ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကအနေနဲ့ထားပြီး၊ တောင်ပိုင်းနယ်စပ်မှာ သူ့အခေါ် "မကြုံစဖူးအမိန့်" တစ်ခုကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ပြင်သစ်နိုင်ငံကနေ ကမ်းခြေစောင့် ကင်းလှည့်အမြန်ရေယာဉ် ၄၀ ဝယ်ယူမယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီနေ့ပြောလိုက်ပါတယ်။ အဲဒီထဲက တချို့ကိုတော့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ထားသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်း တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံနဲ့ စီးပွားရေးစင်္ကြန် တည်ဆောက်ရေးလုပ်ငန်းတွေကို တိုးမြှင့်သွားဖို့အဆင့်သင့်ဖြစ်နေကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချောင်န်က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA အဖွဲ့က ဂွမြို့နားအထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အကဲခတ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Republican ပါတီက Donald Trump အနိုင်ရခဲ့တာနဲ့ပတ်သက်လို့ ဝါရှင်တန်မြို့တော်အချိန်မနက် ၁၁ နာရီကျရင် သမ္မတ Biden က ဒီနေ့ည မိန့်ခွန်းပြောဖို့ရှိပြီး သမ္မတအဖြစ်အရွေးခံရတဲ့ Donald Trump ကို မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတ Biden က ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
တရုတ်မှာကျင်းပတဲ့ ဒေသတွင်းအစည်းအဝေးဘေးပန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးခြား တံခါးပိတ်ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းလာစေရေး ထိုင်းနိုင်ငံက စိတ်ကောင်းစေတနာနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းသတင်းထောက်တွေကို ဒီနေ့ ပြောခဲ့ပါတယ်။
ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်ရန်တွေကို အမေရိကန်သမ္မတသစ်နဲ့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုလားတယ်လို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းကပစ်မှတ်တွေကို ဒီနေ့ ကြာသပတေးနေ့မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ နိုင်ငံတကာလေဆိပ်နားမှာနေသူတွေကို ဘေးလွတ်ရာသွားကြဖို့
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအနေအထားနဲ့ သင့်တော်ရာ ရွေးချယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်က အမြဲတမ်းထောက်ခံတယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားရဲ့ မြို့တော်အသစ်ကို ဘော်နီယိုကျွန်းပေါ်မှာ ဒေါ်လာ ၃၂ ဘီလီယံ အကုန်ကျခံပြီး စတင်ဆောက်လုပ်နေပါပြီ။ ဒါပေမယ့် မြို့တော်သစ်အတွက် နေအိမ်တွေကနေ အပြောင်းရွှေ့ခံရသူ တချို့ကတော့ အခုလို အမြန်ဆောက်လုပ်နေတာကို စိုးရိမ်နေကြတာပါ။ ဒီအကြောင်း ဒေါ်ခင်မျိုးသက် ပြောပြထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နဲ့ တွေ့ဆုံချိန် MNDAA ၊ TNLA၊ AA ညီနောင်မဟာမိတ်(၃) ဖွဲ့ က တရုတ် ကြားဝင်စေ့စပ်ပေးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး မြို့ရွာတွေကိုတိုက်ခိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်း မြို့ရွာတွေနဲ့ ဘက်ကာ တောင်ကြားကို ဗုဒ္ဓဟူးနေ့မှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တဲ့ အတွက် ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။
အောက်လွှတ်တော်က အမတ်နေရာ ၄၃၅ နေရာအတွက် လာမယ့် ၂ နှစ်သက်တမ်း မှာ ဘယ်သူရမယ်ဆိုတာတော့ မဲတွေ ရေတွက်ဆဲမို့ အဖြေ မထွက်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်က အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားသလို ဒီမိုကရက်တွေ က အောက်လွှတ်တော်ကို ထိန်းချုပ်ထားတာပါ။
အမေရိကန် နိုင်ငံရေးသမိုင်းမှာ ထူးထူးခြားခြားပဲ သမ္မတဟောင်းဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ကင်မလာဟဲရစ်ကို အနိုင်ရပြီး ၄ နှစ်အကြာမှာ သမ္မတတာဝန်ကို ပြန်ထမ်းဆောင်သူဖြစ်တာတာပါ။
သမ္မတ Joe Biden ဟာ ရွေးချယ်ခံသမ္မတ Donald J. Trump ကို ဖုန်းခေါ်ပြီး ၊ ရွေးကောက်ပွဲမှာ သူအနိုင်ရတာကို ချီးကြူးဂုဏ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ Trump စည်းရုံးရေးအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။
ချီလီနိုင်ငံမှာ ကွန်ပျူတာနဲ့ ထိန်းချုပ်ပြီး ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံထားတဲ့ ကွန်ကရစ် အလွှာအထပ်ထပ်လောင်းပေးတဲ့ AI ဉာဏ်ရည်တု ပုံနှိပ်စက်ရုပ်ကို ချီလီ တက္ကသိုလ်အဖွဲ့တဖွဲ့က အသုံးပြုဆောက်လုပ်နေပါတယ်။ ဒီစက်သုံးပြီး တည်ဆောက်ထားတဲ့ အိမ်ဟာ လက်တင်အမေရိကနိုင်ငံရဲ့ ပထမဦးဆုံး 3D ကွန်ကရစ်လောင်းအိမ် ဖြစ်ပါတယ်။
အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် စူးစမ်းနေကြတဲ့ ဂျပန်သိပ္ပံပညာရှင်တွေဟာ တာရှည်ခံသစ်သားနဲ့ ဂြိုဟ်တုသေးလေးတည်ဆောက်ပြီး အမေရိကန်ပြည်ထောင်စု နာဆာရဲ့ ကနေဒီ အာကာသစခန်းကနေ အာကာသထဲကို ၂၀၂၄၊ နိုဝင်ဘာလ ၄ ရက်နေ့က ဒုံးပျံယာဉ်ထဲထည့် လွှတ်တင်လိုက်ကြပါတယ်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဒုသမ္မတ ဟဲရစ်က တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ထရမ့်အနိုင်ရတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သလို သမ္မတဘိုင်ဒန်ကလည်း ဗုဒ္ဓဟူးနေ့ မှာပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို ဆက်သွယ်ပြောကြားဖို့ရှိတယ်လို့ သူ့လက်ထောက်တွေက ပြောပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း Donald Trump အနိုင်ရပြီလို့ ကနဦး ကြေညာချက် ထွက်လာပါတယ်။ သူ ဒုတိယအကြိမ် သမ္မတဖြစ် ထပ်ပြီးတာဝန်ယူတဲ့အချိန် ဘာတွေ လုပ်နိုင်သလဲ၊ အရင်မူဝါဒတွေနဲ့ လက်ရှိရပ်တည်ချက်တွေကို သုံးသပ်ပြီး VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်