ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ် ကြံစိုက်ခင်းထဲမှာ မြန်မာနိုင်ငံသား ၁၄ ဦးကို ချုပ်နှောင်ပြီး အတင်းအဓမ္မအလုပ်ခိုင်းစေခဲ့တဲ့ ကြံခင်းပိုင်ရှင်နဲ့ ရွာသူကြီးအပါအဝင် လူ (၉ ) ဦးကို တရားစွဲဆိုအရေးယူလိုက်ကြောင်း မေလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲချုပ်က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်လှုပ်ရှားရာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မကြာသေးခင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးကြောင်း တာဝန်ရှိသူ တယောက်က ဒီကနေ့ပဲ အတည်ပြုခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ ဆယ်စုနှစ်တခုကျော်ကစပြီး operation smile အဖွဲ့ကနေ မြန်မာနိုင်ငံသားတွေနဲ့နယ်စပ်နေပြည်သူတွေထဲက နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးသူငယ် ကို ခွဲစိတ်ကုသမူတွေလုပ်ပေးခဲ့တာပါ ။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) အခြေစိုက်လှုပ်ရှားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီရက်ပိုင်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဒူးပလာခရိုင်မှာ ရာနဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
"လမ်းဘေးချော်ကျပြီး မြောင်းဘေးကိုထိုးကျသွားတာ ၂ ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ၁၃ ယောက်ဒဏ်ရာရတယ်။ ဆေးရုံတက်ရတယ်။ ကားမှောက်မှုက မကြာခဏဖြစ်တယ်။"(မြန်မာရွှေ့ပြောင်းအလုပ်သမားတဦိး)
အမေရိကန်နိုင်ငံ မင်နီဇိုးတားပြည်နယ်က စိန်ပေါကောလိပ်မှာရှိတဲ့ မြန်မာကျောင်းသားတွေက မကြာသေးခင်ကပဲ မြန်မာယဉ်ကျေးမှုအဖွဲ့ - Myanmar Culture Club ကို ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ ဒါ့အပြင် ဒေသတွင်းက မြန်မာလူငယ်တွေကိုပါ စုစည်းပြီး မြန်မာလူငယ်အဖွဲ့ Burmese Youth Association ကိုလည်း ဖွဲ့စည်းခဲ့တာပါ။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီနဲ့ ချင်းရိုင်ပြည်နယ် ၂ ခုအတွင်းမှာ ၂ ရက်အတွင်း တရားမဝင်မြန်မာ အယောက် ၁၃၀လောက်ကို လူကုန်ကူးသူတွေနဲ့အတူ နယ်မြေခံ စစ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အစုလိုက် အပြုံလိုက် ဖမ်ဆီးမိလိုက်တယ်လို့ အလုပ်သမားရေးလှုပ်ရှား သူဦးမိုးကြိုးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီလ ၂၄ ရက်နေ့ကစပြီး KNU ထိမ်းချုပ်ရာနယ်မြေမှာ ကျင်းပခဲ့ပြီး မေလ ၂ရက်နေ့မှာတော့ KNU ဥက္ကဌအဟောင်းက အနားယူပြီး ဒု-ဥက္ကဌဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်းက ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး မောင်းပြန်ရိုင်ဖယ်လက်နက် ၂လက်ကို ဓါတ်မြေသြဇာအိပ်ထဲ ဖွက်ယူလာတဲ့ မြန်မာ လူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။
“ထိုင်းနိုင်ငံမှာတော့ အလုပ်သမားတွေက သူတို့ရဲ့ အခြေခံလုပ်အားခကို အမြဲတောင်းဆိုတာရှိတယ်။ ဒီနေ့ မေဒေးနေ့မှာတော့ တနေ့ အနှိမ့်ဆုံးလုပ်အားခကို ၇၁၅ ဘတ်ထိ တောင်းဆိုတာရှိပါတယ်၊၊”
ထိုင်းနိုင်ငံ စမုတ်ပရာကန်ပြည်နယ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ ဖာတလုံပြည်နယ်တွေမှာ ၃ ရက် အတွင်း အထောက်အထားမဲ့ မြန်မာ ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က နာမည်ကြီး လိင်ဖျော်ဖြေရေး နိုက်ကလပ် TICAC ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ခဲ့ပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှောင်ခိုတွေက မလေးရှားကိုပို့ဖို့ ကားထဲမှာ ဝှက်ပြီးခေါ်လာတာလို့လည်းဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက မနေ့က ရနောင်းကနေ ကော့သောင်းဘက်ကို ပြန်ပို့ခဲ့ပါတယ်။ ပြန်ပို့ခံရသူတွေထဲမှာ ကိုဗစ်ကပ်ရောဂါပိုးရှိသူ တဒါဇင်လောက်ရှိတယ်လို့ဆိုပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက မနေ့ကနဲ့ ဒီကနေ့ တနင်္လာနေ့မှာ ရငဲရွာနဲ့ဝဲရစ်ရွာထဲကိုဝင်ရောက်ပြီး ဒေသခံ ၁၀၀ လောက်ကိုဖမ်းဆီးပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အဆက်သွယ်ရှိလား ဆိုပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်းဒေသခံတဦးကပြောပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ် မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စစ်ရေးဂိတ်မှာ ဘန်ကောက်ဘက်ကိုသွားဖို့ သခွါးသီးတွေတင်လာတဲ့ကားရဲ့အံဝှက်ထဲမှာ ခိုးပြီးလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဧပြီလ ၂၃ ရက်နေ့မနက် (၁) နာရီကျော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံအယုဒ္ဓယပြည်နယ် ဘန်ပအင်မြို့နယ် ချင်ရာ့နွဲ့ကျေးရွာနားက ဘန်ကောက်မြို့အဝင် လမ်းမကြီးမှာ တရားမဝင်မြန်မာ၂၀ ကျော်ကိုသယ်လာတဲ့ကား၂ စီးကို လုံခြုံရေးတပ်ဖွဲ့တွေက ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေပြီး ဧပြီလ ၁၉ ရက်နေ့ မှာ မနက် ၅ နာရီလောက်ကနေ နေ့လယ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့ နှစ်ဘက်လုံးက ထိခိုက်သေဆုံးစာရင်း ထုတ်ပြန်တာ မရှိသေးပါဘူး/
“ပြည်သူ့စစ် ၂ယောက် အသတ်ခံရပြီးနောက်ပိုင်း ညနေဘက်မှာ ရွာသား ၃၀၀လောက်က ကြောက်လန့်ပြီး ထွက်ပြေးတာပေါ့။ ဆိုလိုတာက စစ်ကောင်စီက အကြမ်းဖက်လာဖက်မှာစိုးလို့ ထွက်ပြေးသွားတာပါ။ ရွာသားတွေ ထွက်ပြေးတော့ ထိုင်းဘက်ကလည်း အကူညီပေးတာ ရှိပါတယ်။”
“ဧပြီလ ၁၃ ရက်က ရန်သူရဲ့ကျောက်မိုင်းကုန်းကိုချောင်းပစ်တာ၊ စနိုက်ပါနဲ့ပစ်တာတော့ ၃ ယောက်လောက်သေတယ်။.... ဧပြီ ၁၂ နဲ့ ၁၃ က တိုက်ပွဲပြင်းထန်တော့ ကျနော်တို့ဘက်ကလည်း ၄ ယောက်လောက် ကျဆုံးတယ်။ စခန်းကုန်းကတော့ တက်သိမ်းပြီး ဖျက်ဆီးပြီး ပြန်ဆုတ်ခွါခဲ့တယ်။" (PDF တပ်ဖွဲ့ခေါင်းဆောင်တဦး)
နောက်ထပ်ကြည့်ရှုရန်