ကပ်ရောဂါကြောင့် ယာယီပိတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက ကုန်ထုတ်လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်ပေမဲ့ ကျန်းမာရေးအတွက် လုံလောက်တဲ့ စိစစ်မှုတွေ မရှိဘူးဆိုပြီး အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေ စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေဆဲ ဖြစ်ပေမဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းတွေကို ဒီကနေ့ကစ ပြန်လုပ်နိုင်ကြောင်း ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ကို ရက်ထပ်တိုးထားပြီး စက်ရုံ အလုပ်ရုံတွေ ရပ်နားထားရတာကြောင့် အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းလာနေသလို၊ တချို့ကတော့ နေရပ်ပြန်ချင်နေကြတဲ့အကြောင်း ပြောပြပါမယ်။
ကပ်ရောဂါကူးစက်မှုကို တားဆီးဖို့ ရန်ကုန်တိုင်းအတွင်း အိမ်ပြင် မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်နဲ့ စားသောက်ကုန်စတဲ့ အများပြည်သူအတွက် အခြေခံလိုအပ်တဲ့ လုပ်ငန်းတချို့ကိုတော့ ခွင့်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကြုံနေရတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။
ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ သွားလာခွင့်ပြုဖို့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာပြီးနောက် အသွားအလာတွေ လျော့ကျသွားခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ အများဆုံး ကြုံနေရတာကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ခရီးသွားလာမှုကို ပိုမိုကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားလိုက်တဲ့အကြောင်း ပြောပြပါမယ်။
မကြာသေးခင် ရက်တွေအတွင်း မိုးများရေကြီးမှုတွေ ကြုံရတဲ့အတွက် ဘေးလွတ်ရာ ပြောင်းရွှေ့ရသူတွေ ရှိခဲ့သလို၊ နောက်ထပ် ရေကြီးရေလျှံမှု အန္တရာယ် ရှိနေတဲ့အတွက် သတိထားဖို့လည်း မိုးလေဝသပညာရှင်တွေ သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံ နေရာတချို့မှာ မကြာသေးခင်က မိုးများပြီး ရေကြီးမြေပြိုမှုတွေ ကြုံခဲ့ရသလို၊ နောက်ထပ်လည်း ကြုံရနိုင်တဲ့ အန္တရယ် ရှိနေသေးတယ်လို့ မိုးလေဝသပညာရှင်တွေ သတိပေးနေပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရအောင် အထောက်အထားတွေ ထုတ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေပေမယ့် ကပ်ရောဂါကူးစက်မှုတွေကြောင့် အခက်ကြုံနေရပါတယ်။
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မိုးများပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရသလို၊ နောက်ထပ်လည်း မိုးကြီးနိုင်သေးတယ်လို့ မိုးလေဝသပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း NOUL ဟာ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းပြီး မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။
မြန်မာနယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့က မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးမှာ ကိုဗစ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီးတဲ့နောက် အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရုတ်တာဝန်ရှိတွေက နယ်စပ်ဂိတ်ကဆင့် လွှဲပြောင်းပေးနေတယ်ဆိုတဲ့ သတင်းကို တင်ပြချင်ပါတယ်။
ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူတို့ထိန်းချုပ်ရာ ဒေသတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ဖို့ ကြိုးစားလာကြတာပါ။
မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ် ဆင့်ပွားကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ ကိုဗစ်ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၁၀ ယောက်မှာ ၈ ယောက်အထိ ကူးစက်မှုနှုန်း မြင့်တက်နေတယ်လို့ ရန်ကုန် community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပိုမိုတိုးလာနေသလို တချို့တိုင်းရင်းသားဒေသမှာလည်း စစ်ရေးတင်မာမှုတွေ၊ လက်နက်ဋိပက္ခတွေရှိနေဆဲဖြစ်တာကြောင့် ရွေးကောက်ပွဲအပေါ် တရားမျှတမှုမရှိမှာကို တိုင်းရင်းသားပါတီတွေက စိုးရိမ်ကြနေတာပါ။
မြန်မာတစ်နိုင်ငံလုံး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁ နာရီခွဲထိ ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါပိုး ဓါတ်ခွဲတွေ့ရှိသူ အယောက် ၁၄၅ ယောက် ထပ်ပြီး အတည်ပြုလိုက်တာကြောင့် မြန်မာနိုင်ငံမှာ အတည်ပြုရောဂါပိုးကူးစက်ခံရသူ ၁,၄၆၄ ယောက်ဖြစ်သွားပါတယ်။
ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်အရေး လှုပ်ရှားသူ ကဗျာဆရာမောင်ဆောင်းခကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ချိုးဖောက်မှုအတွက် ငွေဒဏ် ကျပ် ၃၀,၀၀၀ ပေးဆောင်ဖို့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ပဲ အမိန့်ချလိုက်တာပါ။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတဲ့အတွက် နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် နေရာတော်တော်များများမှာ ခရီးသွားလာမှုတွေကို ပိုမိုတင်းကြပ်လာနေပြီး စောင့်ကြည့်တဲ့ အစီအစဉ်တွေကိုလည်း တိုးမြှင့်ထားတဲ့အကြောင်း ပြောပြပါမယ်။
ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာပဲ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာနေသလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်