သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအခွင့်အရေး အပြည့်ရရေး မေဒေးမှာ ဆန္ဒပြတောင်းဆို


မေဒေးနေ့ ရန်ကုန်ဆူးလေမှာ အလုပ်သမားတွေ ဆန္ဒဖော်ထုတ်။ (သတင်းဓာတ်ပုံ- ဒေါ်အိရွှေစင်ညွန့် Ma May FB)
မေဒေးနေ့ ရန်ကုန်ဆူးလေမှာ အလုပ်သမားတွေ ဆန္ဒဖော်ထုတ်။ (သတင်းဓာတ်ပုံ- ဒေါ်အိရွှေစင်ညွန့် Ma May FB)
မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေ အနေနဲ့ လက်ရှိ အချိန်မှာ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝ မရသေးသလို လုပ်ခ လစာ နည်းနည်းသာ ရပြီး အလုပ်အချိန်ပို ခိုင်းစေမှုတွေကို ရပ်တန့်ဖို့ ဒီကနေ့ ကမ္ဘာအလုပ်သမားနေ့မှာပဲ အလုပ်သမားသမဂ္ဂခေါင်းဆောင်ပိုင်းတွေ နဲ့ အလုပ်သမားတွေက ပြောဆိုလာကြတာပါ။ အလုပ်သမားတွေ ရဲ့ အခွင့်အရေး အပြည့်အဝ ရရှိရေးနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်နိုင်အောင် အစိုးရ က တာဝန်ယူ ဖြေရှင်းပေးဖို့လိုတယ်လို့လည်း အလုပ်သမားအရေးဆောင်ရွက် သူတွေက ပြောဆိုပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် တင်ပြထားပါတယ်။

ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေ ရဲ့ အဓိက ပြဿ နာကတော့ လုပ်ခ၊ လစာ ရရှိမှု အလွန်နည်းပါးနေတဲ့ အချက်ဖြစ်တယ်လို့ ပြည်တွင်းက အလုပ်သမားတွေ နဲ့ အလုပ်သမား အရေး ဆောင်ရွက်သူတွေကပြောပါတယ်။ ဒါကြောင့် ဒီကနေ့ ကမ္ဘာ အလုပ်သမားနေ့မှာဆိုရင်လည်း အခြေခံလုပ်ခလစာ ကို တစ်နေ့ ၅၆၀၀ ကျပ် ထိပေးပါ ဆိုပြီးတော့ ဆူးလေဘုရားလမ်းပေါ်က အလုပ်သမားထု ၂၀၀ လောက် ဆန္ဒထုတ်ဖော်ပွဲမှာ အခုလို တောင်းဆိုခဲ့ကြတာပါ။

"တစ်နေ့ ၈နာရီ အနည်းဆုံး လုပ်ခ ၅၆၀၀ ရရှိရေး (တို့အရေး၊ တို့အရေး)။"

အခုကြားခဲ့ရတဲ့ အသံတွေ ကတော့ အလုပ်သမားတွေ ရဲ့ သူတို့ ရဲ့ ဆန္ဒထုတ်ဖော်ပွဲ မှာ ကြွေးကြော်ခဲ့တဲ့ အသံ အချို့ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလုပ်သမားအခွင့်အရေး နဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေ ဖိနှိပ်မှု အပါအဝင် အလပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေဟာ ပြည်တွင်းမှာ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ ဥပဒေ အကျိုးဆောင် ဦးဋ္ဌေးက အခုလိုပြောပါတယ်။

" အဓိကကတော့ လုပ်ခ၊ လစာ နည်းတာနဲ့ ကျန်တဲ့ ဥပဒေပါ အခွင့်အရေးတွေ မရသေးတာ၊ ဥပဒေကို မလိုက်နာတဲ့အတွက် မရသေးတာ၊ အဲ့တာက အဓိကဖြစ်တယ်။ လက်တွေ့ကတော့ အစိုးရပဲပေါ့နော်။ ကော်မတီတွေဖွဲ့၊ သူတို့က လုပ်ရတာဆိုတော့၊ အဲ့တာတွေက နှောင့်နှေးကြန့်ကြာနေတာ၊ လက်တွေ့ကတော့ အလုပ်သမားတွေရဲ့ စာနာမှု နည်းတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ စားဝတ်နေရေးက နေ့စဉ်နဲ့အမျှ အခက်အခဲ ကြုံနေတာ၊ အလုပ်သမားတွေဆို တချို့တွေဆို အလုပ်ထုတ်ခံရတယ်။ အလုပ်ခန့်တာက လကုန်တာနဲ့ပြဿ နာ တက်တာ။ ဘာဖြစ်လို့လဲဆိုတော့ လကုန်ပြီး ၅ရက်အတွင်း အဆောင်ကြေးမပေးရင် အဆောင်ပေါ်က ဆင်းရတာ သူတို့ အဲ့တာကို မသိတာ။ အခု အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ကျနော်တို့ ဘေးမှာ ရှိတယ်ပေါ့နော်။ မြန်မာယူနစ်ဆိုရင် အလုပ်သမားခေါင်းဆောင် ငါးဦး အထုတ်ခံလိုက်ရတယ်။ စာချုပ်ချိုးဖောက်မှုနဲ့ အလုပ်ရှင်ကို တွေ့ဆုံတယ်။ အလုပ်ထုတ်ပစ်လိုက်တာပဲ အဖတ်တင်တယ်။"

အလုပ်သမား ဥပဒေသစ်အရ လတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးထားတဲ့ အလုပ်သမားရေးရာ အသင်းအဖွဲ့တွေ အလုပ်သမားသမဂ္ဂတွေ ကိုဆောင်ရွက်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ကထုတ်ပစ်တာ အလုပ်နေရာရွှေ့ပြောင်းလိုက်တာတွေကို ပြည်တွင်း အလုပ်ရှင်တွေက လုပ်ဆောင်လာလို့ အလုပ်သမားတွေရဲ့ မှုလ အခွင့်အရေးတွေ နစ်နာဆုံးရှုံး ရတယ်လို့ အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ က ဒေါ်အိရွှေစင်ညွှန့်ကပြောပါတယ်။

"အစိုးရဖက်က အလုပ်သမားသမဂ္ဂဖွဲ့စည်းတဲ့ကိစ္စတွေကို အနှောင့်အယှက်တခုမှ မပေးဘူး။ အစိုးရဆိုတာ ကျမပြောတာ ဌာနဆိုင်ရာ အသီးသီးကိုပြောတာ။ နယ်တွေမှာ လိုက် အကူအညီပေးတယ်။ အနှောင့်အယှက်မပေးဘူး။ ဝိုင်းဝန်းကူညီတာတွေလည်း ရှိတယ်။ ပြဿ နာက အလုပ်ရှင်တွေရဲ့ လိုက်နာမှုက အရမ်းအားနည်းနေတယ်။ အလုပ်ရှင်တွေက အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့တွေ ဖွဲ့ပြီဆိုရင် သူတို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်မယ်လို့ ယူဆပြီးတော့ အလုပ်က ထုတ်ပစ်တာတွေ၊ နေရာတွေ ရွှေ့ပြောင်းပစ်လိုက်တာတွေဟာ ဆိုလို့ရှိရင် ကျမတို့ လက်ရှိ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အကုန်လုံး အတူတူ ပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေ၊ ညှိနှိုင်းဆောင်ရွက်ရမယ့် အခြေအနေမှာ အလုပ်ရှင်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအားနည်းနေတယ်ဆိုတာ ကျမက တင်ပြချင်ပါတယ်။

တစ်ချိန်ထဲမှာပဲ အလုပ်သမားတွေကို အလုပ်ရှင်တွေက အလုပ်က ထုတ်ပစ်တာမျိုးတွေကို ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း အလုပ်သမားတွေကို လုပ်ခလစာပေးရာမှာ ပွင့်လင်းမှု မရှိတာ၊ အလုပ်ချိန်ထက် ကျော်လွန်တဲ့ အချိန်ပိုဆင်းခိုင်းတာ၊ အခြေခံ လစာ ကို နှိမ်ချပေး တာမျိုးတွေကိုလည်း အလုပ်ရှင်တွေဘက် က ကျူ းလွန် မှုတွေရှိနေ တယ်လို့ အလုပ်သမားရေးရာ ဆောင်ရွက်တဲ့အဖွဲ့တွေက ခေါင်းဆောင်ပိုင်း တက်ကြွသူတွေက ဒီကနေ့ ကမ္ဘာအလုပ်သမားနေ့မှာပြောလာကြတာပါ။

အခုလို ဆန္ဒပြမှုတွေဖြစ်ရတဲ့ အဓိက အကြောင်းတွေကတော့ အလုပ်သမားတွေ ကို အလုပ်ရှင်တွေက တစ်ဖက်သတ် ဖိနှိပ်ပြီးတော့ အလုပ်သမားအရေးဆောင် ရွက်သူတွေကို အဓိကထားနှိပ်ကွပ်ခဲ့တာကြောင့် အလုပ်သမား အရေး အငြင်းပွားမှုတွေ တစတစ မြင့်တက်လာတာဖြစ်ပါတယ်။

အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အချက် ၁၇ ချက်ပါ ညွှန်ကြားချက်ကို လုပ်ငန်းရှင်တွေက လုံးဝလျစ်လျှူရှုထားပြီး သူတို့ရဲ့ကိုယ်ပိုင် အလုပ်ခွင် စည်းမျဉ်းတွေ နဲ့ပဲ အုပ်ချု ပ်နေတာတွေကို အစိုးရပိုင်း အနေနဲ့စောင့်ကြည့် သုံးသပ်ပေးဖို့လိုတယ်လို့လည်း အလုပ်သမား အရေး လုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်ဖို့ အစိုးရက အလုပ်သမားစင်တာတစ်ခု ဖြစ်ဖို့ လိုအပ်နေပြီလို့ အလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။

အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်ရှင်တွေ အကြား ပြဿ နာတွေရှိတာနဲ့ ပတ်သက်လို့ ကမ္ဘာ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန် ဆက်ဆံရေးရုံးတာဝန် ခံစတိဗ်မာရှယ်က အခုလိုသုံးသပ်ပါတယ်။

" ကျနော်ထင်ပါတယ်။ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ရော၊ တခြားအဖွဲ့တွေကပါ မြန်မာအလုပ်သမားရေးပြဿ နာတွေကို ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှလည်း အပေါင်းလက္ခဏာဆန်တဲ့ ရလာဒ်တွေ ရလာမှာပါ။ ကျနော်တို့ အချိန်ယူဖို့လည်း လိုပါတယ်။ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားမှာ နားလည်မှုတွေ ရအောင် ကြိုးစားဖို့ လိုပါတယ်။ အချင်းချင်း ညှိနှိုင်းကြဖို့ပါ။"

အလုပ်သမားဖွဲ့စည်းခွင့် ဥပဒေအရ အလုပ်သမားအဖွဲ့အစည်းတွေဟာ အခုဆို ၄၀၀ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်သမားရေးအငြင်းပွားမှုတွေ ကို ဖြေရှင်းတဲ့ ညှိနှိုင်းဖြေရှင်းရေးနဲ့ ခုံသမာဓိရုံးတွေဟာလည်း အားနည်းချက်တွေရှိနေတယ်လို့လည်း အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောဆိုပါတယ်။
XS
SM
MD
LG