အတိုက်အခံ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ ရှမ်းပြည်နယ် တောင်ပိုင်း ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ အသံတွေ ရယူဖို့ဖြစ်တယ်လို့ NLD ရဲ့ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အဖွဲ့ချုပ်ဥက္ကဌ ရဲ့ ရှမ်းပြည်ခရီးစဉ်ကို ရှမ်းတိုင်းရင်းသား ဒေသခံတွေကလည်း လှိုက်လှိုက်လဲှလဲှ ကြိုဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို ဒီကနေ့ ဇန်နဝါရီ လ ၂၄ ရက် ညနေပိုင်းမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။ နေပြည်တော်ကနေ စတင်ထွက်ခွာခဲ့တဲ့ ၂ ရက်ကြာ ခရီးစဉ် လျာထားချက်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပါတယ်။
" ကျနော်တို့ သိရသလောက်ကတော့ ဒီညနေ နေပြည်တော်ကနေပြီးတော့ ဟဲဟိုးက လေယာဉ်နဲ့သွားပါမယ်။ ဟဲဟိုးမှာ ဆင်းပြီးရင် နမ့်ဆန်ကို ကားနဲ့တက်ပါမယ်။ နောက်တရက်မှာ တောင်ကြီးမှာ ဟောပြောပွဲရှိတယ်လို့ သိရတယ်။ ကြာဦးမယ်။ ဟိုမှာ လင်းခေးတို့ ဘာတို့လည်း သွားမယ် ကြားတယ်။"
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ဒေသခံလူထုရဲ့ ဆန္ဒသဘောထားတွေရယူဖို့ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည် ခရီးစဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် NLD စည်းရုံးရေး အတွက် ရော ရည်ရွယ်ချက် ထားရှိလားလို့ မေးမြန်းမှုကိုတော့ ဦးဉာဏ်ဝင်းက အခုလိုဖြေပါတယ်။
"အဲ့ဒီလို တိုက်ရိုက်တော့ ကျနော်တို့ သတ်မှတ်တာတော့ မရှိဘူး။ ဆုံးဖြတ်တာလည်း မရှိဘူး။ သို့သော်ပါတီတရပ် အင်အားကောင်းအောင်၊ ပြည်သူလူထု နဲ့ ထိတွေ့တယ်ဆိုတာ ဒါဟာ အားလုံးနဲ့ ဆက်ဆိုင်သွားမှာပါ။"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ နမ့်ဆန်မြို့၊ မိုးနဲမြို့နဲ့ လင်းခေးမြို့တွေမှာ လူထု ဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ဇန်နဝါရီလ ၂၆ ၊ တနင်္ဂနွေနေ့မှာ လွတ်တော် အစည်းအဝေးတွေ ကျင်းပနေတဲ့ နေပြည်တော်ကို ဟဲဟိုးမြို့ကနေ လေယာဉ်နဲ့ ပြန်လည် ထွက်ခွာမှာ ဖြစ်တယ်လို့ NLD ဗဟို ပြန်ကြားရေးကလည်း သတင်း ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကို ရှမ်းပြည်နယ်အတွင်း အင်အားကြီး ပါတီကြီးတစ်ခု ဖြစ်တဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကလည်း ကြိုဆိုတယ်လို့ ကျားဖြူပါတီဝင် လည်းဖြစ်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တဲ့ ဦးစိုင်းစံမင်း က ဗွီအိုအေ ကို ပြောပါတယ်။
" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ တိုင်းရင်းသားနယ်မြေမှာ လာတာက ကောင်းပါတယ်။ ပြည်မ၊ တောင်ပေါ်ဒေသ မခွဲခြားပဲနဲ့ လာလို့ရပါတယ်။ ဟောပြောတဲ့အခါ ပြည်သူလူထုတွေ ၊ တိုင်းရင်းသားအားလုံး အမြင်ကျယ်အောင် အန်တီစုကိုယ်တိုင် စွမ်းဆောင်နိုင်တဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ သူစွမ်းဆောင်နိုင်တာတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။"
၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ရေး ဟောပြေမှုတွေ ပြုလုပ်မယ့် ဒီခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ဟောပြောမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း ဒေသခံတွေက စိတ်ဝင်စားနေကြသလို၊ သူမရဲ့ ခရီးစဉ်ကိုလည်း ရှမ်းပြည်နယ်က ဝမ်းပမ်းတသာ ကြိုဆိုတယ်လို့ ရှမ်းဒေသခံတစ်ဦး ဖြစ်တဲ့ ကိုမိုးက ပြောပါတယ်။
"ဒီခရီးစဉ်အတွင်း လူထုအပေါ်မှာ တိုင်းရင်းသားဒေသတွေအပေါ်မှာ လာတဲ့အတွက်လည်း ဒါက ဘယ်လိုပြောမလဲ။ တိုင်းရင်းသားတွေရဲ့ သဘော၊ သဘာဝနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို သိပြီးတော့မှ အမှန်တကယ်နားထောင်နိုင်တဲ့ အနေအထားဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။ ဘယ်လိုမူအပေါ်မှာ အခြေခံပြီးတော့ ပြင်ရမယ်ဆိုတဲ့ကိစ္စက အရေးကြီးတယ်လေ။ အဲ့ဒီ့အတွက် ပြည်သူတွေရဲ့ ရင်ထဲ ဘာတွေရှိနေသလဲ။ တိုင်းရင်းသားတွေက ဘာတွေ လိုအပ်နေသလဲ၊ ဆိုတာ အန်တီစုအနေနဲ့ နားထောင်သွားမယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့အဖြေတွေ ရလာမှာပါ။"
ခြေထောက်ဒဏ်ရာ ခွဲစိတ်မှုအပြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ရှမ်းပြည် ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ခရီးစဉ် တစ်ခုလည်း ဖြစ်ပါတယ်။ သူမဟာ ဇန်နဝါရီလ အတွင်းမှာပဲ ချင်းပြည်နယ် နဲ့ ကရင်ပြည်နယ်တွေကို သွားပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုင်ရာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။