ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ ပိတ်မိနေတဲ့ပြည်သူ၃ထောင်ကျော်အနက်က အမျိုးသမီး၊ ကလေးငယ်နဲ့ အသက်ကြီးသူတွေကို တပ်မတေ်ာကတနိုင်းမြို့ဖက်ကို ပြန်ခွင့်ပေးခဲ့တဲ့နောက်မှာ ဒီကနေ့ နေ့ခင်းအထိမှာ လူ ၁၀၀ကျော်လောက် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်က တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အရပ်သားတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာကို ရောက်ရှိလာခဲ့ကြပေမယ့်၊ မြန်မာစစ်တပ်ဖက်က လက်မခံပဲ သူတို့ကို မူလနေရာကို ပြန်ခိုင်းနေပါတယ်။ ဒါကြောင့် စစ်ပြေးဒုက္ခသည် သုံးထောင်လောက်ဟာ ပဋိပက္ခဖြစ်တဲ့နှစ်ဖက်ကြားမှာ ပိတ်မိနေပြီး၊ ဘယ်သွား ဘယ်လာရမှန်းမသိ အခြေအနေဆိုးဆိုးဝါးဝါးရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့က အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် အရေးကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့ပါတယ်။ လေ့လာသူတွေကတော အိန္ဒိယအတွက် မြန်မာနဲ့ ဆက်ဆံရေးဟာ အရေးကြီးပြီး အခုလက်ရှိဆွေးနွေးချက်တွေထဲမှာ တမူး-အင်ဖာလမ်းဆက်သွယ်ရေးဟာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ဆက်စပ်နေတာကြောင့်ခက်ခဲနိုင်ကြောင်း သုံးသပ်ပါတယ်။
အမေရိကန်ဝါရင့်သံတမန် Bill Richardson အကြံပေးအဖွဲ့ဝင် အဖြစ်က နှုတ်ထွက်ပြီး ပြောဆိုလိုက်တဲ့ ဝေဖန်ချက်တွေဟာ လုပ်ငန်းမစမီ ပြောတာဖြစ်တဲ့အတွက် စိတ်ခံစားမှုအရပြောဆိုတယ်လို့ ယူဆကြောင်း နဲ့ ရိုက်တာသတင်းထောက် ၂ဦးနဲ့ပတ်သက်လို့ ပြောဆို တာဟာလည်း အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရကတုံ့ပြန်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးမယ့် အကြောင်း ဒီကနေ့ပဲ တရားဝင်ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဒီလ ၁၅ရက်နေ့က ကျင်းပတဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို ဒီကနေ့ နေ့ခင်း၁၂နာရီခွဲလောက် ဖမ်းဆီးခဲ့ပြီး စစ်တွေထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာအစိုးရအကြား ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ ဒီကနေ့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရဖက်က တရက်ကို ဒုက္ခသည် ၃၀၀ လက်ခံ ဖို့နဲ့ ဒီလိုပြန်လည်လက်ခံရေးအစီအစဉ်ကို ၂နှစ်အတွင်း ဆောင်ရွက်ဖို့ သဘောတူညီပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံတတိယအစည်းအဝေးဟာ ဇန်နဝါရီလကုန်မှာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ မပြီးပြတ်သေးတာကြောင့်ဖြစ်နိုင်ခြေအလားအလာ နည်းပါးကြောင်း ညီလာခံဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အဓိကအချက် အနေနဲ့ကတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံပွဲတွေ ကျင်းပရာမှာ အခက်အခဲတွေ ရှိ နေတာကြောင့်လို့လည်း သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တဲ့ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး ဖြစ်ကြောင်း တပ်မတော်က စုံစမ်းစစ်ဆေးပြီး သတင်းထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာနိုင်ငံရေးသုံးသပ်သူတွေက ကြိုဆိုလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ နှစ်၇၀ပြည့် ကချင်ပြည်နယ်နေ့မှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေတာ ပြည်တွင်းစစ်ကြောင့်ဖြစ်ကြောင်းနဲ့ကချင်ပြည်နယ်နေ့ကို ရုံးပိတ်ရက် မသတ်မှတ်တဲ့အတွက် အားမလိုအားမရဖြစ်ရကြောင်း ကချင်နိုင်ငံရေးခေါင်းဆောင်တဦးက သုံးသပ်ပါတယ်။
ရှမ်းတိုင်းရင်းသားတွေအတွက် အမျိုးသားအဆင့်နိုင်ငံရေး အကြိုဆွေးနွေးပွဲတွေ လူထုတွေ့ဆုံပွဲတွေ ကျင်းပခွင့်မရတာကြောင့် လာမယ့် ၁၂ရက်နေ့မှာ လင်းခေးမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရက်ကို ယာယီရွေ့ဆိုင်းလိုက်ကြောင်း အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးစတင်ဖို့ နီးကပ်လာချိန်မှာ ကချင် ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA ရဲ့ တပ်စခန်း ၂၀ကျော်ကို အစိုးရတပ်မတော်က သိမ်းယူခဲ့ပါတယ်။
၂၀၁၈ ခုနှစ် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရင် လာမယ့်နှစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုမိုတိုးတက်လာနိုင်တယ်လို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောပါတယ်။
နယ်မြေဒေသမအေးချမ်းသေးတဲ့ ကချင်ပြည်နယ်က စစ်ရှောင်စခန်းတချို့မှာ ဒီနှစ်ကျရောက်တဲ့ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတွေကို စတင်ကျင်းပနေကြပြီး တချို့စခန်းတွေမှာတော့ ကျင်းပဖို့ ပြင်ဆင်နေကြဆဲရှိနေပါတယ်။ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတချို့ကတော့ စုပေါင်းကျင်းပကြသလို လူမှုကူညီရေးအသင်းအဖွဲ့တွေကလည်း စစ်ရှောင်စခန်းက ပြည်သူတွေအတွက် ကူညီလှုဒါန်းတာတွေ ရှိနေပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ တနိုင်းမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။မန်စီမြို့နယ် အတွင်းဖြစ်ပွား တဲ့ တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ဒုက္ခသည်တွေ မန်ဝိန်းကြီးဒေသဖက်ကို ထွက်ပြေးနေရပါတယ်။
ပိတ်ထားတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ- မိုင်းလားလမ်းကို ပြန်ဖွင့်နိုင်ဖို့ ပြည်နယ်အစိုးရက တပ်မတော်နဲ့ညှိနှိုင်းနေပါတယ်။ တနှစ်ကျော်ကြာပိတ်ထားခဲ့တာကြောင့် နယ်စပ်ဒေသကုန်သွယ်ရေးကျဆင်းခဲ့သလို ဒေသတွင်း ကုန်သည်တွေလည်း အခက်တွေ့နေတဲ့အတွက် ပြည်နယ်အစိုးရက လမ်းပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာအနီးက တပ်စခန်းတွေကို ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့ တရက်တည်းမှာ ကချင်ပြည်နယ်အတွင်း အနည်းဆုံး ပစ်ခတ်တိုက်ခိုက်တာတွေ ၄နေရာလောက်ဖြစ်ပွားခဲ့တယ်လို့ KIO ဖက်က ပြောပါတယ်။
တရုတ်နဲ့ မြန်မာ နှစ်ဖက် လူဝင်မှုကြီးကြပ်ရေးဌာနတွေရဲ့ သဘောတူညီချက်အရ လွန်ခဲ့တဲ့နှစ်လည်ကနေ ကနေ့အထိ ပြစ်ဒဏ်ကျခံရသူ မြန်မာနိုင်ငံသား ၁ သောင်းကျော်ကို တရုတ်နိုင်ငံဘက်က ပြန်လည် လွဲှပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအတွက် အကြံပေးအဖွဲ့ဖွဲ့စည်းလိုက်တာဟာ နိုင်ငံတကာအတွက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာနိုင်ကြောင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌက ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ဒေသဖွံ့ဖြိုးရေးခရီးစဉ်အတွင်း ဒီကနေ့မနက် အမ်းကနေစစ်တွေအလာ မြေပုံမြို့နယ် ယောချောင်းတံတားအနီးမှာ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းပြီးနောက် မိုင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းပြီး ၁နာရီလောက်အကြာမှာ ပေါက်ကွဲတာဖြစ်ပြီးတပ်မတော်ယာဉ်တန်းဖြတ်သန်းချိန်မှာ ပေါက်ကွဲတာကြောင့် တပ်မတော်သားအချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်