ဥရောပဟာ ကိုဗစ် ကပ်ဘေးရောဂါ အဓိက ကူးစက်ဖြစ်ပွားရာ နေရာ ပြန်ဖြစ်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောပါတယ်။ အခု နောက်ဆုံး ကူးစက်မှု ပြန်ဖြစ်လာတဲ့ ကိစ္စက ဥရောပရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာမှု အပေါ် ရိုက်ခတ်နေကြောင်း Henry Ridgwell သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
မြန်မာနိုင်ငံ ပို့ကုန် ပိုငွေ ပြနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ အစောပိုင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံခြား ငွေကြေး လဲလှယ်မှု အတွက် ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြန်လည် သတ်မှတ်လိုက်ပါတယ်။
အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ကြောင်း မြန်မာ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ အမေရိကန် သတင်းသမား Danny Fenster က ပြောဆိုလိုက်ပြီး ထောင်ထဲမှာတော့ သူ့ကို ရိုက်နှက်တာ၊ အစာငတ်ခံရတာမျိုးတွေ မရှိကြောင်း ပြောပါတယ်။
အီကွေဒေါ နိုင်ငံမှာ Galapagos ကျွန်းစုရဲ့ ထူးခြားတဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရေးနဲ့ အနီးဝန်းကျင်က ပင်လယ်ပြင်တွင်း သယံဇာတတွေကို ကာကွယ်စောင့်ရှောက်ရေး အတွက်အခက်အခဲ တွေ့နေပါတယ်။ တရုတ်ရဲ့ စီးပွားဖြစ် ငါးဖမ်းယူမှုတွေက ကျွန်းစုအတွက် ခြိမ်းခြောက်မှု ဖြစ်နေတောပါ။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
လူနည်းစုတွေ ပစ်မှတ်ထားခံနေရပြီး ရက်စက်ကြမ်းကြုတ်မှုတွေ၊ အဓမ္မ မောင်းထုတ်ခံရမှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး ကမ ္ဘာတလွှား ကြုံတွေ့နေရတဲ့ အဖြစ်ဆိုးတွေကို နိုင်ငံတွေ ညီညွတ်မှုနဲ့ ဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနလာၤနေ့က မြန်မာ့ နိုင်ငံရေးနဲ့ လူသားချင်း စာမှုဆိုင်ရာ အကြပ်အတည်းတွေကို တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတာကြောင့် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
အင်ဒို- ပစိဖိတ် စီးပွားရေး မူဘောင်တရပ် ဖော်ဆောင်ရေးကို မိတ်ဖက်တွေနဲ့ အတူ အမေရိကန်က ဆောင်ရွက်မယ့် အကြောင်း သမ္မတ အိမ်ဖြူတော်က အောက်တိုဘာလ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
ရုရှားဟာ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထုတ်တဲ့ ပထမဆုံး နိုင်ငံတွေထဲမှာ ပါပေမယ့် ရုရှားရဲ့ အမျိုးသား ကာကွယ်ဆေးထိုး မဟာဗျူဟာက မှန်းထားသလောက် မတွင်ကျယ်ခဲ့ဘဲ လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး အပြည့်အ၀ ထိုးနှံပြီးစီးထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ရုရှားဟာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ၊ အစီအစဉ်တွေကနေ တဆင့် အရှေ့တောင် အာရှ ဒေသမှာ သူ့ရဲ့ သြဇာ လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ရေး ကြိုးစားနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN နဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး အတွက် အမေရိကန် ဒေါ်လာ ၁၀၂ သန်း ပေးအပ်မယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့ပါတယ်။
အင်ဒိုနီးရှားမှာတော့ ကိုဗစ်ကပ်ဘေးရောဂါ ကာလ အတွင်း အွန်လိုင်း အသုံးပြုမှုလည်း တိုးလာသလို စီးပွားရေးခက်ခဲသူတွေအပေါ် အမြတ်ကြီးစားပြီး ငွေချေးတဲ့ apps တွေလည်း ပေါများလာပါတယ်။ ဗွီအိုအေ သတင်းထောက် Rendy Wicaksana ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
တရုတ်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေးကို တာလီဘန်က အာမခံမယ်ဆိုရင် အာဖဂန်နစ္စတန်မှာ တရုတ်ဘက်က ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြှုပ်နှံဖို့ လိုလားနေပါတယ်။
ရုရား ထောက်ပံ့ထားတဲ့ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေက သူပုန်တို့ နောက်ဆုံး ထိန်းချုပ်ထားရာ Idlib ဒေသ အပေါ် တိုးမြှင့် တိုက်ခိုက်လာနေပါတယ်။ Idlib ကို သိမ်းပိုက်နိုင်ရေး ချီတက်လာတဲ့ ဆီးရီးယား တပ်ဖွဲ့တွေကို တူရကီ စစ်တပ် တပ်ဖွဲ့ တခုက လမ်းမှာ တားဆီးထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ လူမှုကူညီရေးအဖွဲ့တခုဖြစ်တဲ့ Children of the Night အဖွဲ့ဟာဆိုရင် ပြည့်တန်ဆာ လုပ်ငန်းထဲကနေ လူငယ်တွေကို ကယ်တင် ဆောင်ရွက်လာတာ နှစ်ပေါင်း ၄၀ ကျော် ရှိခဲ့ပါပြီ။ Los Angeles ကနေ Genia Dulot ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတုတ္ထလှိုင်း စတင်မှာကို ပြည်သူတွေကြား စိုးရိမ်ပူပင်မှုတွေ ရှိနေပေမယ့် ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကပ်ရောဂါ နောက်ထပ်လှိုင်းတခု ဖြစ်ပွားနိုင်ခြေ မရှိသေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂီထိုက် က ပြောပြမှာပါ။
တရုတ်ရဲ့ စစ်လက်နက်တွေဟာ စစ်မြေပြင်မှာ လက်တွေ့ မစမ်းသပ်ရသေးတာက များသလို နိုင်ငံရေး အပါအဝင် နောက်ဆက်တွဲ ကုန်ကျစရိတ်တွေက များတာကြောင့် တရုတ်ရဲ့ လက်နက် တင်ပို့မှု ဈေးကွက် ဝေစု လျော့ကျလာနေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် တက်လာပေမဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒ အပြောင်းအလဲ ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံက မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်