မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီးတော့ အခုလို နိုင်ငံတကာက ဘဏ်တွေကို မြန်မာနိုင်ငံအတွင်းမှာ လာရောက်ဖွင့်လှစ်ခွင့်ပေးဖို့ ခြေလှမ်းပြင်ဆင်တာဖြစ်တယ်လို့ ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
ကာတာ ဖောင်ဒေးရှင်းကနေ အဓိက ကြီးမှူးပြီး ကျင်းပမဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က သဘာပတိ အနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ခေါင်းစဉ် နဲ့ ဟောပြောမှု တစ်ခုကို ပြုလုပ်မှာဖြစ်ပါတယ်။
"ကလေးစစ်သားတွေရှိခဲ့တဲ့ စခန်းတွေကိုလည်း မကြာသေးခင်က သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ လေ့ကျင့်ရေးစခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ကလေးတွေနဲ့ပတ်သက်ပြီးတော့ လေ့လာခွင့်ရခဲ့တယ်။"
ဆန္ဒဖော်ထုတ်သူတွေဟာ တရုတ်သံရုံးရောက်တဲ့အခါမှာတော့ ရဲဦးရေ ငါးဆယ်လောက်က ဆန္ဒပြသူတွေ တရုတ်သံရုံးရှေ့မရောက်အောင် လမ်းထိပ်မှာ ပိတ်ပြီးတော့ တားတယ်ဗျ။ အဲ့တာနဲ့ ဆန္ဒပြသူတွေက ပါလာတဲ့ တရုတ်နိုင်ငံရဲ့ အလံကို ထုတ်ပြီးတော့ မီးရှို့ပြီးတော့ ဆန္ဒဆက်ပြပြီး လမ်းဖွင့်ပေးဖို့ တောင်းဆိုပါတယ်။
"ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ မည်သူပဲဖြစ်စေ၊ ဘယ်ဘက်ကပဲလုပ်လုပ် ကျနော်တို့အနေနဲ့ တိတိကျကျ အရေးယူသွားမယ်ဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ ကျနော်တို့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခြေအနေကို ပြည်သူတွေသိနိုင်အောင်..."
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD၊ လွှတ်တော်၊ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးရေး NLD က သမ္မတဆီကို မေတ္တာရပ်ခံစာပို့မယ်ဆိုတဲ့အပေါ် သမ္မတရဲ့ပြောခွင့်ရ ဦးရဲထွဋ်ကလည်း စာမရသေးတဲ့အတွက် ဘယ်လိုတုံ့ပြန်ရမလဲ မသိသေးပေမယ့် ပြည်သူကဆုံးဖြတ်တဲ့အတိုင်း လက်ခံဖို့ အသင့်ရှိနေကြောင်း ဗွီအိုအေကို ပြောပါတယ်။
လတ်တလောဖြစ်နေတဲ့ KIA နဲ့အစိုးရတပ်ကြားက တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိုခိုက်မှာ မဟုတ်တဲ့အကြောင်း တပြည်လုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲလုပ်ငန်းနဲ့ ရန်ကုန်မြို့ကို ရောက်နေတဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဟာ ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန်တူပြီးတော့ ဖြေရှင်းတဲ့ နေရာမှာ စိတ်ရှည်ရှည် သီးခံသွားကြဖို့ လိုတယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ က တိုက်တွန်းလိုက်ပါတယ်။
OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်နဲ့ မွတ်စလင် လွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာ အစ္စလာမစ် ပူးပေါင်းအဖွဲ့(OIC) က ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပါတယ်။
“ပုဒ်မ ၁၈ က ပျော့သွားနိုင်တာပေါ့။ သူတို့ဆီက ခွင့်ပြုချက်ရမှ ဆန္ဒပြတာမျိုး မဟုတ်တော့ဘဲ ပုဒ်မ ၁၈ ခွင့်ပြုချက် ရမှဆိုတာထက် ကျနော်တို့က ဘယ်နှစ်နာရီ ကြိုပြီး အကြောင်းကြားရမည် ဆိုတာမျိုးပေါ့နော်။ စည်းကမ်းသတ်မှတ်ထားချက်တွေတော့ လိုက်နာရမှာပေါ့လေ။ အဲဒါတွေနဲ့အညီ ဆန္ဒပြမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုပြီးတော့..."
“လောလောဆယ် လုပ်ငန်းအခြေအနေတော့ အသက်ရှုချောင်သွားတာပေါ့။ ကျနော်တို့ ငါးနဲ့ပတ်သက်ရင်တော့ ငါးက လျှပ်စစ်နဲ့ပတ်သက်တာကတော့ ကျနော်တို့က နှစ်မျိုးပေါ့ဗျာ အဓိကက တိုက်ရိုက်ပတ်သက်တာကတော့။ အအေးခန်းတွေက လျှပ်စစ်ဓာတ်အားကို မဖြစ်မနေ သုံးရမယ်ဗျာ။ နောက်တခါ ရေခဲစက်တွေကလည်း လျှပ်စစ်ဓာတ်အားကို သုံးပြီးတော့ လည်ရတယ်ပေါ့။"
မီတာခတွေ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူတွေ ဆန္ဒပြနေတာနဲ့တချိန်တည်းမှာ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက နိုင်ငံရေးပါတီခေါင်းဆောင်ပိုင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ မီတာခ လျှော့ချပေးဖို့တော့ ယတိပြတ်မပြောခဲ့ပါဘူး။
မီတာခတွေ ၂ ဆလောက် တိုးလိုက်တဲ့ အပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဆန္ဒပြကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာတာပါ။
"ဒီစီမံကိန်းအတွက် အရင်ဦးဆုံးတော့ ရဲအရာရှိ ၃၀ နဲ့ ၄၀ ကြားကို ရွေးချယ်မှာပါ။ အဲဒီကနေ သူတို့ကို သင်တန်းတွေပေးမှာပါ။ ဒေါသထွက်နေတဲ့ ဆန္ဒပြနေသူတွေအကြား ရဲတွေအနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာမျိုးပါ။ ဒါ့အပြင် ရဲတွေရဲ့ အဝတ်အစား၊ အသုံးပြုတဲ့ ပစ္စည်းတွေက အစ"
ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာက သတင်းစာရှင်းလင်းပွဲအတွင်း အောက်တိုဘာလတွင်း ဗုံးပေါက်ကွဲမှုတွေမှာ KNU အောက်ခြေပိုင်းက ပါဝင်ပတ်သက်မှုရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁ ရက်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပြန်လည်စတင်မယ့်အရေး ကန့်ကွက်တဲ့အနေနဲ့ လယ်တီဆရာတော်သိမ်ကျောင်း ထိန်းသိမ်းရေး ဒေသခံပြည်သူတွေ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးမလား၊ ပြင်ဆင်မလားဆိုတာ ပြည်သူ့သဘောထားကောက်ခံသွားဖို့ NLD ပါတီရုံးချုပ်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း တိုင်းရင်းသားပါတီတွေကလည်း သဘောတူခဲ့ကြပါတယ်။
မကြာခင် အားလုံးပါဝင်တဲ့ အပစ်ရပ် လက်မှတ်ထိုးပွဲ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
မတူညီတဲ့အင်အားစုတွေ စုပေါင်းပြီး တူတာတွေ ပေါင်းလုပ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုပေါ်ထွန်းလာရေး ရည်ရွယ်ချက်နဲ့ သမ္မတဦးသိန်းစိန်နဲ့ ၈၈ မျိုးဆက်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါပြီ။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးသက်သက် ပြောင်းလဲရုံနဲ့ မလုံလောက်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဟန်ချက်ညီညီ ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်