ပလောင်နဲ့ ရှမ်းလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောက်မဲမြို့ အဝေးပြေးလမ်းက လမ်းကြေးကောက်ယူတဲ့ဂိတ်မှာ တနင်္လာနေ့ညပိုင်းက မိုင်း၃လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ညအချိန်ဖြစ်တာကြောင့် ခရီးသွားပြည်သူတွေကို ထိခိုက်တာမရှိပေမဲ့ မိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် နောက်ဆုံး ၂လုံးပေါက်ကွဲခဲ့တာကြောင့် တပ်မတော်သားတဦးထိခိုက်ခဲ့ပါတယ်။ ဒီ
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့က မြန်မာကုန်သည် ၁၀၀လောက်ရဲ့ တရုတ်ဘဏ်စာရင်းကို တဖက်နိုင်ငံအစိုးရက ဲ ဒီရက်ပိုင်းအတွင်း ပိတ်ပင်လိုက်ပါတယ်။ အရင်နှစ်ကတော့ လောင်းကစား၊ မူးယစ်ဆေးဝါးစတဲ့ သံသယရှိမှုနဲ့ ပိတ်ပင်ခဲ့ဖူးပြီး ဒီတကြိမ်တော့ ဘာကြောင့်ပိတ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ မြန်မာအာဏာပိုင်တွေဖက်ကတော့ အပိတ်ခံရတဲ့ စာရင်းကောက်ယူထားသလို စာရင်း ရပြီဆိုရင် ပြန်လည်ဖွင့်ပေးနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ်တာဝန်ကနေ အနားယူလိုတာကြောင့် သမ္မတရာထူးကနေ နုတ်ထွက်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်သူ တွေကြားမှာ သမ္မတအသစ် ဘယ်သူဆက်ခံမလဲဆိုတာ စိတ်ဝင်စားနေချိန်မှာပဲ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လက်ရှိတာဝန်က နုတ်ထွက်ကြောင်း ထွက်ပေါ်လာပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဒီလ ၁၅ရက်နေ့က အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားမှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဖက်က KUNဖက်က စစ်ဆေးရေးဂိတ်ကို မီးရှို့ခဲ့ပါတယ်။ KNU ဖက်ကတော့ တပ်မတော်ဖက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့နဲ့ တပ်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းမှာ ကုန်တင်ယာဉ်တန်းတွေ စတင် သွားလာနိုင်ပြီ ဖြစ်တာကြောင့် ပူတာအိုမြို့မှာ အဓိက ရှားပါးနေတဲ့ စက်သုံးဆီဈေးနှုန်းတွေ ပြန်လည် ကျဆင်းလာပြီ ဖြစ်ပါတယ်။ လောလောဆည် ယာဉ်တန်းတွေ သွားလာနေပေမယ့် ဆိုင်ကယ်တွေကိုတော့ လုံခြုံရေး အခြေအနေ အရ ကန့်သတ်ထားပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာက တလကျော်ကြာ ပျောက်ဆုံးနေတဲ့ ကချင်စစ်ရှောင် ဒုက္ခသည် ၂ဦးရဲ့ ရုပ်အလောင်းကို တောတွင်းတနေရာမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဒီကနေ့မှာတော့ မံစီမြို့နယ် ရဲစခန်းမှုးနဲ့ အာဏာပိုင်တွေက သွားရောက် စစ်ဆေး တူးဖော်ခဲ့ပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြား ဒီကနေ့ထိ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပြီး ၃ရက်အတွင်းမှာ အနည်းဆုံး ၇ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် ကျေးရွာ (၈)ရွာက ဒေသခံပြည်သူတွေဟာ တောတောင်တေ ရှိရာကို ထွက်ပြေး နေကြရကြောင်းလည်း KNU ရဲ့ ဖာပွန်ခရိုင်အတွင်းရေးမှုးက ပြောပါတယ်။
မတ် ၄၊ ၂၀၁၈ - NCA လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU (Lahu Democratic Union) ရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်နဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေ ဘာတွေရှိပါလဲ။ LDU အဖွဲ့ ဒုဥက္ကဋ္ဌ ကြာဆော်လမွန် ကို, ကိုမိုးဇော် (VOA)တွေ့ဆုံမေးမြန်းထားပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU ရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်နဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေ ဘာတွေရှိပါလဲ။ LDU အဖွဲ့ ဒုဥက္ကဋ္ဌ နဲ့ ကိုမိုးဇော် တွေ့ဆုံမေးမြန်းထားပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသမှာ မြန်မာဘက်က တပ်အင်အားတိုးမြှင့်ထားတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်တာနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတဦးက နယ်စပ်ဒေသက ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ချထားရတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU က လားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွဲ့ စည်းဖို့နဲ့ ဒီလို ဖွဲ့စည်းနိုင်ဖို့အတွက် အခြားတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ရယူသွားဖို့ ရည်ရွယ်ချက်ရှိကြောင်း LDU ရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။
Facebook စာမျက်နှာတွေပေါ်မှာ ပျံနှံနေတဲ့ MNDAA ခေါ် ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် သေပြီဆိုတဲ့သတင်းဟာ မမှန်ကန်ကြောင်း ကိုးကန့်အဖွဲ့ ပြောခွင့်ရသူက ငြင်းဆိုပြီး ဦးဖုန်ကြားရှင်ဟာ မိုင်းလားမြို့မှာ ကျန်းကျန်းမာမာ ရှိနေကြောင်းလည်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေပြီး၊ လမ်းတံတားတချို့ ဖျက်ဆီးမှုတွေကြောင့် ဒေသတွင်းမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ ဆက်လက် ကြီးမြင့်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဒီကနေ့ ဒေသခံတွေ ရာနဲ့ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီလို ကုန်ဈေးနှုန်း ကြီးမြင့်တာဟာ မြစ်ကြီးနား- ပူတာအိုလမ်း လမ်းတံတားတွေကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖျက်ဆီးခဲ့တာကြောင့်ဆက်သွယ်ရေး ပြတ်တောက် ခဲ့လို့ ဖြစ်ပြီး လမ်းပြန်ပွင့်ရေးအတွက် KIA ကို ညှိနှိုင်းခဲ့ပေမဲ့ အခြေအနေဟာ ဒီကနေ့ထိ တိုးတက် လာတာမရှိသေးပါဘူး။
၀တိုင်းရင်းသားတွေကို UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းဒေသ နဲ့ ကျိုင်းတုံဒေသအတွင်း ဝင်ထွက် သွားလာတာတွေကို ဒီရက်ပိုင်းတွေအတွင်း အစိုးရဖက်က ကန့်သတ်လာတယ်လို့ UWSA က တာဝန်ရှိသူ တဦးက ပြောပါတယ်။
အစိုးရ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုတို့ရဲ့ ပထမဆုံး သီးခြား တွေ့ဆုံမှုအပေါ် အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုအဖြစ် ယူဆကြောင်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သလို နိုင်ငံရေး လေ့လာသူတွေကလည်း အလားတူ သုံးသပ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ သဘောတူညီချက် မရခဲ့ကြပေမဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြောင်း ထုတ်ပြန်တဲ့အပေါ်မှာတော့ နောက်ပိုင်းမှာ ရလဒ် ကောင်းတွေ ထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။
မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းပိုင်းက ဆွမ်ပရာဘွမ် မြို့အနီး မိုင်တိုင်အမှတ် ၁၁၁ က ဇနန်သံပေါင်ဘေလီတံတားကို ဇန်နဝါရီလကုန်ပိုင်းကကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖျက်ဆီးခဲ့တဲ့နောက် အဆက်အသွယ် ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း သတ်ခံမှုဟာ AA ခေါ် ရခိုင်တပ်ဖွဲ့က ကြိုတင်ကြံစည် လုပ်ကြံမှုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပြီး AA ခေါ် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကတော့ ငြင်းဆိုထားပါတယ်။ လောလောဆည်မှာတော့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း အသတ်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးတာတွေ ရှိတဲ့အပေါ် ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်နေကြောင်းလည်း မြောက်ဦးအဓိကရုဏ်းနှိမ်နင်းမှုစုံစမ်းရေး အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က တနိုင်းမြို့နယ်က တိုက်ပွဲကြားမှာ ပိတ်မိနေသူတွေကို သွားရောက် ခေါ်ယူနိုင်ဖို့အတွက် ပြည်နယ်အစိုးရဆီကို စာတင်ထားပြီး လောလောဆည် ပိတ်မိနေသူတွေဟာ ရိက္ခာပြတ်တာနဲ့ ဝမ်းလျော ဝမ်းကိုက်ရောဂါ ဖြစ်ပွားနေတာကြောင့် အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ လိုအပ်နေ ကြောင်း ပြောပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်က နမ့်ဂွမ်မှော်မှာ ပိတ်မိနေသူ ၂ထောင်လောက်ကျန်ရှိနေပြီး သောက်ရေနဲ့ စားနပ်ရိက္ခာပြတ်လပ်နေသလို ပြင်ပနဲ့ ဆက်သွယ်ဖို့ပါ အခက်အခဲတွေရှိနေတယ်လို့ တနိုင်းမြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကူညီနေသူတဦးက ပြောပါတယ်။ လောလောဆည်မှာ ပိတ်မိနေသူ ၃ထောင်ကျော်ရှိရာက လူ ၁ထောင်ကျော်လောက် ပြင်ပကို ရောက်ရှိလာပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်