ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မူ့တွေ ဆက်တိုက်လုပ်တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ထိုင်းနိုင်ငံအလယ်ပိုင်း Prachinburi က စက်မှုဇုံမှာရှိတဲ့ စက်ရုံတခုမှာ မတော်တဆ ပေါက်ကွဲမှုဖြစ်ရာက အနည်းဆုံး မြန်မာနိုင်ငံသား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
"မနေ့ကတည်းကလမ်းဖွင့်ပေးလိုက်တယ်။ မြိတ်မှာကျတော့ စစ်တပ်ကပိတ်တယ်။ ပုလောဘက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ထားတယ်။ နှစ်ဖက်လုံးကပိတ်ထားတာ။ အခုဟာကတော့ ကားလမ်းက နှစ်ဖက်လုံးက ပြန်ဖွင့်ပေးလိုက်ပြီ။ မနေ့ကဆိုရင် မနက်အစောကြီးမှာ ထားဝယ်ဘက်ကနေလာတဲ့ကားတွေကို စစ်ကောင်စီက ကား ၃ စီးဖွင့်ပေးလိုက်တယ်။ " (ဒေသခံ)
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မ ၅၀ည ပုဒ်မ ၅၂ တို့နဲ့ အဖမ်းဆီးခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွားကြောင်း ဖေါ်ပြထားတာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA (ဗဟို)ဌာနချုပ်ကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ မြဝတီခရိုင်ထဲက စစ်တပ်စခန်း ၄ ခုလောက်ကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေဆီမှာ ဒီရက်ပိုင်းအတွင်း လက်လွှတ်ခဲ့ရတဲ့နောက်မှာ စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို စစ်တပ်အားဖြည့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ကာကင်းစခန်းသုံးခုကို မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ အောက်တိုဘာလ ၂၀ရက်နေ့မှာ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂) Venomစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကို အောက်တိုဘာလ ၁၇ ရက်နေ့က ဂိုဒေါင်တခုမှာ ဖမ်းမိခဲ့တာပါ။ မဲဆောက်က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကတော့ ထိုင်းအာဏာပိုင်တွေ မူးယစ်ကုန်ကြမ်းတွေ ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် မြိတ်မြို့နဲ့ ပုလောမြို့ကြားက ပြည်ထောင်စုကားလမ်းမကြီးမှာ ကားတွေ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်မိနေကြပါတယ်။ ဒီကားလမ်းမှာ မိုင်းနင်းမိလို့ ယာဉ်မောင်းတဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေ့ကေကော့မှာ အဓိကစစ်ရေးအရ အချက်အခြာကျတဲ့ လက်နက်ခဲယမ်းအများအပြား သိုလှောင်ထားတဲ့ လက်နက်ကြီးဗျူဟာစစ်စခန်းကြီး ကို KNLA /PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် တခြား PDF ပူးပေါင်းစစ်ကြောင်းတွေက ပူးပေါင်းပြီး သိမ်းပိုက်လိုက်နိုင်တာပါ။
"ဖမ်းဆီးခံရတာကတော့ ထိုင်းနိုင်ငံကိုသွားဖို့ ကားငါးစီးနဲ့ထွက်လာတာကိုပစ်ခတ်ပြီး နောက်က လိုက်လာတာ။ အများကြီးပဲ လူ ၂၀၀ ကျော်လောက်ရှိတယ်။ မွန်ဒေသကလူတွေချည်းပဲ ၁၈၀ လောက် ရှိတယ်။ တခြားက ရခိုင်တွေပါတယ်။ ချင်းတွေလည်း ပါတယ်။" (လွတ်မြောက်လာသူ လူငယ်)
တနင်္သာရီတိုင်း ပုလောမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ပုလောဒေသမှာ ဒီသီတင်းပတ်ထဲ ဒေသခံ ၃၀ လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေဆဲ ကရင်ပြည်နယ် ဖားအံ ကော့ကရိတ် မြဝတီစတဲ့လမ်းတလျောက်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ဂိတ်ပေါင်း ၂၀ကျော်ရှိပြီး ဖမ်းဆီးစစ်ဆေးမေးမြန်း ငွေညှစ်ပြီး ဂိတ်ကြေးတွေ တောင်းနေတယ်လို့ ခရီးသွားတွေနဲ့ကုန်သည်တွေက ဗွီအိုအေကိုပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ရဲ့ ရိုးသားမှု၊ ပေးဆပ်မှုတွေနဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေကိုဂုဏ်ပြုပြီး သူ့ရဲ့ရက်လည်နေ့မှာ အမှတ်တရအခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ်မှာရော မြန်မာပြည်တွင်းက အကျဉ်းထောင်တွေ ထဲမှာပါ လုပ်ခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်) ဘူးသိုမြို့နယ်နဲ့ ညောင်လေးပင်ခရိုင်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ၃ ရက်အတွင်း အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးလောက်ကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
“ကျနော်က တိုက်ထဲမှာ ၁ နှစ် ၂ လတိုက်ပိတ်ခံရချိန်မှာ ဆရာဇော်မြင့်မောင်က အများကြီးကူညီခဲ့လို့ ထောင်ထဲမှာ စားဝတ်နေရေးအဆင်ပြေခဲ့တယ်။ ဆရာက နွေဦးတော်လှန်ရေးမှာပါတဲ့ GZ တွေကို လေးစားကြောင်းပြောတယ်။ ...ပြီးတော့ တော်လှန်ရေးက သေချာပေါက်အောင်မှာလို့လည်း သူကပြောတယ်။" (ဦးသိုက်ထွန်းဦး-(PPNM) ဦးဆောင်ကော်မတီဝင်)
မလေးရှားနိုင်ငံ၊ Selangorပြည်နယ် ရှားအလန်းမြို့နဲ့ ဆရင်ဘန်းမြို့တွေမှာအောက်တိုဘာလ ၅ ရက်က အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာ မြန်မာနိုင်ငံသား ၈၆ ဦးအပါအဝင် နိုင်ငံခြားသား ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးချိန်မှာ ထွက်ပြေးရင်းရထားတိုက်မိလို့ မြန်မာအမျိုးသမီးတဦး သေဆုံးသွားခဲ့ ပါတယ်။
ထိုင်းနိုင်ငံ၊ CHUNPHOM ချုံဖွန်းခရိုင်၊ ယန်ငန်ကျေးရွာအုန်းတောထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မူလတန်းအရွယ် ကလေးငယ် (၅၀) နီးပါးကို စာသင်ပေးနေတဲ့စာသင်ဝိုင်းတခုကို အောက်တိုဘာလ ၃ ရက်နေ့က ထိုင်းပညာရေး လ၀ကရဲအပါအဝင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးပြီး ဆရာမတယောက်ကို ဖမ်းဆီးသွားပါတယ်။
မုံရွာထောင်ထဲက ရဲ၊ စစ်တပ်နဲ့အကျဉ်းဦးစီးက CDM ဝန်ထမ်းတွေကို ထောင်အာဏာပိုင်တွေက “CDM စာရင်းက ပယ်ဖျက်ခွင့်ပေးဖို့ အသနားခံစာ”တွေမှာ လက်မှတ်ထိုင်းခိုင်းပြီး စစ်ကောင်စီလက်အောက် ပြန်လည် တာဝန်ထမ်းဖို့ ဖိအားပေးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“အဓိကတော့ တပ်မဟာ ၂ ရယ်၊ ၃ ရယ်၊ ၅ ရယ်၊ တပ်မဟာ ၁ မှာလည်းဖြစ်နေတယ်။ တပ်မဟာတခုမှာ မဖြစ်ရင် တခြားတပ်မဟာ လည်း ဖြစ်နေတယ်။ ဒီအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေကဖြစ်နေတုန်းပဲ။ တချို့နေရာတွေမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေက ရှိနေပါတယ်။” (စောနန္ဒဆူး-ကရင်လူ့အခွင့်အရေးအဖွဲ့)
နောက်ထပ်ကြည့်ရှုရန်