မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အခုအခါ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပျံ့နှံ့လာတာကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ် စစ်တွေကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပြန်ရောက်လာတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ခဲ့ရပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးဖို့ အသွားအလာတွေ ကန့်သတ်လိုက်တာပါ။
မကြာသေးခင်ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေပြီး၊ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးကိစ္စ အပါအဝင် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုနေကြတာပါ။
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ် ရေမြင့်တက်လာနေတာကြောင့် အနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ဒီနေ့ပဲ ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးထားရသလို မြန်မာနိုင်ငံ နေရာအနှံ့မှာ ရေဘေးဒုက္ခသည် ၁၅,၀၀၀ လောက် ရှိနေတဲ့ အခြေအနေကို ပြောပြပေးပါမယ်။
စစ်တွေမြို့နယ်မှာရှိတဲ့ အုန်းတောကြီးမြောက်ကျေးရွာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုကြောင့် လသားအရွယ် ကလေးတဦး သေဆုံးခဲ့သလို အိမ်ထောင်စု ၈၈ ခု မီးဘေးသင့်ခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့တုန်းက မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့လည်း စခန်းတာဝန်ခံတဦးဖြစ်တဲ့ ဦးမောင်မောင်က ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုတွေနဲ့ ကြုံနေရပြီး အိမ်ထောင်စု ၁,၀၀၀ ကျော်၊ လူဦးရေ ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတာပါ။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့်ရဖို့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်တွေ အမြန်ထုတ်ပေးနိုင်ဖို့ တာဝန်ရှိသူတွေ စီစဉ်နေပေမဲ့ အချိန်မီ ပြီးစီးနိုင်ပါ့မလား စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ပြောပြချင်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတချို့မှာ နိုဝင်ဘာလ ရွေးကောက်ပွဲကျရင် ပထမဆုံးအကြိမ် မဲပေးခွင့်ရတော့မယ့်အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်က မြတန်းဆောင်း၊ စညှင်း၊ ဝါတောင်၊ ကိုင်းကြီး၊ စင်းဘောကိုင်းနဲ့ ရက်ချောင်းစစ်ရှောင်စခန်းတွေမှာ ကလေးငယ်တွေ အပါအဝင် တုတ်ကွေးရောဂါကူးစက်သူ ၂၀၀ ကျော် ရှိနေတယ်လို့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ မြတန်းဆောင်းဆရာတော်က မိန့်ကြားပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်က လူထိခိုက်သေဆုံးခဲ့တဲ့အထိ မိုးကြီးရေလျှံမှုတွေနဲ့ လေပြင်းတိုက်ခိုက်မှုဒဏ် ခံခဲ့ရတဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခာ ထောက်ပံ့နေပေမဲ့ အကူအညီမရသေးသူတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်ရာမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မပါပဲဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။
ဒီရက်ပိုင်းအတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတဲ့ ပဲခူးတိုင်းအုတ်တွင်းမြို့မှာ မနေ့တုန်းက နေအိမ် ရှစ် လုံး ရေထဲမျောပါသွားပြီး မိသားစုဝင် သုံး ဦးလည်း ပါသွားခဲ့ပါတယ်။