ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို မြန်မာနိုင်ငံမှာ တုံ့ပြန်ဖြေရှင်းပုံတွေဟာ အားရကျေနပ်လောက်စရာ အခြေအနေမှာ ရှိနေပါရဲ့လား ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ စကားဝိုင်းမှာ မြန်မာ့အရေးသုံးသပ်သူတွေ ဖြစ်ကြတဲ့ ဦးအောင်သူငြိမ်း၊ ဒေါက်တာရန်မျိုးသိမ်း တို့နဲ့အတူ ဆွေးနွေးတင်ဆက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိကြောင်း အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံမှာ လိုအပ်တာထက်ပိုပြီး မစိုးရိမ်ကြဖို့ ဒါပေမဲ့လည်း ကျန်းမာရေးအသိရှိကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ AFP သတင်းဆောင်းပါးကို အခြေံပြီး ကိုအောင်လွင်ဦး ပြောပြပါလိမ့်မယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိကြောင်း အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံမှာ လိုအပ်တာထက်ပိုပြီး မစိုးရိမ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေးမှာ ထိခိုက်လာမယ့် အခြေအနေတွေက သက်သာရာရစေဖို့ အစိုးရနဲ့ လွှတ်တော်က ကြိုးစားနေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့ကပ်ရောဂါ အဆင့်အထိ ကြီးထွားလာချိန်မှာပဲ ကာကွယ်ကုသနိုင်မယ့် ဆေးဝါး ထုတ်လုပ်နိုင်ဖို့ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ အရှိန်မြှင့် ကြိုးပမ်းလာနေပါတယ်။ AP နဲ့ Reuters သတင်းဆောင်းပါးတွေကို အခြေခံပြီး ကိုအောင်လွင်ဦးက တင်ပြပါမယ်။
ကမ္ဘာ့ကပ်ရောဂါ အဆင့်အထိ ကူးစက်ပျံ့နှံ့နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က Twitter လူမှုကွန်ရက်မှာ မှတ်ချက်ပေးခဲ့ရာမှာ တရုတ်ဗိုင်းရပ်စ် ဆိုပြီးသုံးနှုန်း ပြောဆိုခဲ့ပြီးနောက်မှာပဲ တရုတ်နိုင်ငံက အင်္ဂါနေ့မှာ ထပ်မံကန့်ကွက်လိုက်တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား မကြာသေးခင်ကစလို့ အပြန်အလှန် ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။ ဗိုင်းရပ်စ် စတင်ပျံ့နံှ့တဲ့ အကြောင်းရင်းအတွက် အပြန်အလှန် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မနေ့ကပဲ တုံ့ပြန်ပြောဆိုခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ လုပ်ငန်းတွေကို ထိခိုက်လာရာက တိုင်းပြည်စီးပွားရေး ကျဆင်းတဲ့အထိ ကြုံရမှာကို စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ လုပ်ငန်းတွေကို ထိခိုက်လာရာက တိုင်းပြည်စီးပွားရေး ကျဆင်းတဲ့အထိ ကြုံရမှာကို စိုးရိမ်မှုတွေလည်း ကြီးထွားလာနေပါတယ်။
မကြာသေးခင် ရက်ပိုင်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သိသိသာသာ တိုးလာတဲ့အတွက် ကမ္ဘာအနှံ့ ပျံ့နှံ့တဲ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်ပါတယ်။
ပတ်ဝန်းကျင် ပျက်စီးမှုဒဏ် ခံနေကြရပါပြီ။ ပဲခူးတိုင်း တံတားဦးကျေးရွာမှာ ဆိုရင်လည်း ရေတိုက်စားမှုကြောင့် ဒေသခံတွေရဲ့ လူမှုဘဝမှာ သာမက နောင်မျိုးဆက်တွေ အနာဂတ်ကို ထိခိုက်မယ့် အန္တရာယ်နဲ့ ကြုံနေရတာပါ။
ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံရနိုင်တဲ့ နိုင်ငံအဖြစ် ကျွမ်းကျင်သူတွေ သတိပေးထားတဲ့ မြန်မာနိုင်ငံမှာ အခုကိုပဲ ပတ်ဝန်းကျင် ပျက်စီးမှုဒဏ် ခံနေကြရပါပြီ။ ပဲခူးတိုင်း တံတားဦးကျေးရွာမှာ ဆိုရင်လည်း ရေတိုက်စားမှုကြောင့် ဒေသခံတွေရဲ့ လူမှုဘဝမှာ သာမက နောင်မျိုးဆက်တွေ အနာဂတ်ကို ထိခိုက်မယ့် အန္တရာယ်နဲ့ ကြုံနေရတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်မှုတွေကြောင့် ခရီးသွားလာမှုတွေကို တားမြစ်တာ အပါအဝင် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နိုင်ငံတွေ အနေနဲ့ ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးပြီး၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ တရုတ်ထိပ်တန်းသံတမန်က တိုက်တွန်းလိုက်ပါတယ်။
(Zawgyi/ Unicode) တရုတ်နိုင်ငံက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံပေါင်း ၂ ဒါဇင်ကျော်ကို ကူးစက်နေပေမဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲက လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ အခုထိ ကူးစက်သူရှိတယ်လို့ မကြားရသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ သာမက ကမ္ဘာအနှံ့က တရုတ်စီးပွားရေး လုပ်ငန်းတွေမှာပါ ရိုက်ခတ်မှုတွေနဲ့ ကြုံနေရပါတယ်။ ဗိုင်းရပ်စ်ကူးမှာ စိုးရိမ်မှုတွေကြောင့် ပုံမှန်အချိန်မှာ စည်ကားလေ့ရှိတဲ့ တရုတ်တန်းတွေမှာ ဆိုရင်လည်း အရောင်းအဝယ်တွေ အေးစက်လာနေတာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် တစ်ထောင်ကျော်အထိ ရှိနေပြီး တရုတ်နိုင်ငံနဲ့ နိုင်ငံပေါင်း ၂ ဒါဇင်ကျော်မှာ ကူးစက်သူ သောင်းနဲ့ချီ ရှိနေပါပြီ။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို သတ်မှတ်ရေတွက်ပုံ ပြောင်းလဲလိုက်တဲ့ အတွက် သေဆုံးသူ အရေအတွက် ကိန်းဂဏန်းလည်း တိုးလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဝင်ထွက်သွားလာမှုတွေ ကန့်သတ်ထားတာ သီတင်းပတ်နဲ့ချီ ကြာမြင့်လာခဲ့ပါပြီ။ ပြင်ပကမ္ဘာနဲ့အဆက်ပြတ်နေတဲ့ ဝူဟန်မြို့က အခြေအနေတွေကို သွားရောက်သတင်းယူခဲ့တဲ့ AFP သတင်းသမားတွေရဲ့ ၈ ရက်ကြာ အတွေ့အကြုံအကြောင်း ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုကြောင့် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဝင်ထွက်သွားလာမှုတွေ ကန့်သတ်ထားတာ သီတင်းပတ်နဲ့ချီ ကြာမြင့်လာချိန်မှာပဲ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာထားပေမဲ့ ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့တဲ့ အဆင့်အထိတော့ တရားဝင် သတ်မှတ်မထားသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်