ကချင်ပြည်နယ် တနိုင်းနဲ့ ရှင်ဗွေယန်မြို့အကြားမှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ရေး တင်းမာမှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းမှာပဲ KIO ဌာချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေ။
စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့ရဲ့ ခုခံတွန်းလှန်စစ် စတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကြေညာလိုက်တဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားတွေကို တင်ဆက်ပေးထားပါတယ်။
ကချင်ပြည်နယ်အခြေစိုက် ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) က ဩဂုတ်လဆန်းပိုင်းမှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းစကားတခုထဲမှာပါတဲ့ အသုံးအနှုန်းတခုကြောင့် အသင်းတော်ရဲ့တာဝန်ခံကို တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ( က) နဲ့ စစ်ကောင်စီက အမှုဖွင့်လိုက်ပါတယ်။
မတ်လကမှ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ အသက် ၂၈ နှစ်အရွယ် မခေမာလွင်နဲ့ အသက် ၃၀ အရွယ် မစုမြတ်နွယ်တို့ကို သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်တပ်က ပြန်ဖမ်းသွားတာပါ။ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြခဲ့လို့ အဖမ်းခံခဲ့ရတဲ့သူတို့ကို မတ်လက ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီးမှ ပြန်လည်ဖမ်းဆီးခံရတာဖြစ်ပါတယ်။
သြဂုတ်လ ၁၅ ရက်မတိုင်မီ တာလီဘန်တွေ ကာဘူးမြို့ ကိုမသိမ်းပိုက်ခင်ကတည်းက အာဖဂန်မှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေက ဆိုးရွားနေတာပါ။ အခု တာလီဘန်တွေ လက်အောက် အခြေအနေတွေပိုဆိုးနေသလို ကူညီရေး အဖွဲ့တွေအနေနဲ့လည်း အခက်အခဲတွေတွေ့နေရတဲ့ အကြောင်း VOA ကုလသမဂ္ဂ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုန်းကိုးဒေသ၊ ဖောင်းဆိုင်ဘက်မှာ စစ်တပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ဒီကနေ့ တိုက်ပွဲဆက်ဖြစ်ပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ အရပ်သားတချို့ ထိခိုက်တာရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်နဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ပြည်နယ်ကောင်စီက ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနေပြီး မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ် ဆေး ထိုးပေးနေတာနဲ့ ပတ်သတ်ပြီး သတင်းယူခွင့်ကန့်သတ်ထားတယ်လို့ ရခိုင်အခြေစိုက် သတင်းထောက်တွေက ပြောဆိုကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသဖက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ထိမှန်တာကြောင့် ဒေသခံ ၄ ဦးသေဆုံးခဲ့သလို မုံးကိုးမြို့ပေါ်အထိ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော်လောက် ရှိပါတယ်။
ဇွန်လတုန်းက ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က ကူညီမယ့်အစီအစဉ်ကို COVID-19 ကြောင့်ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ပြည်နယ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပေမယ့် မွတ်ဆလင်ဒုက္ခသည်စခန်းတချို့မှာတော့ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးဘူးလို့ စခန်းထဲက ဒုက္ခသည်တွေကပြော
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီး တရားမျှတတဲ့နည်းလမ်းနဲ့ ဆွေးနွေးမှသာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း KIA ကချင်လက်နက်ကိုင်အဖွဲ့က သဘောထား ထုတ်ပြန်
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ပေသုံးရာလောက်မြင့်တဲ့ တောင်ကမ်းပါးတခု ဒီကနေ့မနက် အစောပိုင်းမှာ ပြိုကျခဲ့တာကြောင့် ၁၁ ယောက်သေဆုံးခဲ့ပါတယ်။ မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကမ်းပါးပြိုကျခဲ့တာဖြစ်ပြီး တလအတွင်းမှာပဲ တတိယအကြိမ်မြောက် မြေပြိုမှုဖြစ်ပြီး သေဆုံးမှုလည်း အများဆုံး ဖြစ်ခဲ့တာပါ။
ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကအကူအညီပေးဖို့ ပြင်ဆင်နေတယ်လို့ ICRC နဲ့ ဆွေးနွေးခဲ့တဲ့ ဒေသခံတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းအနီးမှာ ဒီလအစောပိုင်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်အကြားဖြစ်တဲ့တိုက်ပွဲကြောင့် တရုတ်-မြန်မာနယ်စပ်အနီးမှာ စစ်ပြေးဒုက္ခသည် တထောင်ကျော်ရောက်ရှိနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။
မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်မြင့်စန်းဟာ ဩဂုတ်လ ၁၁ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံခဲ့ရပြီး အခု ပခုက္ကူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိထားတဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။
ဓာတ်မြေဩဇာ ပြည်ပတင်ပို့တာကို ယာယီရပ်ဆိုင်းထားမယ်လို့ တရုတ်နိုင်ငံရဲ့ ဓာတ်မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာပြီးနောက် မြန်မာနိုင်ငံတွင်း ဓာတ်မြေဩဇာဈေးတွေ ပို တက်လာနေပါတယ်။
ရွှေလီမြို့မှာ နေထိုင်ခွင့်သက်တမ်းမရှိ၊ အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့ မြန်မာတွေ နေရပ်ပြန်ပို့မယ်လို့ ဒေသခံအာဏာပိုင်တွေက ကြေညာခဲ့ပေမယ့် ဒီကနေ့မှာတော့ ပေါက်ဖော်ကဒ်သက်တမ်း ထပ်တိုးပေးပြီး ဆက်လက်နေထိုင်ခွင့်ပြုသွားမယ့်အကြောင်း တရုတ်အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့က ခလရ ၅၈မှာ ၃ရက်ဆက်တိုက် ညအချိန် ပစ်ခတ်တာတွေ ရှိနေပြီး အနီးအနားကျေးရွာတွေမှာ လက်နက်ကြီးကျရောက်တာကြောင့် ဒေသခံတွေဟာ ညအခါမှာ ရွာမှာမနေရဲဘဲ တခြားမှာ တိမ်းရှောင် အိပ်စက်နေကြရပါတယ်။ တချိန်တည်းမှာပဲ ဖားကန့်ဘက်မှာလည်း ဗုဒ္ဓဟူးနေ့က ၃နေရာလောက်မှာ တိုက်ခိုက်တာတွေ ရှိနေပါတယ်
အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့ တရုတ်နယ်စပ်မြို့တွေက မြန်မာတွေကို နေရပ်ပြန်ဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးပြီးတဲ့နောက် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ကနေ ပြည်တွင်းပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားဟာ တပတ်အတွင်းမှာ ၂၀၀၀ ကျော်ရှိသွားပြီဖြစ်
ကိုဗစ်ကူးစက်မှုတွေ သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လူနာတွေအတွက် အောက်ဆီဂျင် မလုံလောက်တာတွေရှိလာသလို ကပ်ရောဂါအခြေအနေကြောင့် စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ပါ ရင်ဆိုင်နေရ
နောက်ထပ်ကြည့်ရှုရန်