တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး NCCT ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆက်လက်ဆွေးနွေးဖို့ မကြာခင် ရန်ကုန်ကို သွားရောက်ဖို့ရှိပါတယ်။
ပျောက်သွားတဲ့မလေးရှားလေကြောင်းလိုင်းရှာဖွေမှုကို မြန်မာနိုင်ငံမှာ ပါဝင်လာပြီး မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်အပြင် လေပြင်ပိုင်နက်မှာလည်း အိန္ဒိယနဲ့ အမေရိကန်လေယာဉ်တွေ ဝင်ရောက်ရှာဖွေနေကြပါတယ်။
ဖားအံမြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အကြိုညှိနှိုင်းနေကြရာမှာ အပစ်ရပ်ရေး ကြန့်ကြာနေတဲ့အချက်တွေကို ဆွေးနွေးမှုဟာ အရေးပါတဲ့အကြောင်း ပါဝင်တက်ရောက်သူတွေက ဗွီအိုအေကို ပြောပါတယ်။
ကချင် KIO နဲ့ မြန်မာအစိုးရကြား အပစ်ရပ်စဲရေးပျက်ပြားပြီး ၃ နှစ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတဲ့ကာလအတွင်း တရုတ်နိုင်ငံက ပထမဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၈ သိန်း၊ ၂ သောင်း၊ ယွမ်ငွေအားဖြင့် ၅ သိန်းဖိုး လူသားချင်းစာနာမှု အကူအညီတွေ စတင်ပေးဝေနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေအပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို မေးမြန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး - လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောဆိုပါတယ်။
KNU ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်းအတွင်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စတုတ္ထမြောက်နေ့ အစည်းအဝေးမှာ အပစ်ရပ်ဆွေးနွေးပွဲတွေ မတိုင်ခင် တိုင်းရင်းသားတွေဘက်က တင်ပြမယ့် အဆိုပြုချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး လက်ရှိအစိုးရက အရင်အစိုးရလိုပဲ သဘောထား မပြောင်းဘူးလို့လည်း ပြောသွားခဲ့ပါတယ်။
အစိုးရလုပ်ငန်းတွေ ရပ်တန့်သွားအောင် ဆန္ဒပြဖို့ စီစဉ်ထားတဲ့ ဒီတနင်္လာနေ့မှာ စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးလာရသလို နိုင်ငံခြားသား ခရီးသွားတွေကို မှီခိုနေရတဲ့ တည်းခိုခန်းလို စီးပွားရေးလုပ်ငန်းတွေမှာလည်း ထိခိုက်လာနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း PSLF ရဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား စနေနေ့ကအထိ တိုက်ပွဲတွေဖြစ်နေခဲ့ပြီး ဒီအခြေအနေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို နှောင့်နှေးနိုင်တယ်လို့ PSLF ပြောခွင့်ရသူက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်က တပ်သားသစ်စုဆောင်းရာမှာ အသက်မပြည့်သေးတဲ့ ရှမ်းကလေးငယ်တွေ ပါဝင်နေတဲ့အတွက် နာမည်စာရင်းနဲ့တကွ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အစိုးရအဖွဲ့အစည်းတွေဆီကို တင်ပြသွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ သို့မဟုတ် အသစ်ရေးဆွဲရေး ပြည်သူ့သဘောထားကောက်ခံပွဲကို တိုင်းတွင်း ၂၈ မြို့နယ်က လူဦးရေ သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ပြည်သူကြား ပြန်လည်ရင်ကြားစေ့ရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာ တတိယပတ်မှာ ကျင်းပဖို့ ရှိနေကြောင်းနဲ့ ဒီညီလာခံမတိုင်ခင်မှာ ကရင်အမျိုးသားအစည်းအရုံး KNU က တိုင်းရင်းသားတွေဘက်က ရေးဆွဲထားတဲ့ မူကြမ်းကို ၅ ရက်ကြာ လေ့လာသုံးသပ်ခဲ့ကြကြောင်း KNU ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ဝန်ကြီးချုပ်ကိုနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအတွင်း လူသေဆုံးမှုတွေ ဖြစ်ခဲ့ရတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ မြန်မာသံအမတ်ကြီးက သတိပေးလိုက်ပါတယ်။
ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေး သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်၊ ကမ္ဘာ့ AIDS နေ့မှာ ကျင်းပတဲ့ ညီလာခံကနေ - HIV/AIDS ဝေဒနာရှင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုလိုက်ပါတယ်။
တနိုင်ငံလုံးအပစ်ရပ်ရေး လက်မှတ်ထိုးတဲ့အခါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးဖို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးဆွေးနွေးကြဖို့ ပြည်တွင်းပြည်ပ မီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတရပ်ကို မကြာခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပဖို့ှိပါတယ်။
ရခိုင်ခရီးစဉ်အတွင်း - OIC အဖွဲ့ဟာ ထောင်နဲ့ချီတဲ့ ရခိုင်ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရသလို၊ ရန်ကုန်မှာလည်း လူပေါင်းရာနဲ့ချီပြီး OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ကြိုးပမ်းနေချိန် ကချင်ပြည်နယ်အတွင်း ကြိုကြားဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ထဲက တိုက်ပွဲတွေဖြစ်ခဲ့ပြီး အခြေအနေတွေ ပြန်ငြိမ်လာပြီဖြစ်ပေမဲ့ ရွာသားတွေကို စစ်ဆေးတာ၊ ဖမ်းဆီတာတွေ ရှိနေတဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။
အမေရိကန်အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေရတဲ့အခြေအနေကြောင့် မြန်မာဒုက္ခသည်တွေ အမေရိကန်အခြေချနေထိုင်ခွင့်၊ အမေရိကန်ပြည်ဝင်ခွင့်ကံစမ်းမဲအစီအစဉ်တွေကိုပါ ဂယက်ရိုက်ခတ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်