"နိုင်ငံနဲ့ပြည်သူတွေ အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်တယ်။ လုပ်တာကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ကြိုဆိုကြတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ တကယ့် ထိပ်တန်းနိုင်ငံကြီးကနေပြီးတော့ ဒီလိုကြိုဆိုပြီး ကျနော်တို့ကို အသိအမှတ်ပြုတယ် ဆိုတာ ဝမ်းသာစရာကောင်းပါတယ်"
"ကျနော် ဥပဒေအရ ဒါကို ရပ်စဲပြီးတော့ တရားရုံးကြီးကို အများပြည်သူနဲ့ဆိုင်တဲ့ တရားရုံးကြီးအဖြစ် ပြန်ထားဖို့အတွက် ဥပဒေနဲ့အညီ တရားစွဲဖို့ကို စီစဉ်ရတာဖြစ်ပါတယ်။ ရှေ့လ ဇွန်လထဲမှာပဲ စွဲမှာပါခင်ဗျ။" - တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်
"ဝန်ထမ်းများလည်း ထိုးပိုင်ခွင့် ရှိတယ်နော်။ တပ်မတော်သား ဆိုတာလည်း နိုင်ငံ့ ဝန်ထမ်းပဲ။ လာပြီးတော့ လှိုက်လှိုက်လှဲလှဲ ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်" - ဒေါ်အောင်ဆန်းစုကြည်
“တပ်မတော်အစိုးရ၊ စစ်အစိုးရက စိတ်ကြိုက်ရွေးထားတဲ့ပုဂ္ဂိုလ်တွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တာ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်မတန်မှသိက္ခာမဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ပြည်သူလူထုကိုပေးထားတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။”(ဒေါ်အောင်ဆန်းစုကြည်)
"ကိုယ့်ဘေးကလူတွေထက် လက်နက်အာဏာကြောင့် - နောက်ဆုံး ကျမ ဒီလို မပြောချင်ပေမယ့်လည်း စစ်တပ်များရဲ့အဓိကအင်အားဟာ လက်နက်ပါပဲ၊ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေး ရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လား၊ ကိုယ့်အတွက်ကောင်းရဲ့လားဆိုတာ အများကြီး စဉ်းစားစေချင်ပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်-ဗိုလ်စိန်မှန်ကွင်း)
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရဲ့ သတင်းထောက် ဦးဇော်ဖေ လွတ်မြောက်ရေး မကွေးမြို့က လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သြစတြေးလျ နိုင်ငံသား Angus Watson ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုနဲ့ ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်နဲ့မဲ့လောင်မြို့နားမှာဗဟိုပြုပြီး အင်အား ၆.၀ အဆင့်နဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်လှိုင်းဟာ ရန်ကုန်နဲ့ ရှမ်းပြည်ဘက်အထိ လှုပ်ခတ်ခဲ့ပါတယ်။
“အစိုးရဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ မီဒီယာကတဆင့်သတင်းပေးခြင်းသည် ပြည်သူနားလည်စေနိုင်တဲ့ အခွင့်အရေးဆိုတာနားလည်ပြီး သတင်းထုတ်ပေးဖို့လိုတယ်။ စာနယ်ဇင်းသမားတွေကလည်း ပုဂ္ဂလိကလွတ်လပ်ခွင့်၊ တည်ဆဲဥပဒေနဲ့ နိုင်ငံတော်လုံခြုံရေးအရ ဆောင်ရွက်ရတဲ့ကိစ္စတွေကြား စည်းခြားထားမှုကို နားလည်ဖို့လိုတယ်။” (ဦးရဲထွဋ်)
ဖြစ်ပွါးနိုင်ခြေရှိတဲ့ ပြဿ နာတွေကို ကြိုတင်ကာကွယ်သွားနိုင်ဖို့ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာကို အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးများကို ပြည်သူများနဲ့ တိုင်ပင်ပြီး ပိုအလေးထားဆောင်ရွက်မည်။
"ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ရော၊ တခြားအဖွဲ့တွေကပါ မြန်မာအလုပ်သမားရေးပြဿ နာတွေကို ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှလည်း အပေါင်းလက္ခဏာဆန်တဲ့ ရလာဒ်တွေ ရလာမှာပါ။ ကျနော်တို့ အချိန်ယူဖို့လည်း လိုပါတယ်။ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားမှာ နားလည်မှုတွေ ရအောင် ကြိုးစားဖို့ လိုပါတယ်။"
ပြီးခဲ့တဲ့နှစ် ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့၄၈ လမ်း မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်ခဲ့တဲ့ အမှုကိစ္စပေါ်မှာ တာဝန်ရှိတဲ့ ဗလီဆရာနှစ်ဦး ကို ဗိုလ်တစ်ထောင်တရားရုံးက စီရင်ချက် ချလိုက်ပြီဖြစ်ပါတယ်။
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မကြာခဏဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ အမုန်းပွားစေတဲ့ စကားတွေ မပြန့်ပွားရေး ပြည်သူတွေ သိအောင် အစိုးရနဲ့ ပြန်ကြားရေးက အစီအစဉ်တွေ ချမှတ် ဆောင်ရွက်နေပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ သမ္မတပြောခွင့်ရ ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သက်တမ်းအကြာဆုံးအဖွဲ့ဝင်နာယက၊ သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ရဲ့ နိုင်ငံရေးနဲ့ စာပေနယ်က မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အမှတ်တရ ပြောစကားတွေကို စုစည်းတင်ပြထားပါတယ်။
"ကျနော်တို့ ဒီမြန်မာနိုင်ငံ သမိုင်းမှာ အစဉ်အလာ လုံး၀ မရှိဘူး အဲ့ဒါ။ ဒီစကားကြားရတာ ကျနော့်အတွက်တော့ အထူးအဆန်းပဲ။" - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း
မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်းကောက်ခံမှုကို စတင်နေပြီး လောလောဆယ်မှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက ၉၉ % ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။
ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ရဲတပ်ဖွဲ့ဝင်တွေက ပဋိပက္ခဖြေရှင်းဖို့နဲ့ လူစုခွဲဖို့ ကြိုးစားရင်း မိုးပေါ်ထောင်ပစ်ခတ်ခဲ့တဲ့ သေနတ်ကျည်ဆံကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေစိုက်တဲ့ Malteser NGOနိုင်ငံခြားသူတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာ စစ်တွေက NGO ရုံးတွေ နဲ့ NGO ဝန်ထမ်းတွေနေတဲ့ နေအိမ်တွေကိုပါ စစ်တွေဒေသခံအချို့က ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး ဝိုင်းဝန်း ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့ အဓိကပေါ့နော်။ အနောက်နဲ့အရှေ့ဆိုရင် တမိုင်ခွဲလောက်တော့ ဝေးတယ်ဗျာ။" - ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗန်းမောက်ဒေသခံ ဦးညွန့်လွင်
ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောနယ်တွေမှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ သံတမန်နည်းအရ တုံ့ပြန်သွားမယ်လို့ သမ္မတပြောခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အင်တာဗျူးတခုမှာ ပုတ်ခတ်ပြောကြားခဲ့တာနဲ့ ပါတ်သက်လို့ NLD ပါတီက သူ့ကို တရားစွဲဖို့ စပြင်ဆင်နေပြီလို့ NLD ပါတီ ပြောခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက အတည်ပြု။
နောက်ထပ်ကြည့်ရှုရန်