ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောနယ်တွေမှာ ပြည်သူ့ဆန္ဒကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြုရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သံတမန်နည်းအရ တုံ့ပြန်သွားမယ်လို့ သမ္မတပြောခွင့်ရှိသူက ပြောပါတယ်။
စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းပြည်နယ်နဲ့ ပူးပေါင်းရေး ပြည်သူ့ဆန္ဒခံယူခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလို့ ရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်ကို ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကလည်း ရှုတ်ချကြောင်းကိုလည်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ Dhaka Tribune သတင်းစာ အင်တာနက်ဆောင်းပါးမှာ ဆောင်းပါးရှင် Zeeshan Khan က ယူကရိန်းနိုင်ငံက ခရိုင်းမီးယားဒေသကို Russia နဲ့ ပူးပေါင်းလိုက်သလို ရခိုင်ပြည်နယ်အတွင်းက စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းပြည်နယ်နဲ့ ပူးပေါင်းဖို့ဆိုတဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆက်သွယ် ပြောဆိုနေတဲ့အကြောင်း သမ္မတပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်း ၂ ခု အသုံးပြုမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဆင့်ခေါ်တွေ့ဆုံဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူကန့်ကွက်မယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
“၂ မျိုးပေါင်းမှာလေ၊ ဒီမှာရှိတဲ့ သံအမတ်ကြီးကို ကျနော်တို့က ခေါ်ပြောမယ်၊ ဟိုမှာရှိတဲ့သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို ခေါ်ပြောမယ်၊ အဲဒီသဘောပါ။ ”
နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီကိစ္စအပေါ်မှာ သီးသန့်ထုတ်ပြန်ချက် ထုတ်ပြီး ကန့်ကွက်ဖို့ရှိတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းအထိ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုမှုတွေ လုပ်တာမျိုးတော့ မြန်မာအစိုးရဘက်က ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။
ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A Referrendem In Rakhaine State ဆိုတဲ့ ဆောင်းပါးဟာ မကြာသေးခင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ အနေအထားရှိပြီးတော့ အခုလို ရေးသားမှုအပေါ်မှာ လက်ခံနိုင်စရာ အကြောင်းမရှိ ရှုတ်ချတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်းဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။
“Dhaka Tribune က ထုတ်တယ်ဗျာ။ အဲဒီသတင်းစာထဲမှာ ဆောင်းပါးပါတာ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ ကျနော် မြင်တယ်ဗျာ။ ဆောင်းပါးရှင်ရေးထားတဲ့ အာဘော်တွေက- ယူကရိန်း၊ ခရိုင်းမီးယားနဲ့ယှဉ်ပြီး ပြောထားတဲ့ဟာ ကျနော်တို့ လက်ခံနိုင်စရာမရှိဘူးဗျ။ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်းမှာ ကျနော်တို့မှာ ဖြေရှင်းလို့ မပြီးသေးတဲ့ လူမျိုးရေးပြဿနာတွေ၊ ဘာသာရေး ပြဿနာတွေ၊ ဘာသာရေးဆန်ဆန်ပြဿနာတွေကနေ ညီညွတ်မှုကို အတော်လေး ကြိုးစားပမ်းစားတည်ဆောက်နေရတဲ့အချိန် ဖြစ်တယ်ဗျာ။ တဘက်ကလည်း တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရဖို့၊ ဒီမိုကရက်တစ်ပြည်ထောင်စုကိုသွားဖို့ ကျနော်တို့ ကြိုးစားနေရတဲ့ အချိန်အခါမျိုးဖြစ်တယ်ဗျ။ အဲဒီအခါမျိုးမှာ ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ထိပါးမယ့်ကိစ္စမျိုးတွေကို ကျနော်တို့ ပြည်သူအချင်းချင်းကြားထဲမှာ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအချင်းချင်းကြားထဲမှာ သွေးခွဲစေမယ့်လုပ်ရပ်မျိုးကိုလုပ်တဲ့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်၊ ဘယ်နိုင်ငံဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်သတင်းစာပဲဖြစ်ဖြစ် ကျနော်ကတော့ လက်ခံနိုင်တဲ့အခြေအနေမှာ မရှိဘူးဗျ။ အဲဒါကြောင့်မို့လို့ ကျနော့်သဘောထားကတော့ အဲဒီသတင်းစာရော၊ အဲဒီဆောင်းပါးရေးတဲ့ ဆောင်းပါးရှင်ကိုရော၊ သတင်းစာပါ ဆောင်းပါးထဲက အကြောင်းအရာတွေကိုရော ကျနော်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်၊ ရှုတ်ချတယ်။ ဒါကတော့ ကျနော့်ရဲ့သဘောထားပဲဗျ။”
ပြည်ထောင်စုပြိုကွဲရေးအထိ ဖြစ်စေနိုင်တဲ့ Dhaka Tribune သတင်းစာရဲ့ အရေးအသားဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးတဲ့ အနေအထားထိ ဖြစ်စေတာကြောင့် ရေးသားခဲ့တဲ့ဆောင်းပါးအပေါ်မှာ ကန်ကွက်ရှုတ်ချတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“အားလုံးဟာ ကိုယ့်ရေ၊ ကိုယ့်မြေအပေါ်မှာ အင်မတန်တွယ်တာတဲ့သူတွေပါ။ ဒါကတော့ လုပ်မယ်ဆိုရင်တော့လည်း ကာကွယ်ဖို့အဆင်သင့်၊ တပ်လှန့်နေစရာ မလိုပါဘူး။ ဒါပေမယ့် ဒါမျိုး ရေးတာသားတာကတော့ စစ်မက်ကိုတိုက်ခိုက်ဖို့ဆိုတာ ရေးတဲ့လူက မဆင်မခြင်ရေးတာမျိုးဖြစ်လို့ ရှုတ်ချသင့်ပါတယ်။ ၂၁ ရာစုခေတ်ထဲမှာ နယ်ချဲ့ပြီး ကျူးကျော်တိုက်ခိုက်တာမျိုးကို လက်မခံပါဘူး။ ခရိုင်းမီးယားမှာ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့မြန်မာနိုင်ငံမှာ ဒါမျိုးလုပ်လို့ရှိရင်တော့ ကျနော်တို့က လုံးဝလက်ခံမှာလည်း မဟုတ်ပါဘူး။”
မြန်မာနိုင်ငံ သတင်းစား ဆရာများ အသင်း (MJA) ကလည်း အခုလို Dhaka Tribune သတင်းစာရဲ့ရေးသားချက် နဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့ သဘောထား ကြေငြာချက် တစ်စောင်ထုတ်ခဲ့သလို၊ ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝိုင်းကလည်း အခု ကိစ္စ အပေါ်မှာ ကန့်ကွက်မှု တွေ ရှိနေတာပါ ခင်ဗျား။