စက်တင်ဘာ ၂၅၊ ၂၀၁၄ - ဈေးကွက်စီးပွားရေး ကျင့်သုံးလာတာ အနှစ်အစိတ်လောက်ရှိပြီး ဖြစ်ပေမဲ့ မြန်မာပြည်မှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ထွန်းကားဖို့ အခက်အခဲရှိနေသေးတာကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
စက်တင်ဘာ ၁၈၊ ၂၀၁၄ - အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ပေါ်ရေးဟာ ဗမာအစိုးရရဲ့ စိတ်ကူးယဉ်အိပ်မက်လို ဖြစ်နေပုံကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ် တင်ပြထားပါတယ်။
စက်တင်ဘာ ၁၁၊ ၂၀၁၄ - အလွန်ခေတ်နောက်ကျနေတဲ့ မြန်မာ့ဘဏ်လုပ်ငန်းကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် အရာရှိဟောင်းတဦးရေးသားတဲ့ အစီရင်ခံစာကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
စက်တင်ဘာ ၄၊ ၂၀၁၄ - ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက် အစီအစဉ်မှာ ပြန်လည်ရှင်သန်လာတဲ့ မြန်မာ့ဘဏ်လုပ်ငန်းနဲ့ ငွေမဲခဝါချမှုအကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၂၈၊ ၂၀၁၄ - စစ်အာဏာရှင်တွေ ကြီးစိုးစဉ်က ငွေစက္ကူတွေကို လိုသလို ရိုက်နှိပ်သုံးစွဲခဲ့လို့ ငွေကြေးဖောင်းပွပြီး ကျပ်ငွေတန်ဖိုး ကျဆင်းရပုံကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၂၁၊ ၂၀၁၄ - ဖွံ့ဖြိုးတိုးတက်လာအောင် အကြံအဖန်လုပ်လို့ မရပါဘူး။ ကျင့်သားရနေတဲ့ ခြယ်လှယ်သွေးစုတ် ထုတ်ယူတဲ့စနစ် ပျောက်ကွယ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းတည်ထောင်မှု ရှိဖို့လိုအပ်ကြောင်း သုံးသပ်ထားတဲ့စာအုပ်ကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၁၄၊ ၂၀၁၄ - မြန်မာ့ပြုပြင်ရေးမှာ အင်အားစုတွေ စုပေါင်းပြီး လက်တွဲမလုပ်နိုင်ရင် အတိုင်းမသိတဲ့ နစ်နာဆုံးရှုံးမှုတွေကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဟားဗတ်တက္ကသိုလ်က ပညာရှင်နှစ်ဦး သုံးသပ်ထားတာကို ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က အကျဉ်းချုံး တင်ပြထားပါတယ်။
သြဂုတ် ၀၇၊ ၂၀၁၄ - ကမ္ဘာ့ဈေးကွက်မှာ စီးပွားရှာနေကြတဲ့ ကုမ္ပဏီကြီးငယ်တွေဟာ အစိုးရအကူအညီကို ရကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရဖိနှိပ်တာကို အနှစ် (၅၀) လောက်ခံခဲ့ရတဲ့ မြန်မာကုမ္ပဏီတွေဟာ ယှဉ်ပြိုင်မှုစွမ်းရည် ကင်းမဲ့နေကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင် ၃၁၊ ၂၀၁၄ - အစိုးရနဲ့ ခရိုနီလုပ်ငန်းတွေ ကြီးစိုးခဲ့တဲ့ အာဆီယံနိုင်ငံတွေမှာ တရားမျှတစွာ စီးပွားရေး ပြိုင်ဆိုင်လုပ်ကိုင်နိုင်အောင် မူဝါဒချမှတ်ပြီး ဥပဒေတွေ ပြုစုပြဌာန်းလာတာ တွေ့ရပါတယ်။ ဒီကိစ္စဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ရ ခက်ခဲကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင် ၂၄၊ ၂၀၁၄ - တိုင်းပြည်ရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ကြီးထွားလာတာကို တရားမျှတတဲ့ တိုးတက်ဖွံ့ဖြိုးမှုလို့ ASEAN အသင်းက အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မြန်မာပြည်ဟာ အောက်ဆုံးအဆင့်မှာ ရောက်နေကြောင်း ဦးအောင်ခင်နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင် ၁၇၊ ၂၀၁၄ - အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုတဲ့ စီမံကိန်းကြီး စတင်အကောင်အထည်ဖော်ဖို့ တနှစ်ခွဲပဲ လိုပါတော့တယ်။ ဒါပေမဲ့ မျှော်လင့်ထားသလို ဖြစ်လာဖို့ အလားအလာနည်းနေကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင် ၁၀၊ ၂၀၁၄ - ဘိန်းဘုရင်အဖြစ် နံမည်ကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေ ကွယ်လွန်သွားကြပေမယ့် မူးယစ်ဆေးလုပ်ငန်းဟာ မြန်မာပြည်မှာ ရှင်သန်ကြီးထွားနေပါတယ်။ တဦးတည်း၊ တဖွဲ့တည်းကို တရားခံသတ်မှတ်ပြီး အရေးယူရုံနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာမဟုတ်ကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇူလိုင် ၀၃၊ ၂၀၁၄ - ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေး ပပျောက်ရေးစီမံကိန်းတွေ အကောင်အထည် ဖော်နေတာ နှစ်ပေါင်းကြာလှပါပြီ။ ဒါပေမဲ့ မူးယစ်ဆေးထုတ်လုပ်မှုဟာ အရှိန်အဟုန်နဲ့ တိုးပွားနေကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇွန် ၂၆၊ ၂၀၁၄ - ဒေသဆိုင်ရာအရေးတွေမှာ မြန်မာပါဝင်တဲ့ အခန်းကဏ္ဍများပြားလာပုံနဲ့ ပတ်သက်ပြီး သုတေသနလုပ်ထားတဲ့ စာအုပ်အကြောင်းကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က တင်ပြထားပါတယ်။
ဇွန် ၁၉၊ ၂၀၁၄ - လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်ကစပြီး စစ်ဆင်ရေးဒေသတွေမှာ အစိုးရတပ်တွေ မုဒိမ်းမှုတွေ ကျူးလွန်နေပါတယ်။ ဒါပေမဲ့ ဗမာအစိုးရဟာ သူ့တပ်ကို သူမနိုင်ဖြစ်နေကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇွန် ၁၂၊ ၂၀၁၄ - နိုင်ငံရေးကင်းရှင်းတဲ့ တပ်မတော်ကနေ နိုင်ငံရေးလုပ်တဲ့ တပ်မတော်ဘဝ ရောက်လာခဲ့တဲ့ဖြစ်စဉ်မှာ ပြောင်းလဲလာတဲ့ စစ်သဘောတရားအကြောင်းကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
ဇွန် ၅၊ ၂၀၁၄ - စစ်ဗိုလ်တွေရဲ့ အခွင့်အရေးနဲ့ အကျိုးခံစားခွင့်တွေဟာ စစ်တပ်တိုင်းမှာ ဦးစားပေးတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်တွေရဲ့ အခွင့်ထူးစနစ်ဟာ ပြုပြင်ရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
မေ ၂၉၊ ၂၀၁၄ - ဗမာစစ်ဗိုလ်နဲ့ ထိုင်းစစ်ဗိုလ်တို့ဟာ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တဲ့နေရာမှာ အသွင်တူကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ် အာဏာသိမ်းလိုက်လို့ တိုင်းပြည်စီးပွားရေး မပျက်စီးရဘဲ၊ ဗမာစစ်ဗိုလ်ကြီးစိုးလို့ တိုင်းပြည်ဆင်းရဲသွားပုံကို သုံးသပ်တင်ပြထားပါတယ်။
မေ ၂၂၊ ၂၀၁၄ - ကိုးကွယ်ရာဘာသာ ကူးပြောင်းမှုဆိုင်ရာဥပဒေကို ရေးဆွဲပြဌာန်းဖို့ အစိုးရက စီစဉ်နေပါတယ်။ ဒါပေမဲ့ ကိုးကွယ်တဲ့ဘာသာ ကူးပြောင်းရတဲ့အကြောင်းရင်းတွေကို စူးစမ်းလေ့လာဖို့လိုအပ်ကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
မေ ၁၅၊ ၂၀၁၄ - ထိပ်သီးညီလာခံအပါအဝင် ဒီလထဲမှာ အာဆီယံအစည်းအဝေး (၉၀) ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီအထဲက အစည်းအဝေး (၄၀) ကျော် မြန်မာပြည်မှာ ကျင်းပပါလိမ့်မယ်။ အာဆီယံအစည်းအဝေး သံသရာထဲရောက်နေတဲ့ အကျိုးအပြစ်ကို ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်