“ရှောင်နေရတုန်းပဲ သူတို့က အိမ်ပြန်မရဲကြသေးဘူး။ ခန့်မှန်းချေတော့ လူဦးရေက ၃,၀၀၀ ကျော်ကျော်လောက်တော့ ရှိနေပြီး၊ ကြာအင်းဆိပ်ကြီးဘက်မှာလည်းရှိတယ်၊ အဲ့ဒီလူဦးရေထဲမပါဘူး၊ ကျနော်ပြောတဲ့ အဲ့ဒီ ၃,၀၀၀ ကျော် အဲ့ဒီတောင်စွန်းတစ်ခုပဲ တောင်စွန်းရွာရယ် တောင်စွန်းနားတဝိုက် ရွာရယ်ပေါ့နော်။
စစ်ကြောင်းဝင်လာတာနဲ့ ရွာထဲမှာ လူတွေလည်း မရှိတော့ ဓလန်င အဝတ်စနီချည်ထားခဲ့တော့ စစ်သားတွေက နောက်ကနေပြီးတော့ အဲ့ အဝတ်စနီချည်ထားတဲ့ အိမ်တွေကို မီးရှို့သွားတယ်။"
မြန်မာ့ဒီမိုကရေစီရေး ကူညီထောက်ပံ့ဖို့ပါဝင်တဲ့ ကန်အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးနောက် တရုတ်ကလည်း မြန်မာအထူးကိုယ်စားလှယ်သစ်ခန့်အပ်ပြီး စစ်ကောင်စီအကြီးအကဲနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီအနေအထားမှာတွေ့ရတဲ့ သံတမန်ရေးအားပြိုင်မှုတွေအကြောင်း ရန်ကုန်ကသတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
အကြမ်းဖက်မှုတွေကိုအမြန်ဆုံးရပ်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီက ၂၀၂၂ နှစ်ကုန်ပိုင်းမှာအတည်ပြုလိုက်တော့ မြန်မာနိုင်ငံရေးအပေါ် ဘယ်လိုရိုက်ခတ်မှုရှိမလဲဆိုတာ မြန်မာနိုင်ငံရေး အသိုက်အဝန်းက မျိုးစုံးသုံးသပ်ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
"အရပ်သားတွေထဲမှာတော့ ဒီလောက် သေရဲတဲ့ သူရဲကောင်းတွေပေါ်နေတာ၊ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီးတော့ လက်နက်တွေကိုင်ထားပြီး ရဲရဲတောက်လုပ်လာခဲ့တဲ့ တပ်မတော်သားတွေထဲမှာ မပေါ်ရတာလဲ"
NDAA အမေရိကန်ဥပဒေပါ မြန်မာ့အရေးဖော်ပြချက်ဟာရုပ်ဝတ္တုအကူအညီထက် နိုင်ငံရေးအရပိုပြီးအရေးပါတဲ့တိုးတက်မှုဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ NUG အနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ Silent Diplomacy သိုသိုသိပ်သိပ်သံတမန်နည်းလမ်းနဲ့ ဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။ ကိုသားညွန့်ဦး မေးထားပါတယ်
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖယ်ရှားပြီး ပြည်ထောင်စုသစ်၊ တပ်မတော်သစ် ထူထောင်ဖို့ မျှော်မှန်းကြောင်း၊ PDF တပ်ကို ပြည်သူ့တပ်မတော်အဖြစ်၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ညီညွတ်မှုအား တည်ဆောက်ထားတဲ့အကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးလွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို နိုင်ငံရေးလေ့လာသူအများစုက ကြိုဆိုကြပေမဲ့ မြန်မာ့နိုင်ငံရေးပြဿနာကိုတော့ ပြည်တွင်းအင်အားစုတွေကပဲ ဖြေရှင်းရမယ်လို့ မှတ်ချက်ပြုတုံ့ပြန်သူတွေလည်းရှိပါတယ်။
“Technical support နဲ့ပတ်သက်ရင် ဘာတွေလိုအပ်သလဲ။ Non-lethal assistance နဲ့ပတ်သက်ရင်ရော့ ဘာတွေရချင်သလဲ၊ ဒါတွေကို ဖော်ထုတ်သွားဖို့ရှိတယ်။ ပြီးရင် မဟာမိတ် ERO များနဲ့လည်း ညှိနှိုင်းမှုတွေ ဆက်ပြီးတော့ လုပ်ရဖို့ရှိလိမ့်မယ်။” (ဦးရည်မွန်- ကာကွယ်ရေးဝန်ကြီး NUG)
ကန်အမျိုးသားကာကွယ်ရေးဥပဒေမူကြမ်း NDAA မှာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ရင် စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းပယ်၊ NUG အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကို ထောက်ခံမှုပေးထားတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေ ယူဆပါတယ်။ ရှေ့ပြေးအသံအဖွဲ့ အကြံပေးဥက္ကဋ္ဌ မခင်ဥမ္မာကို ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
၂၀၂၂ နှစ်ကုန်ဆုံးလို့ ခရစ္စမတ်ရာသီရောက်လာပေမဲ့ စစ်ရေးပဋိပက္ခ လျော့မသွားတာကြောင့် စစ်ဘေးရှောင်ပြေးနေရသူတွေလည်း ဘာသာရေးခရစ္စမတ်ပွဲတော် ဆင်နွှဲနိုင်မယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့လည်း သူတွေက အေးချမ်းတဲ့ဘဝအခြေအနေ ရနိုင်ဖို့ ဆုတောင်းနေကြတာပါ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
မြန်မာစစ်တပ် နယ်မြေရှင်းလင်းခဲ့တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ခဲ့တဲ့ဒေသခံတွေမှာ အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ဒေသခံတွေဟာ လက်ရှိတောတောင်တွေထဲ နေထိုင်နေရပြီး နောက်ထပ် နယ်မြေရှင်းလင်းရေးလုပ်လာမှာကို စိုးရိမ်နေပါတယ်။ ကိုသားညွန့်ဦး ပြောပြပါမယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ကာလကြာရှည် ပြည်တွင်းစစ်နဲ့ ၂၀၂၁ နှစ်စ စစ်တပ်အာဏာသိမ်းလိုက်လို့ ပြည်တွင်းစစ်မီးက တခြားဒေသတွေရောက်လာပြီး စစ်ဘေးသင့်ပြည်သူ အရေအတွက် အများကြီးများလာတာပါ။ ဘယ်လိုဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါလဲ။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
““တိုက်ခိုက်သတ်ဖြတ်နေတာ၊ ရွာတွေကိုမီးရှို့နေတာ- ဒါတွေကိုကာကွယ်နိုင်ဖို့ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိရင်တော့ ကျနော်ထင်တာ ၆ လလောက်နဲ့ဆို လုံးဝ နိုင်သွားပါပြီ။ သူတို့ကိုယ်တိုင်က ဆွေးနွေးတဲ့စားပွဲဝိုင်းကို ရောက်လာချင်မှာပါ။ အာဆီယံရဲ့အဆိုပြုချက်ကို လက်ခံချင်လာမှာပါ။...” (ဒူဝါးလရှီးလ -NUG ယာယီသမ္မတ)
အမျိုးသားအောင်ပွဲနေ့ လူသားချင်းစာနာမှုဆိုပြီး စစ်ကောင်စီက အကျဉ်းသား ၅၇၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမှာ နိုင်ငံရေးအကျဉ်းသား နည်းနည်းပဲပါလို့ ဝေဖန်ခံရပြီး နိုင်ငံအခြေအနေတိုးတက်ဖို့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုပါတယ်။ ရန်ကုန်ကသတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာပြည်တွင်း နိုင်ငံရေးတိုးတက်မှုတွေမရှိတဲ့အပေါ် နိုင်ငံတကာခေါင်းဆောင်တွေ စိုးရိမ်တကြီး ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေနဲ့ လစာကို ပြည်တွင်းဘက်ကို လွှဲရင် ၁ ဒေါ်လာကို ကျပ် ၃၀ ထပ်ဆောင်းပေးမယ်၊ ထိုင်းနယ်စပ်က သွင်းကုန်အတွက်လည်း ဘဏ်စနစ်ကိုပဲ သုံးတော့မယ်ဆိုတာလို ထုတ်ပြန်ချက်တွေအပေါ် အမြင်အမျိုးမျိုး ရှိပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။
“စစ်သည်တော်တွေရဲ့ အမှတ်တရကုန်းလို့ ခေါ်တာ။ အဲဒီကနေ ပစ်တာ။ ပစ်တဲ့အခါကျတော့ ကွတ်ခိုင်ရဲ့ KBC ဓမ္မ ကောလိပ်ပေ့ါ။ ဓမ္မတက္ကသိုလ်ပေါ့။ အဲဒီထဲကို ကျတယ်။ အိပ်ဆောင်ဘေးကို ကျတာပေါ့။ ကျောင်းသားတွေက အဲဒီအချိန်မှာ ရေမိုးချိုး တကိုယ်ရေသန့်ရှင်းရေးလုပ်နေတဲ့အချိန် ကျတာလို့ ပြောတယ်။ အဲဒီမှာ ၄ ယောက် ထိတယ်။” (ဒေသခံ)
နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်မည်းစာရင်းထဲ ထည့်လိုက်ပါတယ်။ နိုင်ငံစီးပွားရေးလုပ်ငန်းတွေ ကမောက်ကမဖြစ်ကုန်မှာ စိုးရိမ်နေကြသလို အမည်မည်းစာရင်းကနေ လွတ်မြောက်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဆိုပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦးတင်ဆက်ပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်