စစ်အာဏာသိမ်း ၂ နှစ် ကာလ တိုင်းပြည်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စစ်ရေးမှာ ထိုးစစ်တွေကိုပါ NUG ဆောင်ရွက်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ NUG က တိုင်းပြည်အနာဂတ်အတွက် အခြေခံမူတွေ ချမှတ်ထားတယ်လို့လည်း ဆိုပါတယ်။ ကိုသားညွန့်ဦး သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ မပူးပေါင်းရေး အာဏာဖီဆန်ရေးလုပ်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ နှစ်နှစ်ကြာလာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးအတွက် အားတရပ်ဖြစ်စေတာမို့၊ သူတို့အခန်းကဏ္ဍကို မမေ့မလျော့နဲ့ မပစ်ပယ်ကြဖို့ CDM တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ထိုင်း - မြန်မာ နယ်စပ်ကနေ ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
စစ်ကောင်စီနဲ့မပူးပေါင်းရေး အာဏာဖီဆန်ရေးလုပ်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ နှစ်နှစ်ကြာလာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးအတွက် အားတရပ်ဖြစ်စေတာမို့၊ သူတို့အခန်းကဏ္ဍကို မမေ့မလျော့နဲ့ မပစ်ပယ်ကြဖို့ CDM တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
နွေဦးတော်လှန်ရေး နှစ်နှစ်ကြာလာပေမယ့်၊ဒီလှုပ်ရှားမှုမှာ ပါဝင်လာသူတွေကတော့ အခုအချိန်အထိ သွေးမအေးပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နွေဦးတော်လှန်ရေး အနိုင်ရရမယ်လို့ အခိုင်အမာယုံကြည်ထားကြဆဲပါ။ ဘာကြောင့် သူတို့ ယုံကြည်မှုတွေ ခိုင်မြဲနေတာလဲ ထိုင်း-မြန်မာနယ်စပ်မှာ ကိုသားညွန့်ဦး တွေ့ဆုံမေးမြန်းသတင်းပေးပို့ထားပါတယ်။
စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး နှစ်နှစ်ကြာလာပေမယ့်၊ ဒီလှုပ်ရှားမှုမှာ ပါဝင်လာသူတွေကတော့ အခုအချိန်အထိ သွေးမအေးပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နွေဦးတော်လှန်ရေး အနိုင်ရရမယ်လို့ အခိုင်အမာယုံကြည်ထားကြဆဲပါ။
အခု ၂၀၂၃ ထဲမှာတော့ စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မဖြစ် တပ်အပ်မပြောနိုင်သေးဘူးလို့ ပြောထားပါတယ်။ စစ်အာဏာရှင် တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောထားကြပါတယ်။ ဒီတော့ ဒီရွေးကောက်ပွဲအလားအလာ ဘယ်လိုရှိပါသလဲ။ ရန်ကုန်ကသတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၃၃ရာခိုင်နှုန်းအထိ ထိုးတက်သွားသလို ဒါဟာဒေသတွင်းကိုပါရိုက်ခတ်မှုကြီးလာနိုင်ပြီးအာဆီယံအရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ဒီကိစ္စကိုအလေးအနက်ထားကိုင်တွယ်ဖြေရှင်းဖို့လိုလိမ့်မယ်လို့လည်း UNODC ကအကြံပြုထားပါတယ်။ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
ဇန်နဝါရီလ ၂၄ ရက် ညပိုင်း ၉ နာရီလောက်မှာ ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ဆီးမီးလောကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက ညပိုင်းဖြစ်တာကြောင့် ကျေးရွာသားတွေမှာ ပြေးရလွှားရ အတော်လေး ခက်ခဲခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ကြီးက ဂျာမနီမှာတရားစွဲလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Fortify Rights အဖွဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြမှာပါ။
နိုင်ငံတကာဥပဒေနဲ့ငြိစွန်းတဲ့ မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ Fortify Rights နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ဂျာမနီပြည်ထောင်စုရှေ့နေချုပ်ရုံးကို အမှုစွဲဆိုတင်ပြလိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး မြန်မာစစ်တပ်ထွက်ခွါသွားချိန်မှာတော့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ရုပ်အလောင်း ၂ လောင်း ငလိုင်ကျေးရွာသားတွေဖြစ်ပြီး ကျန်တဲ့ရုပ်အလောင်းတွေကို အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတာတွေကို မြို့အလိုက် ဇန်နဝါရီလ အစပိုင်းမှာ ဆောင်ရွက်နေပါတယ်။ လူစာရင်းကောက်ယူတဲ့ အပေါ် လူထုရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့ အမြင်၊ ဘယ်လိုရှိနေပါသလဲ။ ရန်ကုန်ကသတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
ကောလင်းမြို့နယ် အရှေ့ခြမ်း ကျောက်ပြင်သာရွာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မိုင်းသင်တန်း ဆင်းပွဲ လုပ်နေကြချိန်နဲ့ အစည်းအဝေးလုပ်ပြီးချိန် ညနေပိုင်းမှာပဲ မြန်မာစစ်ကောင်စီက အဲဒီနေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
၁၈ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ မိုးတားလေး ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး လူ ၇ ယောက်သေဆုံးကြောင်း မိုးတားလေးရွာသားတစ်ဦးက ပြောပါတယ်။
ည ၈နာရီလောက် စစ်ကောင်စီဖက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံကြတဲ့ ကောင်းဆောင်ကျေးရွာ ကျရောက်ပေါက်ကွဲပြီး၊ အရပ်သားတဦးသေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်လို့ တဦးသေဆုံးပြီး အများအပြား ဒဏ်ရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက လူမှုရေးထောက်ထားမှုအရ ခြွင်းချက်ဆိုပြီး အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား တချို့ပဲ ပါဝင်တာပါ။ ဒီလို အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိပါလဲ။
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။ ဒီအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်ပြီး ဘယ်လောက်အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်မလဲ ..
ပုံမှန်အားဖြင့်တော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေနိမ့်ပါးချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းက စစ်ကူပေး တိုက်ခိုက်တာရှိပေမဲ့၊ ဒီလပိုင်းမှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်