ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းမှာ ဇွန်လ ၆ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ စစ်ကောင်စီ ရဲစခန်း ၅ ခုလောက် တိုက်ခိုက် ဖျက်ဆီးတာခံခဲ့ရပြီး စစ်ကောင်စီဘက်က လူ ၄၀ လောက်ကျဆုံးတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ချုံဖွန်၊ ဆင်းဘူရီနဲ့ ချင်းမိုင်ပြည်နယ်တွေမှာ ခုရက်ပိုင်းအတွင်း အထောက်ထားမဲ့ မြန်မာ ၄၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနဲ့ နတ်သံကွင်းရဲစခန်း တို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်ပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိတာကြောင့် ဒေသခံ ၁၅,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဖမ်းမိ တရားခံတွေထဲက တချို့ဟာ တချိန်က ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်လှုပ်ရှားခဲ့တဲ့ ဘုရားသခင်တပ်မတော် (God's Army) က တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တယ်လို့လည်း ထိုင်း အမှတ် (၇) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံဘက်အခြမ်း ကရင်ပြည်နယ် မြဝတီခရိုင်ဘက်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားလိုင်းကို မြဝတီမြို့ကလွဲရင် ကျန်ရှိတဲ့ နေရာ (၃) ခုကို ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ထိုင်းအစိုးရက ဖြတ်တောက်တော့မယ်လို့ ထိုင်းသတင်း မီဒီယာတွေမှာ ဖော်ပြနေတာပါ။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်တွေမှာ အထောက်အထားမဲ့ မြန်မာတွေသယ်လာတဲ့ယဉ်တွေတိမ်းမှောက်ပြီး ၅ ဦး ထက်မနည်းသေဆုံးခဲ့ပါတယ်။
ထိုင်းအမျိုးသမီးဟာ မြန်မာ TikTok အပလီကေးရှင်းကနေ အမည်မသိလူတစ်စုက တာချီလိတ်ခရိုင် KTV ဖျော်ဖြေရေးမှာ အလုပ်လုပ်ကိုင်ဖို့ စည်းရုံးခံရပြီးနောက် တာချီလိတ်ကတဆင့် တရုတ်နယ်စပ်၊ ပန်ဆန်းမြို့၊ တရုတ်ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတွေလက်ထဲမှာ ရောင်းစားခံရတယ်လို့ဆိုပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်အလုပ်သမားတွေအနေနဲ့ အိမ်ပြန်ရင် ပြဿနာမရှိပေမယ့် ကျနော်တို့နိုင်ငံကလူတွေပြန်သွားရင်တော့ပြဿနာရှိတယ် ဒါကိုထောက်ပြတာ ကျနော်တို့ကဒါကိုအကြိမ်ကြိမ်ထောက်ပြခဲ့တယ်။ ဒါကို အခုကတော့ တရားဝင်ထုတ်ပြန်လိုက်တာပါ"
ကရင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေတိုးလာတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးရှိလာပြီလို့ KNU ကရင်အမျိုးသားအစည်းအရုံး က ပြောပါတယ်။
အရင်တုန်းကတော့ ဒရုန်းအသုံးပြုမှုတွေကို စစ်တပ်က ကင်းထောက်သဘောမျိုးနဲ့သာသုံးခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသာ ဒရုန်းတွေကို သုံးလေ့ရှိတာပါ။ အခုအခါမှာတော့ စစ်တပ်ဘက်ကလည်း KNU ထိမ်းချုပ်နယ်မြေထဲက ကျေးရွာတွေပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေပါ အသုံးပြုလာတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်၊ ထာ့ခနွန် ကျေးရွာအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အစုလိုက်အပြုံလိုက်ကို မေလ ၂၄ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။
KNU ရဲ့ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၀၁) အခြေစိုက်တဲ့ ကော့ကရိတ်မြို့နယ်မှာ မနေ့ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းနဲ့ လူနေအိမ်တွေ အပါအဝင် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့ ကာလမှာ အလုပ်လုပ်တဲ့အချိန်ကာလက ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေး ရံပုံငွေကနေ ထောက်ပံ့ကြေးပြန်ရအောင်လုပ်ဆောင်နိုင်ပါတယ်။
ထိုင်း−မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်ထဲမှာ မေလ ၂၂ရက်နေ့က နယ်မြေခံရဲတပ်ဖွဲ အပါအဝင် အဖွဲ့စုံက လမ်းတွေမှာ ဂိတ်ချပြီး ပိတ်ဆို့ စစ်ဆေးမူတွေ လုပ်ခဲ့သလို စက်ရုံငယ်တွေနေရာတွေကိုလည်း စစ်ဆေးခဲ့တာကြောင့် မြန်မာ ၇၀ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာ ကျေးရွာက ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး သတ်ဖြတ်မီးရှို့ခဲ့ရာမှာ လူ ၂၀ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပြီလို့ KNU က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ထိုင်း−မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လတ်ခတ်တောင် ကျောင်းမိုင်းဒေသဘက်ကို စစ်ကောင်စီတပ်တွေက မေလ ၁၇ရက်၊ ဒီနေ့မနက် ၃နာရီကျော်အချိန်မှာ လေကြောင်းကနေ ပစ်ခတ်မူတွေ လုပ်ခဲ့ပေမယ့် KNU နဲ့ ပူပေါင်းတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ မေလ ၁၁ ရက်နေ့ကတည်းကစခဲ့တဲ့တိုက်ပွဲတွေဟာ မေလ ၁၄ ရက်နဲ့ ၁၅ ရက်တွေအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများတယ်လို့လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ပရပ်ကွက်၊ မဲလွေအိမ်ယာဝင်းက နေအိမ်တလုံးထဲမှာ မေလ ၁၄ ရက်က မီးလောင်ပေါက်ကွဲခဲ့လို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးရာမှာ အိမ်ခန်းအတွင်းမှာ ယမ်းနဲ့တွင်ခုံတွေကို တွေ့ရှိခဲ့တာကြောင့် အနီးအနားက အထောက်အထားမဲ့ မြန်မာ ၁၅ ယောက်လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။
"ကော့ကရိတ်ဘက်မှာတော့ ဘူဒိုဇာတွေနဲ့ လမ်းကြောတွေကိုဖျက်ချနေတယ်။ ဘာလုပ်တာလဲမသိဘူး။ သူတို့က စစ်ကြောင်းတွေတက်လာမှာစိုးလို့ထင်တယ်။ တောဘက်ကလူတွေ ဒီဘက်ကနေ စစ်ကြောင်းတွေတက်လာပြီး သူတို့ကိုချမှာစိုးလို့နဲ့တူတယ်။ ခလရ ၃၄၃ ကလည်း စစ်ကြောင်းထိုးလာတယ်။" (နယ်စပ်နေ ပြည်သူ)
နောက်ထပ်ကြည့်ရှုရန်