ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီက ဒီကနေ့မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့တင်ပြလာတဲ့ အကြံပြုချက်တွေကို အစီရင်ခံစာ တင်ပြလာခဲ့ပြီဖြစ်ပါတယ်။ အခုလို တင်ပြတဲ့ ထဲမှာ ကော်မတီမှာ အင်အားအများဆုံး ပါဝင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ တင်ပြချက်တွေဟာ သိန်းနဲ့ ချီရှိနေပြီးတော့ အတိုက်အခံ ပါတီတွေက ပြင်ဆင်ဖို့ လိုလားနေတဲ့ အချက်တွေကို ဒီအတိုင်း ထားဖို့ ပြောထားတာတွေလည်း ရှိတာကို တွေ့ရတယ်လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ လေ့လာသုံးသပ်ရေး ကော်မတီ ဝင်တစ်ဦး က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အပေါ်ယံ ပြင်ဆင်တဲ့ သဘောမျိုးတော့ မလုပ်သင့်ဘူးလို့ နိုင်ငံရေးအင်အားစု တွေကလည်း တုံပြန်ပြောဆိုမှု တွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ဖို့ ပြည်ထောင်စု လွတ်တော် ဖွဲ့စည်းပေးထားတဲ့ ကော်မတီက ဒီကနေ့မှာပဲ နိုင်ငံရေးပါတီတွေ၊ တပ်မတော် အဖွဲ့အစည်း၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ နဲ့ ဌာနဆိုင်ရာတွေ အပါအဝင် ပြည်သူတွေ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အပေါ် ပြင်ဆင်လိုတဲ့ အချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ သုံးသပ်ချက် အစီရင်ခံစာ တင်ပြလာတာပါ။
မူလဖွဲ့စည်းချိန်ကတည်းက ဒီကော်မတီဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်က အများဆုံး ပါဝင်ဖွဲ့စည်းထားတဲ့အတွက် သုံးသပ်ချက် အစီရင်ခံ တင်သွင်းတဲ့ အခါမှာလည်း သူတို့အာဘော်တွေ အများဆုံး ပါဝင်ပြီးတော့ အတိုင်အခံ နိုင်ငံရေးပါတီတွေ နဲ့ တိုင်းရင်းသား ပါတီတွေရဲ့ အသံတွေဟာ အတော်လေးနည်းနေတာကို တွေ့ရတယ်လို့ အဲဒီကော်မတီမှာ ပါဝင်တဲ့ ကော်မတီဝင်တစ်ဦး လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ ရဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။
အတိုက်အခံပါတီတွေ ရဲ့ အကြံပြုချက်တွေ ကို ဖော်ပြထားတာထက် အင်အားကြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ပြင်ဆင်ဖို့လိုအပ်တယ် မလိုအပ်ဘူး လို့ ပြောဆိုထားချက်တွေက သိန်းနဲ့ ချီရှိတယ်ဆိုတာကို အသားပေးဖော်ပြ ထားတာတွေ့ရတယ်လို့ ဦးထွန်းအောင်ကျော်က ဗီအိုအေ ကို စဖြေပါတယ်။
" အတိုက်အခံပါတီပဲပြောပြောပေါ့နော်။ အဲ့ဒီပါတီတွေကတော့ ပါတီအလိုက်ပဲ တင်ကြတယ်လေ။ ဘယ်ပါတီက၊ ဘာညာပေါ့။ ဆိုတော့ ဒီနေ့ အစီရင်ခံစာရဲ့ သဘောက ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် တခြားတိုင်းရင်းသားနဲ့ အတိုက်အခံပါတီတွေရဲ့ အာဘော်ထက် ဒီကော်မတီမှာ အရေအတွက်များတဲ့ အင်အားစုတွေရဲ့ အာဘော်က လွှမ်းမိုးနေတဲ့ သဘောရှိတာပေါ့။"
မေး။ ။ ၂၀၀၈ဖွဲ့စည်းပုံရဲ့ ဘယ်လိုအချက်တွေမှာ သူတို့က ပြင်ဆင်ဖို့ လိုတယ်၊ မလိုဘူး ပြောတာလဲ ခင်ဗျ။
"တပ်မတော်က ၂၅% ပါနေတဲ့ ပုဒ်မ ၃၃၇၊ ၃၃၈တို့ နောက် အခြေခံဥပဒေကို ၇၅%ကျော်မှ ပြင်နိုင်မယ် ဘာညာ အဲ့တာတွေ အဲ့လိုအရေးကြီးတဲ့ ပုဒ်မတွေမှာ မပြင်ဆင်ဘဲ ထားရန်၊ ပြင်ဆင်ဖို့ မလိုဘူးဆိုတဲ့ အကြံပြုချက်တွေကို သိန်းနဲ့ချီပြီးတော့ အရေအတွက် ကို ကော်မတီကို ပို့ပေးထားတာ တွေ့ခဲ့ရတယ်။ အဲ့ဒီ့အကျိုးသက်ရောက်မှုတွေ အများကြီးပါလာတာပေါ့။"
မေး။ အများက ပြင်ဖို့လိုလားနေတဲ့ ၅၉ (စ) နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို ပြောထားတာတွေ့ရလဲဗျ။
" အခုက ၅၉(စ) ကို သဘောတခုက ဘယ်နှစ်ယောက်အထိ အရေအတွက် အမောင့်လောက်ပဲ ဖော်ပြထားတယ်လေ။ အဲ့ဒီ့တော့ အခုလက်ရှိအခြေအနေ အရကတော့ ၅၉(စ) က သိပ်ပြီးတော့ သိသိသာသာ ပြောင်းလဲသွားနိုင်မယ်လို့ ဦးကတော့ မယူဆဘူး။ လက်ရှိအခြေအနေကလေ။"
အခုလို ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တင်ပြလာတဲ့ အချက်တွေ အတိုင်းသာ ဆိုရင် ဖွဲ့စည်းပုံကို အင်အားကြီး အာဏာရပါတီရဲ့ လိုလားချက် အတိုင်းသာ ပြင်ဆင်မယ့် အနေအထား ရှိနေတယ် ဆိုတာ မြင်တွေ့နေရတယ် လို့လည်း နိုင်ငံရေးအင်အားစုတွေက သုံးသပ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ကို လိုချင်တဲ့ ပုံစံအတိုင်းသာ အကွက်ချပြီး ပြင်ဖို့ ကြိုးစားမယ်ဆိုရင်တော့ လုံး၀ မဖြစ်သင့်ဘူးလို့ ယူဆတဲ့အကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။
" မပြင်ဘဲနဲ့ တင်းကျပ်ထားမယ်ဆိုရင် ကျနော်မြင်တာကတော့ ဒါဟာ ဒီမိုကရက်တစ် အင်အားစုတွေရဲ့ ပြဿနာသပ်သပ်မဟုတ်ပဲ တပြည်လုံးရဲ့ ပြဿနာဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရမယ့် ကိစ္စတွေရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ပြဋ္ဌာန်းခွင့်တွေ၊ ဖက်ဒရယ်ပြည်ထောင်စုတွေ ရှိတယ်ဆိုတော့ ဒီ ၂၀၀၈ဖွဲ့စည်းပုံဟာ ဘယ်လိုမှအလုပ်မဖြစ်ဘူး။ အပေါ်ယံလောက် ရှပ်ပြင်ထားမျိုးနဲ့တော့ မလုံလောက်ဘူးလို့ ကျနော်ကတော့မြင်တယ်။ ဒါပဲဗျ။ ကျနော့်အမြင်ကတော့။
ဒီကော်မတီရဲ့ အခန်းကဏ္ဍက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေ ကိုပဲ တင်ပြဖို့ ဖြစ်တာကြောင့် လာမယ့် ရက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် နောက်ထပ် လုပ်ဆောင်ဖို့ ရှိတာတွေ နဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက က ပြောဖို့ရှိတယ် လို့လည်း ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ဗီအိုအေ ကိုပြောပါတယ်။
" ဒီနာယကကြီးရဲ့ မိန့်မှာချက်နဲ့ ဆိုလို့ရှိရင် ၃ရက်နေ့လောက် ဆိုရင် နောက်တခုပေ့ါ နောက်ကော်မတီတခုပေါ့ နောက်တဆင့်ပေါ့ တဆင့်ပြီး တဆင့် နောက်ကော်မတီတခုဖွဲ့ပြီးတော့ တာဝန်ပေးဖို့ပေါ့။ တာဝန်ပေးဖို့အတွက် ဒါကို ဖွဲ့သွားမယ်ပေါ့။ ဖွဲ့ပြီးရင် ဆက်လုပ်သွားမယ်ပေါ့ အဲ့လိုတော့ ဒီနေ့ ရှင်းသွားတာရှိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကို ပြီးတဲ့ ၂၀၁၃ သြဂုတ်လတုန်းက ပြည်ထောင်စု လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀၉ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီကကော်မတီမှာ အင်အားအများဆုံး ပါဝင်တာက လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီ နဲ့ စစ်တပ် က စေလွှတ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဖြစ်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အခြား အတိုက်အခံနဲ့တိုင်းရင်းသားပါတီတွေဟာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါရှိနေတာဖြစ်ပါတယ်။