လူမျိုးတုံးသတ်ဖြတ်မှု Genocide နဲ့ တရားစွဲဆိုထားတာကို နိုင်ငံတကာ တရားရုံး (ICJ) မှာ ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ရှေ့ရှုဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ဟာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး တဦးဖြစ်ပြီး ဒီလ ၂ ရက်နေ့က ကျိုင်းတုံမြို့က မိုင်းလားမြို့ အသွား ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးမှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ဘက်က အတည်ပြုပြီး ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် နေရပ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ဒုက္ခသည်တွေအကြားမှာ စိုးရိမ်မှုတွေဖြစ်ပွားနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံရဲစခန်းအပိုင် ကမ်းခြေမှာ ဖမ်းဆီးခဲ့တဲ့ သက်ကယ်ပြင် မွတ်စလင်ရွာသား ၂၂ ဦးကို ပုသိမ်မြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အနီးမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ ရုပ်အလောင်းတွေတွေ့ရှိတာနဲ့ပတ်သက်ပြီး ကနဦးရရှိတဲ့ အထောက်အထားတွေအရ မနက်ဖြန်မှာ အကျဉ်းစစ်တရားရုံးချုပ်က ရုံးထိုင်စစ်ဆေးသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
တရားမဝင်ခိုးဝင်လာတယ်ဆိုတဲ့ မသင်္ကာဖွယ်ရာ လူ၂၂ယောက်ကို တွေ့ရှိပြီး တာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပါတယ်။ နောက်ပိုင်း စစ်ဆေးချက်အရ သူတို့တွေဟာ ရခိုင်ပြည်နယ် စစ်တွေ၊ သက္ကယ်ပြင်ရွာကဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ငြိစွန်းနေတာကြောင့် စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တပ်မတော်က ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ RCSS ဥက္ကဌရဲ့ NCA ၄နှစ်ပြည့် အခမ်းအနားခရီးစဉ်နဲ့ပတ်သက်ပြီး မကျေမလည်ဖြစ်ခဲ့တာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ ဆွေးနွေးပွဲဟာ မူလ ရည်မှန်းထားတဲ့ ရက်မှာ ကျင်းပနိုင်ခြင်းမရှိခဲ့သလို ဘယ်အချိန်ကျင်းပမယ်ဆိုတာလည်း တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း နှစ်ဘက်အကြား ညှိနှိုင်းဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား ပြည်ထောင်လမ်းမကြီးပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ယာဉ်အသွားအလာတွေ အခက်အခဲ တွေ့ကြုံနေရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီကနေ့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အနီးမှာရှိတဲ့ တအာင်းပညာရေးဘော်ဒါဆောင်ဘက်ကို လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့သလို အဆောင်နေ ကျောင်းသူ၊ ကျောင်းသား ၇၀ကျော်ကိုလည်း ကွတ်ခိုင်မြို့ကို ပြောင်းရွှေ့လိုက်ရပါတယ်
အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လို့ခေါ်တဲ့ NCA လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့တို့ လာမယ့်အပတ်အတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ ညှိနှိုင်းနေကြောင်း ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ် ကမ်းလွန်ပင်လယ်ပြင်မှာ ICE မူးယစ်ဆေးဝါးတွေကို ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ ဒါဟာဆိုရင် ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ICE မူးယစ်ဆေးဝါးတွေ ဒုတိယအကြိမ် ဖမ်းဆီးမိခဲ့တာပါ။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ခရီးစဉ် အဆင်မပြေဖြစ်ခဲ့ တာနဲ့ပတ်သက်ပြီး ၂၁ရာစုပင်လုံဖြစ်မြောက်ရေးကို လိုလားတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းတပ်မတော်ဘက်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး-ရွာငံလမ်းပိုင်းမှာ ဘုရားဖူးယာဉ်တစ်စီး ပေ ၂၀၀၀အနက်ရှိ ချောက်ထဲ ထိုးကျခဲ့တာကြောင့် လူ ၁၅ဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကရင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတင်ဝင်းကျော်ဟာ လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာက နေအိမ်မှာ အင်္ဂါနေ့ ညနေပိုင်းက ကွယ်လွန်သွားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၂၉ဦးဟာ ဒီကနေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲစခန်းကနေ ပြန်လည်ဝင်ရောက်လာပါတယ်။
ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးမှာ တနင်္လာနေ့က တပ်မတော်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အရပ်သား ၂ဦး မိုင်းထိပြီး KIA ရဲဘော် ၂ယောက် ပျောက်ဆုံးနေကြောင်း KIA ပြောခွင့်ရသူက ပြောပါတယ်။
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၇ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၅ဦးကိုတော့ ရဲအယောင်ဆောင်မှုနဲ့ပါ တရားစွဲဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင်းကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် လူ၂ယောက် ထိခိုက်ခဲ့သလို ဒေသခံပြည်သူတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို တပ်မတော်ယာဉ်တန်း ဖြတ်သန်းသွားစဉ် TNLA ခေါ် တအန်း(ပလောင်) အဖွဲ့က ပစ်ခတ် တိုက်ခိုက်တာကြောင့် တပ်မတော်သား ၃ဦး ကျဆုံးပြီး အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။
နောက်ထပ်ကြည့်ရှုရန်