သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်မြေဩဇာဈေးမြင့်လို့ မြန်မာ့စိုက်ပျိုးရေး ထိခိုက်ဖွယ်ရှိ


This photo taken on April 4, 2008 shows Myanmar farmers planting rice in irrigated fields in Taikkyi, about 90 kilometres north of Yangon. In the recent rice crisis, big importers like Philippines and Sri Lanka, which don't grow enough rice to meet their
This photo taken on April 4, 2008 shows Myanmar farmers planting rice in irrigated fields in Taikkyi, about 90 kilometres north of Yangon. In the recent rice crisis, big importers like Philippines and Sri Lanka, which don't grow enough rice to meet their

Zawgyi/Unicode

ဓာတ်မြေဩဇာ ပြည်ပတင်ပို့တာကို ယာယီရပ်ဆိုင်းထားမယ်လို့ တရုတ်နိုင်ငံရဲ့ ဓာတ်မြေဩဇာထုတ်လုပ်ရေး လုပ်ငန်းကြီးတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာပြီးနောက် မြန်မာနိုင်ငံတွင်း ဓာတ်မြေဩဇာဈေးတွေ ပို တက်လာနေပါတယ်။ ဒီအတွက် မြန်မာ့လယ်ယာလုပ်ငန်းမှာ တစုံတရာရိုက်ခတ်မှု ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုအောင်မြတ်သူပြောပြမှာပါ။

မြန်မာနိုင်ငံက ဝယ်ယူသုံးစွဲနေရတဲ့ တရုတ်နိုင်ငံထုတ် ဓာတ်မြေဩဇာတွေ အခုနှစ်ထဲမှာ ဈေးအဆမတန် တက်လာတာပါ။ တင်သွင်းမှုကလည်း အရင်နှစ်တွေကထက် လျော့နည်းသွားပါတယ်။ ကိုဗစ် ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ဓာတ်မြေဩဇာဈေးနှုန်းက တကမ္ဘာလုံးအတိုင်းအတာနဲ့ ၃ ဆလောက်တက်သွားပြီး ပြည်တွင်းမှာလည်း မနှစ်ကထက် အဝင်လျော့ကျသွားကြောင်း မြန်မာစီးပွားကူးသန်းဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံအများစုက အခုလိုကာလမှာ နိုင်ငံအလိုက် ကုန်သွယ်ရေးထိန်းချုပ်တဲ့ အစီအစဉ်တွေ ချမှတ်နေတာကြောင့်လည်း အခုလိုဈေးတွေတက်လာတာ ဖြစ်နိုင်ကြောင်း သူကပြောပါတယ်။

“ဈေးကတော့ တော်တော်မြင့်သွားတာ၊ တော်တော်ကြီးကို မြင့်သွားတယ်ဗျာ၊ ကျနော်တို့ ပြည်တွင်း statistics ( စာရင်း) အရ ကြည့်မယ်ဆိုရင် တင်သွင်းမှုသာ ကျသွားတာ ဓာတ်မြေဩဇာနဲ့ပတ်သက်တဲ့ value ( တန်ဖိုး) ကမကျဘူးပေါ့နော်။ တက်တယ်ပေါ့၊ တော်တော်ကြီးကိုတက်တယ်။ မနှစ်ကထက်စာရင် တင်သွင်းမှုက တန်ချိန်တော်တော်လျော့သွားတယ်၊ ၃၀,၀၀၀ လောက်လျော့သွားတယ်၊ မနှစ်ကသွင်းတာထက်စာရင်။”

နယ်စပ်မှာ ကိုဗစ်အကန့်အသတ်တွေ ရှိနေတာလည်း ဈေးတက်ရတဲ့အကြောင်းရင်းတခုလို့ သူကပြောပါတယ်။

ပြည်တွင်းမှာ အသုံးများတဲ့ ပုလဲဓာတ်မြေဩဇာလို့ခေါ်တဲ့ နိုက်ထရိုဂျင်တအိတ်ကို မနှစ်ကမိုးတွင်းက ကျပ် ၂၅,၀၀၀ နဲ့ ၂၈,၀၀၀ ကြားရှိပေမဲ့ ဒီနှစ်မိုးတွင်းမှာ ကျပ် ၃၅,၀၀၀ အထိတက်လာပါတယ်။ တချို့နေရာတွေမှာ တအိတ်ကို ကျပ် ၄၀,၀၀၀ ကျော်အထိပေးဝယ်နေရကြောင်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်က လယ် ၁၀ ဧကစိုက်ထားတဲ့ စောသောအယ်ထူးက ပြောပါတယ်။

“အခုအထိတောင်မှ ဓာတ်မြေဩဇာတွေက မယူရသေးဘူး၊ ငွေရေးကြေးရေးတွေလည်း ကျပ်တည်း။ ဈေးနှုန်းက မြင်းပျံတွေတောင်မှ ၅၀,၀၀၀၊ အခုရက်ပိုင်း ၅၀,၀၀၀ တောင်ကျော်သလားမသိ။ ဒီနှစ် စိုက်ပျိုးစရိတ်တွေကလည်း ကြီးတော့ မမြတ်တောင်မှ အရင်းရအောင် လုပ်ရမှာပဲ။ တော်တော်လေးကို စဉ်းစားပြီး အလုပ်လုပ်နေရတာ။ ရေတွေကလည်းကြီးတော့။ ပြန်စိုက်ဖို့တောင်မှ အခုမနည်းလုပ်နေရတယ်။”

တဧကကို ဓာတ်မြေဩဇာ ၃အိတ်သုံးရလို့ ၁၀ ဧကအတွက် တနှစ်ကို ကျပ် ၁၅ သိန်းလောက် ကုန်ကျစရိတ်ရှိကြောင်း သူကပြောပါတယ်။

မြန်မာပြည်အတွက် လိုအပ်တဲ့ဓာတ်မြေဩဇာကို တရုတ်ကနေ သင်္ဘောနဲ့အများဆုံး တင်သွင်းနေတာပါ။ ဓာတ်မြေဩဇာ ဝယ်လိုအားက နေရာတိုင်းမှာ ကြီးနေတဲ့အတွက်လည်း ဈေးတက်နေတာလို့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးဆေးနဲ့ စိုက်ပျိုးရေးသုံးဆေး လုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ဖြေကြားခဲ့ပါတယ်။

Statista အဖွဲ့ရဲ့သုတေသန စာရင်းအရဆိုရင် တရုတ်နိုင်ငံက နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်ရှ် ဒီဓာတ်မြေဩဇာသုံးမျိုး ထုတ်လုပ်တဲ့နှုန်းက ၂၀၁၅ မှာအမြင့်ဆုံးဖြစ်ပြီး တန်ချိန်သန်းပေါင်း ၇၄.၃၂ တန်ရှိခဲ့ပါတယ်။ အဲဒီနှုန်းက ၁၉၇၀ နောက်ပိုင်းအမြင့်ဆုံးပါ။ အဲဒီနောက် တဖြည်းဖြည်းကျလာပြီး ၂၀၂၀ မှာ တန် ချိန်သန်းပေါင်း ၅၃.၉၆ ပဲရှိပါတယ်။

တရုတ်ဓာတ်မြေဩဇာ လုပ်ငန်းကြီးတွေကတော့ ပြည်တွင်းသုံးစွဲမှု လုံလောက်အောင် ပြည်ပတင်ပို့တာကို ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။ ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်သုံးစွဲမှုတွေ ရှိနေပေမဲ့ ထုတ်လုပ်နှုန်းကျတာ၊ လောင်စာဆီ ဈေးကြီးတာတွေကြောင့် တရုတ်ရဲ့ ဓာတ်မြေဩဇာ ဈေးတွေက အခုနှစ်မှာ အမြင့်ဆုံးရောက်နေတယ်လို့ The Economics Times သတင်းစာက ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်


--------

Unicode












#MyanmarEconomis #MyanmarAgriculturalProducts #VOABurmese

XS
SM
MD
LG