ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ဒေသခံရွာသားတွေ အပေါ် ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသား အင်အားစုတွေက ရှုတ်ချတယ်လို့ တညီတညွတ် ထဲ ပြောဆိုလိုက်ပါတယ်။
၂၀၀၈ အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့တင်ပြလာတဲ့ အစီရင်ခံစာထဲ ကော်မတီမှာ အင်အားအများဆုံး ပါဝင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ တင်ပြချက်တွေက သိန်းနဲ့ချီရှိနေပြီး အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေရဲ့ အသံတွေဟာ အတော်လေးအားနည်းနေတာ တွေ့ရပါတယ်
NLDအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ်ကို ရှမ်းတိုင်းရင်းသား ဒေသခံတွေကလည်း လှိုက်လှိုက်လဲှလဲှ ကြိုဆိုကြပါတယ်။
မှော်ဘီမြို့နယ်၊ အမှတ် (၅၀၁၀) တင့်ကားတပ် လက်နက်တိုက်က MA 13 အမျိုးအစား ရိုင်ဖယ်လ် ၂ လက် နဲ့ (၉) မမ ကျည် (၅၀၀) အပါအဝင် ကျည် ၂ ကပ် ပျောက်ဆုံးသွားကြောင်း မှော်ဘီရဲစခန်းက အတည်ပြုခဲ့ပြီး ၄၉ ခုနှစ်၊ လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေပုဒ်မ ၂/၁ (က) အရ စုံစမ်းလျှက်ရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။
"လယ်သမားဘက်ကနစ်နာတယ်။ လယ်သမားတွေဘက်က နဂိုကတည်းက သူ့မြေသိမ်းခံရလို့ သူက အလုပ်လက်မဲ့ ဖြစ်တယ်။ လုပ်စားစရာ ပျောက်သွားတဲ့အချိန်မှာ တခါ သူ့ကိုထပ်ပြီး တရားစွဲခံရတဲ့အတွက် တရားရုံးမှာ ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရတော့ တစ်ပူပေါ်မှာ နှစ်ပူဆင့်ပြီး လယ်သမားတွေ ဘဝပျက်တာပေါ့ဗျာ။" - တောင်ဥက္ကလာမဲဆန္ဒနယ်က ဦးအောင်သိန်းလင်း
သိမ်းဆည်းခံလယ်မြေတွေ ပြန်ပေးရေး လွှတ်တော်မှာ တင်ပြထားပေမယ့် အကြောင်းမထူးတဲ့အတွက် ကျောက်တံတားမြို့နယ်မှာ ဆန္ဒပြခွင့်တောင်းခဲ့တာမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့ကြတဲ့အတွက် တက်ကြွလှုပ်ရှားသူတချို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
"နည်းနည်းတော့ လျော့သွားတဲ့ သဘောရှိတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေအရပေါ့နော်၊ တပ်မတော် ကာကွယ်ရေး အသုံးစရိတ်က အများကြီး များနေသေးတယ်လို့ ပြောလို့ရတယ်။" - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း
ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘန်ကောက်မြို့ကို ပိတ်ဆို့ထားမယ်လို့ ကြေညာထားသလို ဒီကနေ့ စတင်ပိတ်ဆို့ ဆန္ဒပြနေကြပြီး ဘန်ကောက်ကို ဆေးသွားကုကြသူတွေ မီး၊ ရေ၊ လမ်း ပြတ်တောက်မှာကို စိုးရိမ်တဲ့အတွက် ပြန်လာကြသလို ခရီးသွားဦးရေလည်း ထက်ဝက်နီးပါးလည်း လျော့ကျခဲ့ကြောင်း လေကြောင်းလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။
“သူတို့ ဒီမှတ်ပုံတင်ကို ကိုင်ပြီးတော့ ထိန်းချုပ်ထားတာ၊ ပြီးလို့ရှိရင် သတင်းသမားတွေကို အရေးယူစရာရှိရင် ဥပဒေနဲ့အရေးယူတာ ဒါတွေက ဘာမှလျော့သွားတာ မရှိဘူး။ ဥပမာ - တချို့ဆိုရင် ဂျာနယ်တစောင်ခေါ်ပြီးတော့ ပြည်ထဲရေးကနေ ခေါ်သတိပေးတာတို့။ ဒါမျိုးတွေက ရှင်းရှင်းပြောရရင် အရင်ဥပဒေအောက်မှာလုပ်တဲ့ ပုံစံတွေအတိုင်းပဲ။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံချက်ရဖို့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ပဲ ချင်းပြည်နယ် ခရီးစဉ် စတင်လိုက်ပါတယ်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ခေါင်းဆောင်ပိုင်းတွေဟာ ဇန်နဝါရီလ ၅ ရက်က သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တာမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ကြောင်းမြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။
"အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေ ရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်တယ်လို့ သမ္မတသတိပေး"
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မူတည်ပြီး ကြည့်လိုက်ပေါ့နော်။ သူ့ယောက်ကျားက Michael Aris သူကသေသွားပြီ။ မြန်မာနိုင်ငံအတွက် အန္တရာယ်ဖြစ်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ယူဆတယ်။ သူ့မှာသား ၂ ယောက်ရှိတယ်။ သား ၂ ယောက်က မြန်မာနိုင်ငံသား ခံယူလိုက်ပေါ့။ ဒါဆိုရင် သူကပြီးသွားပြီ..."
အကယ်ဒမီသမိုင်းမှာ ရှားရှားပါးပါး ပေးလေ့ရှိတဲ့ ကလေးသရုပ်ဆောင်ဆုကိုတော့ ၁၃ နှစ် အကြာမှာ ၂၀၁၂ ခုနှစ် ဆုပေးပွဲမှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင်ဆုကို ယွန်းယွန်းက ရရှိခဲ့ပါတယ်။
"ရေရှည်မှာ တဖက်ကနေပြီးတော့ ဥပဒေအရ ပြဋ္ဌာန်းချက်တွေကို နည်းဥပဒေအရ ပြန်လည် ကန့်သတ်ခြင်းတွေကို နည်းနိုင်သမျ နည်းအောင်၊ နိုင်ငံသားတွေရဲ့ ပါဝင်မှုတွေကို မြှင့် တင်နိုင်အောင် အပြုသဘောဆောင်တဲ့ ချဉ်းကပ်ချက်တွေနဲ့ ကျနော်တို့ ကြိုးပမ်းကြရဖို့ဖြစ်ပါတယ်။"
"ဧရာဝတီဟာ ကျမတို့မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်မှာဖြစ်တယ်။ ဧရာဝတီကို ထိတယ်ဆိုလို့ရှိရင်တော့ ဒီမြစ်ဆုံကို ထိတယ်ဆိုလို့ရှိရင် ဧရာဝတီကြီးက ရှိတော့မှာ မဟုတ်ဘူးလေ။ အဲတော့ တစ်နိုင်ငံလုံးမှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဧရာဝတီကြီးနဲ့ သူ့ရဲ့မြစ်ဖျားတွေ အကုန်လုံးကို ကာကွယ်ရမှာဖြစ်တယ်။"
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြတဲ့ ပညာရေးဆိုင်မူဝါဒများ (မူကြမ်း) ဟာ ဗဟိုဦးစီးစနစ်ကို ပြန်ပြီး အသက်သွင်းလာတဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက် ရန်ကုန်တက္ကသိုလ်ဆရာများအသင်းနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်နေကြပါတယ်။
"အသင်းတော်တိုင်းမှာ ကနေ့ကတော့ ဘုရားမွေးဖွားသန့်စင်သော နှစ်ပေါင်း ၂ ထောင်လောက်ကပေါ့နော် ဘုရားမွေးဖွား သန့်စင်တဲ့နေ့ ဖြစ်တဲ့အတွက် အထူးတရားဓမ္မ ဟောကြားပါတယ်။ တရားဒေသနာများ ဟောကြားတယ်။ နောက် အသင်းသူ၊ အသင်းသားများ အချင်းချင်းလည်း လက်ဆောင်ပေးကြတယ်။"
သမ္မတဦးသိန်းစိန်ကတိပေးထားသလို ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးဖို့ မဖြစ်နိုင်သေးတဲ့အကြောင်းနဲ့ ဒါဟာ အရင်ထောက်လှမ်းရေးလက်ထက်က အမှုဆင် ဖမ်းဆီးခဲ့တဲ့ ပုဒ်မတွေအရ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မရနိုင်တာကြောင့်ဖြစ်တယ်လို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ အထူးအရေးကြီး အဆိုအဖြစ် တင်သွင်းသွားဖို့ ရှိတယ်ဆိုပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ကတိပေးသွားတဲ့ အတွက် ယာယီ သပိတ်စခန်း ပိတ်ပေးတာလို့လည်း ဆန္ဒပြသူတွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်