သတင်းလွတ်လပ်ခွင့်အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်မဆုတ်စေဘူးလို့ သတင်းနဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ အာရှနဲ့ပစိဖိတ်ဒေသလုံးဆိုင်ရာ သတင်းမီဒီယာညီလာခံမှာ ပြောပေမယ့် တစ်ယောက်တည်းရဲ့ကတိစကားနဲ့ မလုံလောက်ဘူးလို့ တုံ့ပြန်မှုလည်း ရှိနေပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ အကြား ကာလ အတော်ကြာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာ ဥပဒေကြမ်းတွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး ဥပဒေအဖြစ်ပြဌာန်းပေးဖို့ သမ္မတဆီ ပေးပို့ထားပါတယ်။
"တနည်းအားဖြင့် မိမိတို့ ပြင်ဆင်ကြိုးပမ်းတဲ့ ဥပဒေများ တည်မြဲနေစဉ်မှာတော့ မကြိုက်မနှစ်သက်သော်လည်း နိုင်ငံကြီးသားပီသစွာ တရားဥပဒေကို လေးစားလိုက်နာရေးဓလေ့ အမြစ်တွယ်ခိုင်မာရေးအတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေများကို လေးစားလိုက်နာကြရမှာဖြစ်ပါတယ်။" (သမ္မတဦးသိန်းစိန်)
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သဝဏ်လွှာ ပြန်ပို့ခဲ့ပါတယ်။
"ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာ မဟုတ်ပါဘူး။ အဓိကကတော့ ကိုယ့်တပ်မတော်ဟာ နိုင်ငံတကာ တပ်မတော်တွေ ဆင်နွှဲတဲ့ သမားရိုးကျ စစ်ဆင်ရေးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိအောင် လေ့ကျင့်တာပဲ ဖြစ်ပါတယ်။" - ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တရပ်ဖွဲ့စည်းရေး ပါဝင်မယ့် ကော်မရှင်ရဲ့ အမည်စာရင်းကို သမ္မတဦးသိန်းစိန်က လွှတ်တော်အကြီးအကဲတွေဆီ ပေးပို့ခဲ့ရာမှာ အငြိမ်းစားဝန်ထမ်းတွေဖြစ်တဲ့ ဗိုလ်ချုပ်မြဝင်းနဲ့ သံတမန်ဟောင်း ဦးတင်ဦးတို့လည်း ပါဝင်ပါတယ်။
"သက်ဆိုင်ရာမြေတွေကို အသုံးပြုထားတဲ့ဌာနတွေအနေနဲ့ ဆက်ပြီးတော့ အသုံးပြုဖို့ရှိလား ဒါမှမဟုတ် ပိုနေသလား ဆိုတာကို မေးပါတယ်။ အဲ့ဒီ့ ပိုနေတယ် သူတို့ ပြန်ပေးနိုင်တယ် ဆိုပြီး ပြန်အပ်လိုက်တဲ့ မြေတွေကို မူလ သူတို့ပိုင်တယ်လို့ ပြောတဲ့သူတွေဆီကနေ အထောက်အထားပြန်တောင်းတဲ့ စနစ် ဖြစ်ပါတယ်။"
" ကျနော်တို့ သတင်းရထားတာတွေရှိတာပေါ့နော်။ ဒါ အာဏာပိုင်တွေကိုလည်း ကျနော်ပြောထားပြီးပြီ။ ..အဖွဲ့အစည်းအပေါ်မှာ ရောင်ပြန်လိုလို ဘာလိုလို သဘောတွေနဲ့ အဲ့တာမျိုးတွေ လုပ်ပြီးတော့ ကိုယ်ကျိုးရှာနေတဲ့သူ ဒါတွေကလည်း ဘယ်လိုပြောရမလဲဆိုတော့ ငြိမ်းချမ်းရေးရဲ့ ဆူးညှောင့်ခလုတ်တွေဖြစ်တယ်။"
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရှိရာက ဒေသခံတွေ၊ ကြေးနီတူးဖော်ရေး ကုမ္ပဏီတာဝန်ရှိသူတွေ၊ အကြမ်းဖက်ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
"ခရီးစရိတ်က မနက်တစ်ထောင်၊ ညတစ်ထောင်ကုန်တယ်၊ လမ်းစရိတ် ၂ ထောင်ကုန်လို့ ကျန်တာနဲ့စားမလောက်လို့....။ တလကို တစ်သောင်းခွဲလားမသိဘူး၊ အဲဒါမပေးနိုင်လို့ ကျောင်းထုတ်ရတဲ့ကလေးတွေလည်းအများကြီးပဲလေ..." (ဦးမြလှိုင်၊ သီလဝါ လူမှုဘဝ တိုးတက်ဖွံ့ဖြိုးမှုအဖွဲ့)
လုလအထူးကိုယ်စားလှယ် ကင်တာနားဟာ ရခိုင်ပြည်နယ် ကို နေ့ခြင်းပြန်ရောက်ခဲ့ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေ အပါအဝင်၊နှစ်ဖက်လူမှုအသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။
"ယူနတီသတင်းဂျာနယ်တိုက်ရဲ့ အမှုဆောင်အရာရှိချုပ်ဦးတင့်ဆန်း အပါအဝင်၊ သတင်းထောက် ၄ ဦးကို ဒီကနေ့ ပခုက္ကူခရိုင် တရားရုံးမှာ ရုံးထုတ်ပြီး ၁၉၂၃ခုနှစ်မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၉ နဲ့ အမှု စွဲဆိုလိုက်တဲ့ တရားလို ကတော့ အစိုးရ စစ်တပ်က ဒုတိယ ဗိုလ်မှူးကြီးဦးကျော်ကျော်ဦးဖြစ်ပါတယ်။"
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ လူ့အခွင့်အရေး အခြေအနေတွေ လေ့လာဖို့ မြန်မာနိုင်ငံကို ဒီကနေ့မှာပဲ ရောက်ရှိလာပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် အမျိုးသား လူ့အခွင့်အရေးကော်မရှင် က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
"ဗိုလ်ချုပ်အောင်ဆန်းကို ဘာဖြစ်လို့ ပြည်သူတွေက ချစ်ခင်လဲ။ လေးစားလဲ။ ကြည်ညိုလဲ။ အဲ့ဒီ့အကြောင်းရင်းတွေကို သေသေချာချာ လေ့လာပါ။ ကိုယ်ဟာ ကိုယ့်ရဲ့အသိုင်းအဝိုင်းမှာ လူတွေ ချစ်ခင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ လေးစားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ချင်လို့ရှိရင် အဲ့ဒီ့လိုဖြစ်အောင်လို့ ကိုယ့်ကိုကိုယ်ပြုစုပျိုးထောင်ပါ။"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆုံးရှုံးသွားတဲ့ လယ်ယာမြေ လျော်ကြေးတွေကို တတိယအကြိမ်ထုတ်ပေးရာမှာ လယ်သမားတွေဘက်က တောင်းဆိုထားသလို တိုးမြှင့် ထုတ်ပေးနေတဲ့အကြောင်း ကြေးနီစီမံကိန်း စုံစမ်းရေးအစီရင်ခံစာကော်မတီအပေါ် အကောင်အထည်ဖော်ရေးကော်မတီက တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်အရည်အချင်းဆိုင်ရာ သမ္မတဖြစ်မည့်သူ စစ်ရေးအမြင်ရှိရမယ့် အချက်ပါ ပုဒ်မ ၅၉၊ (ဃ) နဲ့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတစ်ပါး နိုင်ငံသား မဖြစ်စေရဆိုတဲ့ ပုဒ်မ ၅၉ (စ) အပေါ် သံဃာတော်တွေရဲ့သဘောထားတွေကို တင်ပြထားပါတယ်။
ဒုချီးရားတန်းကျေးရွာ စုံစမ်းရေး ကော်မရှင် အလုပ်လုပ်နိုင်ခွင့်ရမယ့် ရက်ပေါင်း ကတော့ ရက်ပေါင်း ၂၀ လောက်သာ အချိန်ရမှာ ဖြစ်ပြီးတော့ ကော်မရှင်ရဲ့ စိစစ်တွေ့ရှိချက်တွေကို အခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သမ္မတဆီ တိုက်ရိုက် တင်ပြဖို့ရက် သတ်မှတ်ပေးထားပါတယ်။
"ကျနော်တို့ ကော်မရှင်က တင်ပြထားတဲ့ စာတွေက တိုင်စာတွေက အများကြီးပဲ ကျနော်တို့ တပ်မတော်ကို တင်ပြထားတာ။ ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်ပြိးတော့ စွန့်လွှတ်တယ် ဆိုတာက ကျနော်ထင်ပါတယ်။ ကျနော်တို့ တင်ပြထားတာထက် ဆယ်ရာခိုင်နှုန်းတောင် ပိုမှာမဟုတ်ဘူး။"
“မပြောသင့် မပြောအပ်တဲ့ စကားမျိုးတွေဖြစ်နေတော့ ဒီဟာနဲ့ပတ်သက်လို့ လွှတ်တော်ကိုလည်း စော်ကားရာရောက်တဲ့အတွက်ကြောင့် ဒီဟာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါဆိုတဲ့ အရေးတကြီး အဆို တင်တာပေါ့နော်။"
သမ္မတဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီလ မိန့်ခွန်းမှာ ကျန်းမာရေးအတွက် ဆင်းရဲချမ်းသာမရွေး လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ဖို့ ရှိကြောင်းနဲ့ ထူးချွန်ကျောင်းသားတွေအတွက် သမ္မတရဲ့ ပညာသင်ဆု ချီးမြှင့်ရေး ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်