်ဖြူထွေးက တင်ပြပါမယ်။
Matthew Parker ဟာ အီရတ် စစ်ပွဲတုန်းက ယူကရိန်းနွယ်ဖွား အမေရိကန်စစ်သားတွေနဲ့အတူ တိုက်ခဲ့တဲ့ အမေရိကန် စစ်မှုထမ်းဟောင်း တယောက်ပါ။ ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့သတင်း ကြားချိန်မှာ ယူကရိန်းနိုင်ငံသားတွေ ဘက်ကနေ ကူညီတိုက်ခိုက်ဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်ရဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ USAGM အကြီးအကဲ နေရာမှာ ဗွီအိုအေ အမေရိကန်အသံ ညွှန်ကြားရေးမှူးဟောင်း Amanda Bennett ကို ခန့်အပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က အဆိုပြုထားတဲ့အပေါ် ဒါကို စစ်ဆေး အတည်ပြုဖို့ အရေးပါတဲ့ အထက်လွှတ်တော် ကော်မတီ ရှေ့မှောက် အင်္ဂါနေ့က ကြားနာခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကားတိုက်နိုင်ငံတွေရဲ့ထိပ်သီးဆွေးနွေးပွဲကို အမေရိကန် လော့စ်အိန်ဂျဲလိစ် မြို့မှာကျင်းပဖို့ ရှိပေမဲ့ ကျူးဘား၊ နီကာရာဂွား နဲ့ ဗင်နီဇွဲလား နိုင်ငံခေါင်းဆောင်တွေကို အမေရိကန်က မဖိတ်တဲ့အတွက်တခြားအရေးပါတဲ့နိုင်ငံတချို့ကလည်းမတက်ဘူးဆိုပြီး သပိတ်မှောက်ကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန် မြို့တော်ဝါရှင်တန်မှာရှိတဲ့ Gallaudet တက္ကသိုလ်က ၂၀၂၀ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပထမဆုံး ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီမှာ အကြားအာရုံချို့တဲ့သူတွေအတွက် လက်သင်္ကေတဘာသာစကား နဲ့ သင်ယူနိုင်တဲ့ ကမ္ဘာပေါ်က တခုထဲသောတက္ကသိုလ်ဖြစ်ပါတယ်။ မခင်ဖြူထွေးက ပြောပြပေးပါမယ်။
အရပ်သား ပြည်သူတွေကို မြန်မာစစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်တာ၊ မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေလို တိုက်ခိုက်နေတာ တွေဟာ စစ်ရာဇဝတ်မှုကျူးလွန်ရာ ရောက်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ Amnesty International က ပြောလိုက်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဗြိတိန်ထီးနန်းကို သက်တမ်းအကြာဆုံး ဆက်ခံပြီး သက်တော် ၉၆ နှစ်ရှိနေပြီဖြစ်တဲ့ ဘုရင်မကြီး Elizabeth ရဲ့ နန်းသက် ၇၀ ပလက်တီနန် ရတုအထိမ်းအမှတ် ဘုရင်မကြီးနာမည် မှည့်ခေါ်ထားတဲ့ နှင်းဆီပန်းမျိုးစိတ်အပါအဝင် တခြား အမှတ်တရပစ္စည်းတွေ ထုတ်လုပ်နေကြတဲ့အကြောင်း မခင်ဖြူထွေးက ပြောပြပေးပါလိမ့်မယ်။
"ဟိုမှာပြောထားတဲ့ဈေးကတော့ ၅,၀၀၀ ကျော်ပဲရှိတာလေ။ ဒါပေမယ့် တခါမှ အဲလိုဈေးနဲ့တောင် မဝယ်ဖူးဘူး။ လက်ထဲမှာပစ္စည်းမှမရှိတာ၊ ရောင်းဖို့ပစ္စည်း မရှိတော့ တချို့ရှိတဲ့သူကျ သူတို့ရဲ့စိတ်ကြိုက်ဈေးနဲ့ ရောင်းတာပေါ့နော်။ မရှိတဲ့သူကျတော့လည်း ရောက်တော့မှ ဈေးဖွင့်မယ်ပေါ့ အဲလိုတွေ ရောင်းကြတယ်။" (ဆီကုန်စည်ဒိုင်ပိုင်ရှင်)
တက္ကဆက်ပြည်နယ် Uvalde မြို့မှာလိုပစ်ခတ်မှုတွေကြောင့် အသက် ၁၄ နှစ်နဲ့အောက် ကလေးငယ်တွေ နေ့စဉ် သေဆုံးမှု တိုးလာနေတဲ့အပေါ်မှာတော့ သိပ် သတိမပြုကြသေးပါဘူး။ အမေရိကန်မှာ ကလေးငယ်တွေ သေဆုံးရတဲ့ အဓိက အကြောင်းရင်းက သေနတ်ကိုင် ပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကမ္ဘာ့အမြင်ဆုံး ဧဝရက်တောင်ရှိတဲ့ နီပေါမှာနေတဲ့ ကမ္ဘာ့အပုဆုံး အမျိုးသား၊ ပြင်သစ်နိုင်ငံမှာ တမိုင်ကျော်အရှည် ကြိုးတန်းလမ်းလျှောက်သူ ကမ္ဘာ့စံချိန်သစ်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်