ကုလသမဂ္ဂကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲကနေ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကိုရှောင်ရှားနိုင်ရေး မူကြိုသင်ရိုးညွှန်းတမ်းပြဌာန်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ကျောင်းကုန်းမြို့နယ်မှာ ဖြစ်တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပေမဲ့ အခြေအနေကို ထိန်းသိမ်းတဲ့အနေနဲ့ လုံခြုံရေးတိုးမြှင့်ချထားဆဲဖြစ်ပါတယ်။
"သူတို့ဘက်ကလည်း ညီမတို့ ကျေနပ်လောက်တဲ့အထိ ကတိကို ပေးတဲ့အတွက် ကျမတို့ ဒီသပိတ်စခန်းကို ပြန်ပြီး ရုပ်သိမ်းတာပါ။ ညီမတို့ကို ပေးသွားတဲ့ကတိကတော့ ညီမတို့ အခု ဖြစ်နေတဲ့ကိစ္စမှာ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတယ်"
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရခိုင်ပြည်နယ်မြို့နယ်ပေါင်း ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်ဒေသခံရခိုင်မိသားစုတွေကို ရန်ကုန်-နိုင်ငံတကာစီးပွားရေးစင်တာ IBC မှာ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ အစိုးရအနေနဲ့ အခြေခံမူတွေကို အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မွန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။
"ကိုယ့်ကို တန်ဖိုးထားအောင်ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ယူရမယ်။ ကိုယ့်နိုင်ငံကိုချည့်ပဲ အပြစ်ဖို့လို့ မရဘူး။ ငါတို့နိုင်ငံက မျက်နှာငယ်လို့ ငါတို့ မျက်နှာငယ်တယ်လို့စိတ် ထားမဲ့အစား ငါတို့နိုင်ငံ မျက်နှာမငယ်အောင်လို့ ငါတို့လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေတော့ မွေးမြူဖို့ လိုပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်၊ စင်ကာပူ-မြန်မာမိသားစုနှင့်တွေ့ဆုံပွဲမှ)
စစ်အစိုးရရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြင်ဆင်နိုင်ရေး NLD ပါတီနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပေါ် စင်ကာပူရောက် မြန်မာပြည်သားတွေက ဘဝအခြေချနေထိုင်ခွင့်အတွက် မျှော်လင့်မှုတွေလည်း ရှိနေကြပါတယ်။
ဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်ရေလျှံတဲ့အတွက် မန္တလေးတိုင်းမှာ ထောင်နဲ့ချီတဲ့အိမ်တွေ ရေနစ်မြုပ်ခဲ့ရပြီး ကူညီကယ်ဆယ်ရေးလည်း လုံလောက်အောင် မရဘဲဖြစ်နေသလို မြို့နယ်နဲ့ရွာတွေက စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။
ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပရပ်ဂ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေ အတွေ့အကြုံဖလှယ်ပွဲဖြစ်တဲ့ Forum 2000 အခမ်းနားကို ဒေါ်အောင်ဆန်းစုကြည် ဒီနှစ်တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီတို့ ချင်းမိုင်မြို့မှာ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လူမျိုးရေးပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတဦး ရွှေဘိုဆေးရုံကြီးမှာ ဝမ်းလျှောကွယ်လွန်သွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့ပြီး ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
“နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲ့ဒီ နိုင်ငံရေး ဆွေးနွေးပွဲ မပေါ်ပေါက်ခင်မှာ တိုင်းရင်းသားတွေဘက်က ဒီမိုကရေစီရေး၊ တန်းတူညီညွတ်ရေး ရရှိဖို့၊ နောက် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ဖို့၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ဖို့ပေါ့နော်"
(၈) လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ် ငြိမ်းချမ်းစွာလမ်းလျှောက်ခဲ့ကြတချို့အပေါ် စစ်ဆေးမေးမြန်းမှု၊ စွဲချက်တင်မှုတွေကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ကန့်ကွက်လိုက်ပြီး ဒါတွေကို ကြည့်ခြင်းအားဖြင့် အစိုးရအတွင်း အထက်နဲ့ အောက်ခြေအဆင့်တွေမှာ ကွာဟချက်တွေရှိနေတာကို မီးမောင်းထိုးပြနေတယ်လို့ ပြောလိုက်ပါတယ်။
မန္တလေးမြို့ ၈ လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကနေ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတော် အောက်မေ့ဖွယ်နေ့ တနေ့ အဖြစ် တရားဝင် သတ်မှတ်ပြဌာန်းပေးဖို့ အပါအဝင် မူ ၃ ချက်ကို ချမှတ်ခဲ့ပါတယ်။
ရေဘေးဒုက္ခကြုံနေရချိန်မှာ ဝမ်းလျှောဝမ်းပျက်ရောဂါမဖြစ်ရအောင် သောက်သုံးရေသန့်ရှင်းဖို့၊ ပူနွေးတဲ့အစားအသောက်တွေစားဖို့၊ အညစ်အကြေးစွန့်တာ စနစ်တကျရှိဖို့တွေကို လိုက်နာဖို့ လိုကြောင်း ကျန်းမာရေးဝန်ထမ်းတွေက သတိပေးထားပါတယ်။
၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို တက်ဖို့ နိုင်ငံတော်အစိုးရ အာဏာပိုင်တွေနဲ့ လွှတ်တော် တာဝန်ရှိသူတွေ အပါအဝင် အဖွဲ့အစည်းပေါင်းစုံကို ဖိတ်ကြားခဲ့တာဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ဦးတည်ချက်ဖြစ်တယ် လို့ ငွေရတုအထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။
"ကားအသွားအလာကတော့ မရှိတော့ဘူးခင်ဗျ။ ဇုံမှာဆိုရင် ဘယ်လိုပြောရမလဲ ကုန်သွယ်မှု လုံး၀ ရပ်သွားပြီ။ မြို့ထဲနဲ့လည်း ကျနော်က သွားလို့မရဘူး။ ပြတ်နေ တယ်။ ဥပမာ ကျနော်တို့ ကော့ကရိတ်နဲ့လည်း လမ်းမှာ တောင်ပြိုတဲ့နေရာတွေ တော် တော်များတယ်ပြောတယ်"
ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြို့ကြီးတစ်ခုကို သုတေသနပညာရှင်တွေ စတင် တွေ့ရှိခဲ့ပါတယ်။
စီးပွားရေးနဲ့ နိုင်ငံအချင်းချင်းကြား ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးရည်ရွယ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ် အောင်မြင်ကြောင်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်