မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ခရီးစဉ်ဒုတိယ နေ့မှာတော့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. YangHee Lee ရဲ့ မြန်မာခရီးစဉ် ပထမနေ့မှာတော့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ တွေ့ဆုံခဲ့ပြီးအမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေအကြောင်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ပကတိအခြေအနေတွေနဲ့ သွေဖည်နေတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိပင်လယ်ပြင်မှာ ထွက်ပြေးနေကြတဲ့ လှေစီးပြေး ဒုက္ခသည်အချို့ဟာ ရခိုင်ပြည်နယ်က ဆိုရာမှာ အများ စွပ်စွဲနေသလို ဖိနှိပ်မှုကြောင့် မဟုတ်ဘဲ စီးပွားရေး အခွင့်အလမ်းတွေကြောင့် လှေစီးထွက်ခွာသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။
"ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါလာတာဟာ အခုထွက်လာတဲ့ သန်းခေါင်စာရင်းရဲ့ အားနည်းချက်တစ်ခုဖြစ်နေပေမယ့် သန်းခေါင်စာရင်းရဲ့ ၉ ၈ ရာခိုင်နှုန်းလောက်ကတော့ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီပြီး အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။"
လက်ရှိ ဒေသတွင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ လှေစီးပြေးဒုက္ခသည်တွေ အရေးဟာ ဒေသတွင်းက နိုင်ငံတွေ အားလုံးနဲ့သက်ဆိုင်တာကြောင့် အတူဖြေရှင်းပြီး တာဝန်ခွဲယူကြဖို့ လိုအပ်တယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွာရေးမှာ အနုတ်လက္ခဏာတချို့တွေ့မြင်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်း တိုးတက်မှုတွေ တွေ့မြင်ခဲ့ရတယ်လို့ ကုလသမဂ္ဂ အာရှပစိဖိတ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
ဒီမိုကရေစီစနစ် တိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်နိုင်ရေး အတွက် ရွေးကောက်ပွဲ ပညာပေးအဖွဲ့အစည်း၊ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ အခြားလူ့အခွင့်အရေးဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့ကို အမေရိကန်သံရုံးကနေ အသေးစား ကူညီထောက်ပံ့ငွေ ပေးအပ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တိုးတက်မှုတွေရှိနေပေမယ့် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေရှိနေဆဲဖြစ်ပြီး လူနည်းစုကိုးကွယ်တဲ့ ဘာသာတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ် David Saperstein က မြန်မာနိုင်ငံခရီးစဉ်မှာ သုံးသပ်ပါတယ်။
" မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ နိုင်ငံခြားလုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေမှာ လိုအပ်နေတဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေပေးဖို့ ရှိပါတယ်။"
"တယောက်ကို ၄၊ ၅ သောင်း အဲလိုမျိုးရောင်းကြတယ်။ လူကို ထောင်နဲ့ချီပြီး တင်ကြတာမျိုး ရှိတယ်ဗျ။ အဲလိုတင်မှလည်း မဏ္ဍပ်တွေက အမြတ်ကျန်တာမျိုး၊ အရင်းကျေတာမျိုးတွေရှိတယ်။ ပါမစ်တစောင်အတွက်ပဲ ဒီနှစ်မှာ ၄၀၀၊ ၅၀၀၊ ၁၅၀၀ တွေ ၇၀၀ တွေပါ ဖြစ်သွားတယ်ဆိုတော့ ဆောက်လုပ်ရေးခနဲ့ဆို အရမ်းကို များသွားတယ်"
"အသေးစား ငွေချေးလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အခြားစီးပွားရေးလုပ်ငန်းတွေဆီက အရင်းအနှီးတွေ ရယူရမှာဖြစ်ပြီး ဒီစီးပွားရေးလုပ်ငန်းတွေကလည်း ရေရှည်စီးပွားဖြစ် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း မြန်မာပြည်သူတွေအတွက် အဓိက စဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်"
"ဒီအစီရင်ခံစာရေးသားရာမှာ ရှာဖွေတွေ့ရှိတဲ့ အဓိက အဟန့်အတားဖြစ်တဲ့ အချက်ကတော့ ငွေကြေး အကူအညီ လွယ်လွယ်ကူကူ မရတဲ့ အခက်အခဲပဲဖြစ်ပါတယ်။ အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခဲ့တုန်းက လူ ၄ ယောက်မှာ ၁ ယောက်လောက်က စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ရှာဖွေတွေ့ရှိပါတယ်။ "
"ရန်ကုန်မြို့မှာ အမေရိကန်စင်တာ အဆောက်အဦး မြေနေရာသစ် ပန္နက်ရိုက်ပွဲ အခမ်းအနားကို အမေရိကန်သံရုံးက ဒီကနေ့ ကမကထလုပ် ကျင်းပပါတယ်။"
“Peace Corps အစီအစဉ်တွေကို လုပ်ကိုင်ဖို့ အမေရိကန်နိုင်ငံသား ဝန်ထမ်းတွေ အနည်းငယ်ပါမှာဖြစ်ပြီး အများစုကတော့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေဖြစ်မှာပါ။ အိမ်ရှင်နိုင်ငံတွေမှာတော့ အိမ်ရှင်ဝန်ထမ်းတွေကသာ ဒီအစီအစဉ်တွေကို တကယ်လုပ်ကိုင်တာပါ။ စေတနာ့ဝန်ထမ်းတွေကို ကြီးကြပ်သူတွေက လည်း မြန်မာဝန်ထမ်းတွေဖြစ်မှာပါ၊"
ခွင့်ပြုမိန့်မကျတဲ့နေရာမှာ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်တဲ့အတွက် အမှုဖွင့်ခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးအပါအဝင် ၅ ဦး တို့ဟာ တရား ဥပဒေအရ ရင်ဆိုင်သွားမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ မရပ်မချင်း ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ ဦးဆောင် ဆန္ဒပြသူတွေက ပြောပါတယ်။
“လျှောက်ခွင့်ရှိတဲ့ လူကတော့ ခုနက ဒုက္ခသည်အဖြစ် ခံယူသတ်မှတ်ခြင်း ခံရသူမဟုတ်ဘူး၊ နောက်တခါ နိုင်ငံရေးခိုလှုံခွင့် ယူထားတဲ့လူ မဟုတ်ဘူး၊”
လက်ရှိ အစိုးရအဖွဲ့ထဲက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ်ကြီးခင်ဇော်ဦးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေးတို့ ဟာ လွန်ခဲ့တဲ့ ၆ နှစ်ခန့်က စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပာားဗတ်ဥပဒေကျောင်းရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဌာန ထုတ်ပြန်။