ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ ရေကြီးရေလျှံတာကြောင့် စားဝတ်နေရေး ကြပ်တည်းနေကြသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာလည်း ဆေးဝါးနဲ့ တခြားလိုအပ်ချက်တွေ ရှိနေ
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တာဟာ တရားမျှတမှုမရှိကြောင်းနဲ့ ဒီလို ပယ်ဖျက်တာဟာ ဥပဒေနဲ့မညီကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က ဝေဖန်လိုက်သလို ရခိုင်အမျိုးသားပါတီ ANP ကလည်း ဒီကြေညာချက်ကြောင့် မြန်မာပြည်နိုင်ငံရေး ရှုပ်ထွေးမှုဟာ ပိုမိုဆိုးဝါးလာကြောင်း
လိုင်ဇာဒေသဘက်က စစ်ရှောင်စခန်းတစ်ခုမှာတော့ Covid ကူးစက်မှု စတင်တွေ့တာကြောင့် စခန်းက သူနဲ့ ထိစပ်သူတွေကို ပိုးရှိ မရှိ စမ်းသပ်စစ်ဆေးနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်းက ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကြောင့် စစ်အာဏာရှင်ဘေး၊ Covid 19 ကပ်ရောဂါဘေးကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေချိန်မှာ တိုက်ပွဲတွေရပ်ဆိုင်းဖို့ ရှမ်းနိုင်ငံရေး ပါတီကြီးဖြစ်တဲ့ SNLD က တိုက်တွန်းထားပါတယ်ယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေသလို သေဆုံးသူတွေလည်း များပြားလာတာကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေလို အောက်ဆီဂျင် မလုံလောက်တာမျိုးဖြစ်မှာ စိုးရိမ်ပြီး ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်နေကြ
ကိုဗစ်ကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်ရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ NLD ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးကျော်ဟိုးလည်း ကိုဗစ်ကူးစက်ပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ရောက်နေပါပြီ။
ကိုဗစ်ကူးစက်သူ၊ သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ က စတင်ပြီး stay at home မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ဒုက္ခသည် ၄,၀၀၀ လောက်ရှိတဲ့စခန်းတွင်းမှာ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ ၇ ဦးအထိ ရှိလာနေပြီး အသွားအလာ ကန့်သတ်ထားတာတွေကြောင့်လည်း စခန်းတွင်းမှာ ရိက္ခာပြတ်လပ်လာနေကြောင်း စခန်းတာဝန်ခံ ဦးညီပုက ဗွီအိုအေကို ပြောပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာအရပ်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ COVID-19 ကူးစက်လူနာ ၇ ဦးတွေ့ရှိထားပြီး ကျောင်းကို Lockdown ချထားပါတယ်။
ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေအပါအဝင် ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတချို့နဲ့ ခရီးသွားလာရေးတွေကို ပြည်နယ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ သွားလာဖို့ ကန့်သတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းမှာ အဓိကလိုအပ်နေတဲ့ အောက်စီဂျင် အလုံအလောက်ရရှိအောင် ကြိုးစားနေပါတယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ ကိုဗစ်ကပ်ရောဂါအတွက် ပုဂ္ဂလိကဆေးရုံတွေမှာပါ ကုသပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စီမံအုပ်ချုပ်ရေးကောင်စီပြော
မနေ့ကဇွန်လ ၆ ရက်တနေ့တည်းမှာတင် ကိုဗစ်ရောဂါနဲ့သေဆုံးသူ အယောက် ၄၀ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အောက်စီဂျင်အိုးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့က ပြောပါတယ်။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီနေ့ ဇွန်လ ၂၂ ရက်အစောပိုင်းက စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တခုတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မန္တလေးမှာ လုံခြုံရေးတင်းကြပ်နေပါတယ်။
ကယားပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မေလ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်း-ကယားပြည်နယ်အစပ်က မိုးဗြဲမြို့နယ်တို့က စစ်ဘေးလွတ်ရာ ထွက်ပြေးနေသူ ၇၀,၀၀၀ လောက်ရှိနေပါတယ်။
ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်းက ပေါက်တောမွတ်ဆလင်ကျေးရွာမှာ သောက်သုံးရေ မသန့် ရှင်းတာကြောင့်ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပြီး မနေ့ကအထိ တစ်နှစ်အောက် ကလေးငယ် ၈ ဦးသေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြည်တွင်းဒုက္ခသည်စခန်းတစ်ချို့က နေအိမ်တွေ ပျက်စီးသွားကြပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ အခုရက်ပိုင်း ပြန်လည်ဖြစ်ပွားနေပါတယ်။ မေလဆန်းက နောက်ဆုံး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အခြေအနေ ငြိမ်သက်ခဲ့ပြီးနောက် အခုတကြိမ် ပြန်ဖြစ်တာပါ။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ်ဒေသခံ CDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကစပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြသူတွေအတွက် ကျေးရွာတချို့နဲ့ ခရစ်ယာန်ဘုရားကျောင်းတချို့က ယာယီစခန်းသဘောမျိုးဖွင့်ပြီး ကူညီပေးနေပါတယ်။
မင်းတပ်မြို့ကို စစ်တပ်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းက နေအိမ်တွေအပေါ် ပစ်ခတ်မှုတွေကို ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အိမ်ထဲမှာ ရှိနေတဲ့ ကလေးငယ်တယောက် ဒဏ်ရာရထားပေမဲ့ ဆေးကုသနိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။
မမျှတမှုနဲ့ဆင်းရဲခြင်းတွေကို ဖြေရှင်းခြင်းအားဖြင့် ကပ်ဘေးလွန်ကာလမှာ ပိုမိုမျှတ၊ကျန်းမာတဲ့ ကမ္ဘာကြီး ကိုတည်ဆောက်ဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က လှုပ်ရှားမှုတရပ် ကိုလုပ်ဆောင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်