ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ မြန်အောင်မြို့က နိုင်ငံရေးအကျဉ်းသားကျောင်းဆရာတဦးကို သေဒဏ်ပေးဖို့စီရင်နေတာကို ကန့်ကွက်ရာကနေ အဓိကရုဏ်းဖြစ်ခဲ့ပြီး နှိပ်စက်၊ ညှင်းပန်းခံရလို့ သေဆုံး၊ ဒဏ်ရာရခဲ့ကြတာကို ကုလအပါအဝင် နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
Covid-19 ကပ်ဘေးရောဂါ ကာလ အတွင်း ထိခိုက်ခဲ့ရတဲ့ ခရီးသွား လုပ်ငန်း ကဏ္ဍက ၂၀၂၂ ခုနှစ် အတွင်းမှာ ပြန်လည် ဦးမော့လာခဲ့ပါတယ်။ စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာတော့ ပြည်တွင်း ခရီးသွား လုပ်ငန်း တချို့သာ လည်ပတ်နိုင်ခဲ့ပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
စီပွါးရေး အင်အားကြီး နိုင်ငံတွေကြားမှာ အိန္ဒိယ စီးပွါးရေးဖွံ့ဖြိုးမှုက အမြန်ဆုံး ဖြစ်နေတာကြောင့် အခု ဆယ်စုနှစ် မကုန်ခင်မှာ ကမ ္ဘာ့ တတိယမြောက် စီးပွါးရေး အကြီးဆုံး နိုင်ငံ ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ဘဏ္ဍာရေးလုပ်ငန်းကြီးတွေက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ကောဇ့်ဘဇားက စခန်းတွေမှာ နေထိုင်နေကြတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ၁၂ ရာခိုင်နှုန်းဟာ မသန်စွမ်းတွေ ဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ် အတွင်း လေ့လာချက်မှာ ဖော်ပြပါတယ်။ စခန်းတွင်းသွားလာရေးအခက်တွေ့နေကြသလို ဒုက္ခသည်တွေ အတွက် ပေးတဲ့ ဝန်ဆောင်မှုတွေကိုလည်းလက်လှမ်းမမီ ဖြစ်ကြရပါတယ်။
ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Maxim Reshetnikov နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆိုင်ရာ စာချုပ် ၇ ခုကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မော်တော်ကား တင်သွင်းမှုကို တနှစ်နီးပါးကြာ ပိတ်ပင်ထားပြီးနောက် အခုတော့ လျှပ်စစ်ကား သီးသန့် တင်သွင်းခွင့် ပြုမယ်လို့ ကြေညာထားပါတယ်။ အများစုကတော့ တရုတ် လျှပ်စစ်ကားတွေကို တင်သွင်းဖို့ ရှိနေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
မြန်မာ စစ်ကောင်စီက အကျဉ်းသား ထောင်ချီ လွှတ်ပေးခဲ့တာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကြိုဆိုလိုက်ကြပေမဲ့ လုံလောက်မှု မရှိဘူးလို့လည်း ပြောကြပါတယ်။ Phil Mercer ပေးပို့တဲ့ သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
တရုတ်နဲ့ ထိုင်းကို ထောပတ်သီး တင်ပို့ ရောင်းချခွင့် မရဖြစ်နေတဲ့ ပြည်တွင်း ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်သူတွေ ဥရောပ ဈေးကွက်ကို ထိုးဖောက်နိုင်ရေး ကြိုးစားနေကြတာပါ။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
အင်္ဂါနေ့ဟာ အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ပွဲနေ့ ဖြစ်ပြီး သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲထည့်ကြပါတယ်။ ရွေးကောက်ပွဲရဲ့ အရေးပါမှုနဲ့ မဲဆန္ဒရှင်တွေ အဓိက စဉ်းစားကြတဲ့ အကြောင်းအရာတွေကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံတွင်းက အကူအညီပေးရေး အဖွဲ့အစည်းတခု ဖြစ်တဲ့ မိတ်ဆွေ မြန်မာ အဖွဲ့ကို UNHCR - ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ဂုဏ်သတင်းကြီးတဲ့ Nansen ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင် တော်လှန်မှုတွေ နိုင်ငံတဝှမ်း အရှိန်ကောင်းနေချိန်မှာဘဲ ရေရှည်မှာတော့ စစ်ကောင်စီ အတွက်ရော၊ တဖက်က NUG အပါအဝင် တော်လှန်ရေးအဖွဲ့တွေ အတွက်ပါ စိန်ခေါ်အကဲစမ်းမှုတွေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ မသိင်္ဂ ီထိုက် ကောက်နုတ်တင်ပြပေးပါမယ်။
စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲက လိမ်ညာမှုသာ ဖြစ်လာမယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပြီး စစ်ကောင်စီကို တရားဝင် ဖြစ်စေမယ့် ထောက်ပံ့မှုမျိုးတွေ မလုပ်ကြဖို့လည်း နိုင်ငံတွေကို Thomas Andrews က တိုက်တွန်းလိုက်ပါတယ်။ ကမ ္ဘာကို လှည့်ဖျားဖို့ ကြံစည်မှု ဖြစ်ပါတယ်။
ဗြိတိန် ဘုရင်မကြီး Elizabeth ရဲ့ ဈာပန အခမ်းအနားကို တနလာၤနေ့က ကျင်းပပြီးစီးခဲ့ပါပြီ။ ဘုရင်မကြီး ရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာတော့ ကမ ္ဘာတလွှားက သမ္မတတွေ နဲ့ ဘုရင်တွေ၊ တော်ဝင် မင်းသားတွေနဲ့ ဝန်ကြီးချုပ်တွေ တက်ရောက်ပြီး နောက်ဆုံး နုတ်ဆက်ခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။
တရုတ်ရဲ့ ချုံကင်း မြို့ကြီးဟာဆိုရင် စိုက်ပျိုးမြေတွေနဲ့ ကုန်းမြေမြင့်တွေ၊ လှပတဲ့ တောင်တန်းတွေနဲ့ ဝိုင်းရံနေခဲ့တာပါ။ ဒါပေမယ့်လည်း ပုံမှန် မဟုတ်တဲ့ ရှည်ကြာ ပြင်းထန်တဲ့ အပူလှိုင်းနဲ့ ဆက်စပ်ပြီး မိုးခေါင်ရေရှားမှုကြောင့် အသွင်အပြင် ပြောင်းလဲသွားပါပြီ။
အင်ဒို ပစိဖိတ် ဒေသတွင်းမှာ တရုတ် စစ်တပ်ရဲ့ ခိုင်မာအားကောင်းမှုကို အမေရိကန် စစ်တပ်က အလေးအနက်ထား စောင့်ကြည့်နေတာနဲ့ အတူဘဲ အမေရိကန် ရေတပ်က သူ့တပ်ဖွဲ့တွေ တိုးချဲ့ရေး အတွက် အဝေးထိန်း မောင်းသူမဲ့ သဘောၤတွေကို အားထားဆောင်ရွက်လာပါတယ်။
ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဒဏ်ရာရပြီး ရေနစ်သေတော့မယ့် လင်းပိုင်ငယ်လေး တကောင်ဟာ အခုတော့ စေတနာ့ ဝန်ထမ်း ကူညီပေးသူ အဖွဲ့တခုရဲ့ ကြိုးပမ်းမှုကြောင့် အတော်လေး သက်သာလာပါပြီ။
တောင်အာဖရိက ကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကို လက်ခံတွေ့ဆုံတဲ့ တောင်အာဖရိကရဲ့ ဝန်ကြီး Naledi Pandor က အနောက်နိုင်ငံတွေဟာ အာဖရိက အပေါ်မှာ အနိုင်ကျင့်တယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ Pretoria ကနေ Kate Bartlett ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ဂျပန်နိုင်ငံသားတဦး ရန်ကုန်မြို့မှာ ဖမ်းဆီးခံရကြောင်း ဂျပန်သံရုံးက အတည်ပြုပါတယ်။ အသက် ၂၆ နှစ်အရွယ် မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ Toru Kubota ပြန်လည် လွတ်မြောက်ရေး အတွက် ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ တနင်္ဂနွေနေ့က တိုကျိုမြို့တော်မှာရှိတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
တချိန်တည်းမှာဘဲ တခြားနိုင်ငံတွေကို ပျံ့နှံ့လာနိုင်တဲ့ သီရိလကာၤနိုင်ငံရဲ့ အကြွေးပြသနာကြောင့် ကမ ္ဘာမှာ အဓိက ငွေချေးသူ တရုတ်ရဲ့ အခန်းကဏ္ဍဟာ စောင့်ကြည့်စရာ ကိစ္စသစ် တရပ် ဖြစ်လာပါတယ်။ ဗွီအိုအေ တရုတ်ဌာနရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ရာထူးကနုတ်ထွက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာလိုက်ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်သစ်တဦး အစားထိုး ရာထူး ရယူပြီးချိန်မှာလည်း ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းကို ဗြိတိန်ဘက်က ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံဖို့ မျှော်လင့်ကြောင်း ယူကရိန်းက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်