သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာ ၄၉ဦး ဖမ်းဆီးခံရ


ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာ ၄၉ဦး ဖမ်းဆီးခံရ (photo Courtesy: THAI ARMY)
ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာ ၄၉ဦး ဖမ်းဆီးခံရ (photo Courtesy: THAI ARMY)

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာ ၄၉ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်၊ ထာ့ခနွန် ကျေးရွာအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အစုလိုက်အပြုံလိုက်ကို မေလ ၂၄ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ လတ်တလောမှာလည်း မြန်မာတွေ အများဆုံးရှိရာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာလည်း လုံခြုံရေးအရ တင်းကြပ်ပြီး အဖမ်းဆီးတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေဟာနေစဉ်နီးပါး အဖမ်းခံရနေရပြီး မေလ ၂၄ ရက်နေ့ကတော့ လူ ၄၉ ယောက်ပါတဲ့ လူစုလူဝေးဟာ တရားဝမ၀င် ခိုးဝင်လာတုန်း ဖမ်းဆီးခံရတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

" ထိုင်းနဲ့ မွန်ပြည်နယ် ကမ်ချနဘူရီနယ်စပ် ထောင်ဖာဖွန်မြို့နယ်ထဲမှာ နယ်စပ်တောလမ်းတနေရာမှာ မြန်မာ ၄၉ ယောက် ထိုင်းကို တရားမဝင်ဝင်ရောက်မှုနဲ့ အဖမ်းခံရတယ်၊ အဲဒီ ၄၉ ယောက်ထဲမှ ာအမျိုသားက ၂၉ ယောက် အမျိုသမီးက ၂၀ ယောက် ပွဲစားကတော့ ထွက်ပြေးသွားတယ်။ သူတို့က ထိုင်းကိုလာဖို့အတွက် ထိုင်းဘတ်ငွေ ၃၀၀၀ လောက် မြန်မာကျပ်ငွေ ၂၅ သိန်းလောက်ပေးပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက် ပတ်ဝန်းကျင်မှာ အလုပ်လုပ်ဖို့အတွက် ဘန်ကောက် မဟာချိုင်စင်ဘူရီ အစရှိတဲ့ လုပ်အားခများတဲ့ နေရာမှာ အလုပ်လုပ်ဖို့အတွက် မျှောင်လင့်ချက်ကြီးစွာ လာခဲ့ကြတာပါ။ အဲဒါကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိသွားတာပါ။"

ဖမ်းဆီးခံရသူတွေဟာ ပွဲစားတွေ အဆင့်ဆင့်နဲ့ မြန်မာနိုင်ငံ ရန်ကုန် မော်လမြိုင် ရခိုင်ပြည်နယ်တွေကနေ ခက်ခက်ခဲခဲ လာကြတာဖြစ်ပါတယ်။

" သူတို့တွေက မော်လမြိုင် ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က လာကြတာပါ၊ သူတို့ကိုတော့ ထိုင်းနိုင်ငံက လတ်တလောရှိနေတဲ့ အမျိုးသားလုံခြုံရေးဥပဒေနဲ့တောင် အရေးယူခံရနိုင်တယ်။ ပွဲစားကတော့ လူကုန်ကူးမူနဲ့ ဖမ်းခံရမှာပါ။ သူတို့ကလည်း လူကုန်ကူးမူရဲ့သားကောင်တွေပေါ့။ "

အခုဆိုရင် ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲလမတ်နဲ့ မဲဆောက်ဘက်မှာလည်း မေလအတွင်း လက်နက်တွေ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတာတွေရှိတဲ့အတွက် လုံခြုံရေးတွေက ဂိတ်ချ စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေတယ်လို့လည်းဆိုပါတယ်။

" ထိုင်းနိုင်ငံမြန်မာတွေ အများဆုံးရှိတဲ့ မဲဆောက်မှာလည်း ၇ ရက် အထူးစီမံချက် လုံခြုံရေးစောင့်ကြည့်ကာလ မပြီးသေးဘူး။ မေလ ၂၂ ရက်နေ့က နေ မေလ၂၈ ရက်နေ့အထိ ၇ရက် ဒီမှာရှိတဲ့ စစ်ဘက် အရပ်ဖက်က လုံခြုံရေးအဖွဲ့ပေါင်းစုံက နေရာပေါင်းစုံမှာ ဂိတ်ချပြီး စစ်တာတွေ ဂိတ်မချပဲ ပတ်တရောင် ရဲကားတွေနဲ့ ဆိုင်ကယ်ပေါင်းစုံနဲ့ ပတ်တာတွေ နေရာပေါင်းစုံကနေ လုံခြုံရေး ကင်မရာတွေက မသင်္ကာဖွယ်တွေရှိတာတွေ ခြေရာခံပြီး ဖမ်းဆီးနေတာတွေလည်း တွေ့ရတယ်။ "

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး စီးပွားရေး လူမူရေး မတည်ငြိမ်မူတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ လာကြသူတွေ များပါတယ်။ ဒီထဲမှာ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကတော့ အစုလိုက် အပြုံလိုက်ဖမ်းမိနေတာဖြစ်ပြီး မကြာခနဆိုသလို နယ်မြေခံ စစ်တပ်က ဖမ်းမိနေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG